Friday, November 2, 2012

ရမ်းဗြဲမြို့နယ်တွင် ရခိုင်တစ်ဦး သတ်ဖြတ်ခံရ

ဖြူစင်သူ

ရမ်းဗြဲမြို့ ရမ်ဘောက်ကုန်တိုက်နယ် ရွေကျေးရွာတွင် နိုဝင်ဘာလတစ် ရက်နေ့ နံနက်(၁၁)နာရီခန့်က ရခိုင်တစ်ဦး သတ်ဖြတ်ခံခဲ့ရ ကြောင်း ဒေ သခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ သတ်ဖြတ်ခံရသူမှာ ဦးမြထွန်း(၅၂)နှစ်ဖြစ်ပြီး သူ၏(၁၀)နှစ်သား အရွယ်မြေးဖြစ်သူနှင့် ကွမ်းခင်း စောင့်နေစဉ် ဘင်္ဂလီ(၄)ဦးလာ ရောက် ကာ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်နေတာကိုတွေ့မြင်ရတဲ့အတွက် ကြောက်လန့်တကြား ထွက်ပြေးလွတ်မြောက်လာသည့် သူ၏ မြေးပြော ပြ ချက်အရ သိရသည်။

"ကျနော်နဲ့ ကျနော်အဖိုး ကွမ်းခင်းစောင့်နေတဲ့အချိန်မှာ ဘင်္ဂလီ(၄)ဦး ရောက်လာတယ်။ သူတို့က အဖိုးကို ဝိုင်းပြီးတော့ ဖမ်းတယ်။ အဲဒီအချိန် မှာ ကျနော်ပြေးပြီးတော့ အိမ်က မိသားစုနဲ့ ရွာသားတွေကို ပြောပါတယ်။" ဟု ထွက်ပြေးလွတ်မြောက်လာသည့် ကလေးငယ်က ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ခဲ့သော ဒေသခံတစ်ဦး က "အ သတ်ခံရတဲ့နေရာက သူ့ကွမ်းခင်း အနားမှာပါ။ သူက ကွမ်းခင်း လုပ် တာဖြစ်တယ်။ ကွမ်းခင်းက ရွာနဲ့(၂)မိုင်နီးပါးလောက်ဝေးတယ်။ အသတ် ခံရတာက လုံးဝ ရက်ရက်စက်စက်ဘဲ။ လည်ပင်းကို ထက်ခြမ်းပြတ်အောင် လှီးခဲ့တာ။ ဘင်္ဂလီတွေရဲ့ စကားအရဆိုရင် လူကို ဟာလာလုပ် တာဘဲ။ အဲဒီ ခေါင်းပြတ်ပေါ်မှာ ဦးထုတ်တစ်လုံး ချုပ်ပြီး တော့ ထားခဲ့တယ်" ဟု Arakantimes သို့ ပြောကြားသည်။

အဆိုပါ တရားခံများမှာ ရမ်းဗြဲမြို့မှ လူနေအိမ်များကို မီးရှို့ထွက်ပြေးတိမ်းရှောင်နေပြီး ဒေသခံရခိုင်များအား အလိုက်ချောင်းတိုက်ခိုက်ရန် တော ခိုနေကြသော ဘင်္ဂလီများဖြစ်သည်ဟု ပြောဆိုနေကြသည်။

ယခုကဲ့သို့ ရက်စက်စွာလည်ပင်းဖြတ် သတ်ဖြတ်ခံရသည့် ဦးမြထွန်း ဖြစ်ရပ်ဖြစ်ပေါ်လာသည့်အတွက် ဒေသခံ ရွာသူ/ရွာသားများမှာ လုံခြုံ ရေး ကို အထူးစိုးရိမ်နေကြောင်းနှင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးစေ လို ကြောင်း ပြောသည်။

အောက်တိုဘာလ(၂၁)ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအတွင်း သေဆုံးသူဦးရေမှာ (၉၀)ဦးရှိသွားပြီဖြစ်သည်။ အ စိုးရမှ မငြိမ်သက်မှုများအား ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်ဖြေရှင်းနေသော်လည်း ယခုလို သေဆုံးခဲ့ရမှုမှာ ရခိုင်ဒေသအ တွက်လုံ ခြုံ တည်ငြိမ်မှု အပြည့်အ၀မရှိသေးကြောင်း မီးမောင်းထိုးပြနေပေသည်။

No comments: