Friday, November 16, 2012

အိုဘားမား ခရီးစဉ် အောင်ပွဲခံဖို့ မဟုတ်

ဧရာဝတီ

အမေရိကန် သမ္မတ အိုဘာမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ “အောင်ပွဲခံ”ဖို့ မဟုတ်ဘူးလို့ ဝါရှင်တန်က အိမ်ဖြူတော်အရာရှိတွေကကြာသပတေး နေ့မှာ ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော် အရာရှိတွေက မြန်မာနိုင်ငံမှာ အရေးပေါ် လုပ်ဆောင်စရာတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့နဲ့ရခိုင် ပြည် နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်းတွေကြား တင်းမာမှုတွေကို ရပ်ဆိုင်းဖို့လိုနေတယ် လို့ ပြော ပါ တယ်။


တချိန်တည်းမှာ ကချင် အဖွဲ့ ၃၄ ဖွဲ့ စုစည်းထားသည့် ကချင် မဟာမိတ်အဖွဲ့ (Kachin Alliance) က သမ္မတ အိုဘားမား ခရီးစဉ်ဟာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေတဲ့ မြန်မာအစိုးရကို အသိအမှတ်ပြုရာရောက်ပြီး ရွာပုန်းရွာရှောင် ဒုက္ခသည်များအရေးနဲ့ ကု လသမဂ္ဂ အခန်းကဏ္ဍကို လျော့ကျစေနိုင်ကြောင်း၊ တိုင်းရင်းသား လူနည်းစုများအရေး မှေးမှိန်စေနိုင်တယ်လို့ အိတ်ဖွင့်ပေးစာ ပို့ထား ပါတယ်။

ဒါပေမယ့် သမ္မတ အိုဘာမားရဲ့ မြန်မာခေါင်းဆောင်တွေ အပေါ် ပုဂ္ဂိုလ်ရေး တောင်းဆိုချက်တွေဟာ မြန်မာ့ ဒီမိုကရေစီ အပြောင်း အလဲ တွေ ပိုဖြစ်လာဖို့ အတွက် ဖြစ်တယ်လို့ အိုဘားမားရဲ့ အာရှရေးရာ ထိပ်တန်းအကြံပေး ဒန်နီရပ်ဆဲလ်က ဆိုပါတယ်။

“မြန်မာ ခေါင်းဆောင်တွေ လမ်းမှန်ပေါ် ခြေချနိုင်ခဲ့ပြီလို့ ကျနော်တို့ ယုံကြည်တဲ့ အရေးကြီးတဲ့အချိန် ရောက်ပါပြီ။ သူတို့ ရှေ့ဆက်လှမ်း နိုင် ရေး တိုက်တွန်းဖို့ အချိန်ကို လက်မလွှတ်သင့်ဘူးလို့ ကျနော်တို့ အရေးတကြီး ထင်မြင်ယူဆပါ တယ်” လို့ မစ္စတာဒန်နီရပ်ဆဲလ်ကသ တင်း ထောက်တွေကို ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘာမားဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မှာ ရန်ကုန်မြို့ကို ရောက်လာမှာဖြစ်ပြီး ၆ နာရီကြာ နေမယ်လို့ သိရပါတယ်။ ဖ နွမ်း ပင်မှာ အာဆီယံထိပ်သီးအစည်းအဝေးကို သတင်းယူဖို့ ရောက်နေတဲ့ သတင်းထောက်တွေဆီ ပေါက်ကြားလာတဲ့ သတင်းအရအို ဘားမား ဟာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အဆောက်အဦမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မယ်၊ ပြီးရင် ဒေါ်အောင်ဆန်းစု ကြည်အိမ်သွား မယ်၊ နောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို သွားပြီး ဖိတ်ကြားခံထားရတဲ့ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမိန့်ခွန်းပြော မယ် လို့ သိရပါတယ်။

အာဆီယံအစည်းအဝေး တက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန် နိုဝင်ဘာ ၁၉ မှာ ရန်ကုန် ခဏ ပြန်ပြေးပြီး အမေရိကန် သမ္မတနဲ့ တွေ့မယ်လို့လည်း သိရပါတယ်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ မြန်မာနိုင်ငံ သမ္မတရုံးအင်တာနက်စာမျက်နှာ မှာ ဖော်ပြရာမှာတော့ “သ မ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အ ရ” အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို “အလုပ်သဘောခရီး လာရောက် လည်ပတ်”မှာလို့ ဖော်ပြပေမယ့် ဘယ်လိုအလုပ် သဘောလဲဆိုတာ အသေးစိတ် ရှင်းလင်းထားခြင်း မရှိပါဘူး။

အိုဘားမားဟာ မနက်ဖြန် စနေနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆိုက်ရောက်လာမှာ ဖြစ်ပြီး တနင်္လာနေ့မှာ မြန်မာ၊ အင်္ဂါနေ့မှာ ကမ် ဘော ဒီးယားနိုင်ငံတို့ကို ခရီးဆက်ပါမယ်။

No comments: