Friday, November 2, 2012

ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ

admin

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းသည် ကုလားတန် ကုန်သွယ်ရေး လမ်း ကြောင်းအထိ ထိပါးလာပြီဟု ချင်းလူမျိုး စက်လှေကုန်သည် တဦး က ပြော သည်။

“ ရခိုင်ပြည်နယ်ကနေ စီးပွားဖြစ် အဓိကတင်ပို့လာတဲ့ ၀က်ကုန်သည် တွေဟာ ရခိုင်ပြည်နယ်ထဲကို မ၀င်ရဲကြတော့ဘူး၊ ကျတော်တို့ ရ ခိုင်နဲ့ ချင်း စီးပွားရေးသမားတွေအင်မတန်ထိခိုက်တယ်” ဟု ၀က်ကုန်သည် ပက်ထရစ်က ယနေ့ပြော သည်။

ကုလားတန်မြစ်ကြောင်းပေါ်စီးပွားရေးသမားများသည်ရခိုင်ပြည်မြောက် ပိုင်း လက်ရှိ အဓိကရုဏ်းဖြစ်ပွားနေသည့်ဒေသမှဝက်များကိုချင်း တောင် နှင့် မီဇိုရမ်နယ်စပ်သို့ တင်ပို့ရောင်းချကြသော်လည်း လက်ရှိ ရပ်တန့်လိုက်ပြီဖြစ်သည်။

“ တလမှာ အနည်းဆုံး ၀က်ကောင်ရေ ၂၀၀ လောက်ဝင်တာ ၊ အခု လုံခြုံ ရေးကြောင့် မသွားလာ ရဲကြတော့ဘူး” ဟု ဆက် ဆိုသည်။ ကုလားတန် မြစ်ကြောင်းပေါ်တွင် စက်လှေ အစီးရေပေါင်း ၂၀ ခန့်သည် အဓိကအား ဖြင့် ၀က်ကို တင်ပို့ ရောင်းချကြသည်။

ရခိုင်အဓိကရုဏ်းသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းလမ်းကြောင်းပေါ်သို့ တွန်းတင်နေ ဟန်ရှိပြီးနိုင်ငံ ရေးပြ သာနာ အသွင်သဏ္ဍာန် တခုအဖြစ် ဖန်တီးနေဟန်ရှိသည်ဟု ယူဆကြောင်း ရခိုင်ပြည်သူလူထု တရပ်လုံး၏ လုံခြုံရေး ကိုခြိမ်း ခြောက်နေသည့် လုပ်ရပ်များကို အမျိုး သားအကျိုးစီးပွား အခြေခံအောက်မှကာကွယ် သွားနိုင်ရေးအ တွက် တတ် နိုင်သည့် ဖက်မှ ပြည်သူလူထုတရပ်လုံးနှင့် အတူလက် တွဲတိုက်ပွဲဝင်သွားမည်ဟု Arakan National Council မှ အောက် တိုဘာ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ စစ်တပ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်သည့် ပြဋ္ဌာန်းချက်များ အတိုင်း ရခိုင်ပြည် အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ ပိုမိုလွှဲ အပ်ထားကြောင်း သတင်းများအရ သိရသည်။

“ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်တပ်က စစ်တပ်နေရာမှာပဲ ရှိနေသင့်တယ်၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးပိုင်း ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကပဲ ကိုင်တွယ်ဖြေရှင်းကြဖို့ပါ” ဟု ANC အထွေထွေအတွင်းရေးမှူး ကို ထွန်းဇော် က ခိုနုမ်းထုန်ကို ပြောသည်။

အဓိကရုဏ်းကြောင့် ရခိုင်မိဘပြည်သူတချို့သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ သားသမီးများအား ကျောင်း ပို့ထားကြ ကြောင်း ဘင်္ဂလီလူမျိုးများသည်လည်း အိန္ဒိယ – မြန်မာနယ်စပ် တမူး၊ မိုးရေး ကလေးမြို့ဖက်မှ မြန်မာပြည် တွင်းသို့ ခိုးဝင်နေကြ သည် ဟု လည်း သ တင်းများက ဆိုသည်။

No comments: