Tuesday, November 6, 2012

ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ခေါင်းဆောင် ရာမူး မီးရှို့ ဖျက်ဆီးခံ လိုက်ရသော ဘုန်း ကြီးကျောင်းများကို စစ်ဆေးမည်

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ဘီအမ်းပီ ပါတီ ခေါင်းဆောင် ယခင် ၀န်ကြီးချုပ်ဟောင်း ခါလစ်ဒါဇီယာသည် လာမည့် စနေနေ့တွင် ရာမူး သို့ သွားရောက်ပြီး မီးရှို့ ဖျက်ဆီးလိုက်ရသော ဘုန်းကြီးကျောင်းများကို သွားရောက် ကြည့်ရှု့ စစ်ဆေးမည်ဟု သတင်း ရရှိသည်။

အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာသည် သောကြာနေ့တွင် ဒက္ကားမြို့မှာ မော်တော်ကား များနှင့် ထွက်ခွာမည် ဖြစ်ပြီး စစ်တကောင်း တွင် ညအိပ်ကာ စနေနေ့ နံနက်တွင် ရာမူးမြို့ ရောက်ရှိမည် ဖြစ်ကာ ဖျက်ဆီး မီးရှို့ခံလိုက် ရသော ဘုန်းတော်ကြီးကျောင်း များ ကို စစ်ဆေး ကြည့်ရှု့မည် ဖြစ်သည်။

ရာမူးမြို့တွင် နေ့လည်ဘက်၌ လူထု အစည်းအဝေး တစ်ခုကို ပြုလုပ်သွားမည် ဟု ဆိုသည်။

ရာမူး (ပန်းဝါ)မြို့နှင် တခြား ဒေသများတွင် ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်း မီးရှို့ခံရမူနှင့် ပတ်သက်ပြီး အစိုးရနှင့် အတိုက်အခံ ပါတီ အကြားတွင် တဘက်နှင့် တဘက် အပြန်အလှန် အပြစ်ပုံချမူများ ဖြစ်ပေါ်နေပြီး လူနည်းစုများ အပေါ် ကာကွယ် စောင့်ရှောက်မူနှင့် ပတ် သက် ပြီး အပြန်အလှန် စွပ်စွဲ ပြောဆို နေကြသည်။

ဘင်္ဂလာဒေခ်ျ့ တွင် လာမည့် နှစ် ၂၀၁၃ ၌ အထွေထွေရွှေးကောက်ပွဲရှိနေရာရာမူး ဘုန်းတော်ကြီး ကျောင်း တိုက်ခိုက်ခံရမူ အပေါ် နိုင် ငံရေး အရ အမြတ်ထုတ်ရန် နိုင်ငံရေးသမား တချို့က ကြိုးစား နေကြသည် ဟုလည်း ဝေဖန်မူများ ထွက်ပေါ်နေသည်။

ယခုကဲ့သို့ ရာမူး ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေခ်ျ့တွင် ပြဿနာများ၊ ဝေဖန်မူများ ထွက်ပေါ် နေ ချိန်တွင် ဂျာမတ် အစ္စလ်ာမီးယား ပါတီမှ ခေါင်းဆောင် တစ်ဦးကို လည်း ရာမူးရှိ ဘုန်းကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူတွင် ဦး ဆောင်ပါဝင်သည်ဟု စွပ်စွဲကာ ယမန်နေ့က ရဲက ဖမ်းဆီးလိုက်သည်။


ဖမ်းဆီးခံလိုက်ရသူ ချာဟန်ဒူလ် ဘဟာဒူလ် ဆိုသူ ဖြစ်ပြီး စစ်တကောင်းသို့ ဘတ်စ်ကား တစ်စီးဖြင့်သွားရောက်စဉ်ရာမူးအနီးတွင်ရဲက ကား ကို တားဆီးကာ ညနေ ၅ နာရီခွဲခန့်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

သူအား ရာမူး ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူဟုရဲက စွပ်စွဲထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း သူ တို့၏ တာဝန်များကို မထမ်းဆောင်နိုင်အောင် တားဆီး နှောင့်ယှက်မူများ ရှိခဲ့သည်ဟု ရဲက စွပ်စွဲထားသည်။

No comments: