Tuesday, November 13, 2012

တကျော့ပြန် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း နိုင်ငံတကာအစ္စလာမ်အသင်းများသွေးထိုးလှုံ့ဆော်မှုရှိ

မင်းသွီး

အောက်တိုဘာလအတွင်း တကျော့ပြန်လည်ဖြစ်ပေါ်လာသော ဘင်္ဂလီ-ရ ခိုင် အဓိကရုဏ်းသည် နိုင်ငံ တကာနှင့် မြန်မာနိုင်ငံအတွင်းက အစ္စလာမ် ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုး သားဒီမိုကရေစီအဖွဲ့ချူပ်(ALD) ဥက္ကဌ ဦးအေးသာ အောင်က သုံးသပ် ပြောဆိုလိုက်သည်။

ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအပြီး အစ္စလာမ် နိုင်ငံများအသင်း(OIC) မြန်မာနိုင်ငံအတွင်း ရုံးစိုက်လာမည်ကို ပြည်သူလူ ထုနဲ့ ရဟန်းသင်္ဃာများ ကန့်ကွက်ခဲ့ကြရာမြန်မာအစိုးရမှလည်း OIC ရုံး ဖွင့်လှစ်ခွင့်ကို ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာ ရသော ပဋိပက္ခ ဖြစ်သည်။

"ဒီတကျော့ပြန် ပြဿနာက OICကိုလက်မခံတော့ဘူး ကြေငြာလိုက်တဲ့ နောက်ပိုင်း ဖြစ်လာရတဲ့ ပြဿ နာဖြစ်တယ်။ နောက်တစ်ချက်က ပထမ တစ်ကြိမ်ဖြစ်သွားတဲ့ ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က ဒုက္ခသည်စခန်း ကို ရောက်သွားကြတယ်။ တစ် ချို့မြို့တွေမှာကျတော့ ဘင်္ဂလီ တွေဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာသူ တို့ဟာ ဒုက္ခသည် စခန်း တွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့ ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာဒေသတွေမှာ ဒုက္ခသည်စခန်း တွေ ဖွင့်လှစ် လာမယ် ဆိုရင် အလုပ်မလုပ်ဘဲ စားရေး သောက်ရေးအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူအညီတွေလည်း ရလာနိုင်တဲ့ဆိုတဲ့ အချက်နှစ်ချက်ပါ။

နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို သွားရောက်လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုးအိမ် ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း မီးရှို့ပြီးတော့ ဒီဒုတိယအကြိမ် ပဋိပက္ခကို ဖန်တီးနေတာကိုတွေ့ရတယ်။ ဘာလို့လည်းဆိုတော့ OIC အပါအ၀င် နိုင်ငံတကာတွေကနေ အခွင့်အလမ်းတစ်ခုရအောင် နောက်ထပ်ဒီလိုအရေးအခင်း တစ်ခု ကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာ အောင်က သုံးသပ်ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့တိုင်းတွင် ယခုကဲ့သို့ ပဋိပက္ခပြဿနာများဖြစ်ပေါ်လာအောင် နိုင်ငံတကာရှိ အစ္စလာမ်အသင်း အဖွဲ့များက ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော ဘင်္ဂလီများအား အဆက်အသွယ်ပြုလုပ်ပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ ကြောင်း ရမ်း ဗြဲမြို့တွင် စတင်မီးရှို့ခဲ့သော ကမန်အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိစဉ် စစ်ဆေးမေးမြန်းချက် များ အရ သိရှိခဲ့ရ သည် ဟု ဆိုသည်။

No comments: