Saturday, November 3, 2012

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား

စနေလင်း

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဗလီတခုတွင် ဘာသာရေးနှင့် မသက်ဆိုင်သော ဓား၊ လှံ၊ လေးခွနှင့် ဂျင်ဂလိများကို တွေ့ရှိခဲ့သောကြောင့် အ ဆိုပါ ဗလီမှ တာဝန်ရှိသူ ၄ ဦးကို အမှုဖွင့် အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း သံတွဲမြို့ ရဲစခန်းမှ စုံစမ်းသိရသည်။

“အခု အဲဒီ ဗလီ ဂေါပကအဖွဲ့က တာဝန်ရှိသူရယ်၊ ဘာသာရေး ဆရာရယ်၊ ညစောင့်ရယ် အပါအ၀င် လူ ၄ ဦးကို အမှုဖွင့်ထား လိုက်ပါပြီ။ ဘာ သာရေးနဲ့ မသက်ဆိုင်တာတွေကို လက်ဝယ်ထားရှိတဲ့အတွက် ပြစ်မှုနံပါတ် ပ/ ၁၁၄/ ၂၀၁၂ နဲ့ အမှု ဖွင့်ထားပါတယ်” ဟု တာဝန်ကျ ရဲအရာ ရှိက ပြောသည်။

ယင်းဗလီတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိသည် ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း။ ယင်းသတင်း မမှန် ကန် ကြောင်း၊ ကောလာ ဟလ များသာ ဖြစ်ကြောင်း၊ လူနေအိမ်များကိုလည်း ယနေ့အထိ ရှာဖွေခြင်း မပြုလုပ်သေးကြောင်း၊ ဒေသခံများ ဘက်က လည်း လက်နက် လာရောက်အပ်နှံခြင်းမျိုး မရှိသေးကြောင်း သူက ဆက်ပြောသည်။

သဲတွဲမြို့တွင် လက်ရှိအခြေအနေမှာ တည်ငြိမ်လျှက်သာရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်တို့ အကြား ကွဲပြားမှု မရှိ ကြောင်း၊ မြို့အတွင်း လုံခြုံရေးမှာလည်း တဦးနှင့်တဦး ပဋိပက္ခ ဖြစ်နိုင်မည့်အသွင် မတွေ့ရကြောင်း၊ မြို့မိမြို့ဖ များမှာလည်း ထိုသို့ဖြစ် ပွား လာမည်ကို မ လိုလားကြောင်း သံတွဲမြို့ရှိ မြို့မိမြို့ဖ တဦးက ဆိုသည်။

သံတွဲမြို့တွင် ပေါက်ကွဲ စေတတ်သော လက်နက်များ သိမ်းဆည်းရမိသည် ဆိုသည့်သတင်းမှာ facebook စာမျက်နှာများတွင် ပျံ့နှံ့လျှက် ရှိ ပြီး ယင်းသို့ ကောလာဟလ သတင်းများ လွှင့်နေခြင်းမှာ ရခိုင်ပြည်နယ် မငြိမ်မသက် ဖြစ်စေရန် လံှု့ဆော်ခြင်း ဖြစ်သည်ဟု ယူဆ ကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပက်သက်ပြီး facebook စာမျက်နှာများတွင် ဖော်ပြနေသော အချက်အလက် တချို့သည် တကယ်ဖြစ် နေသော အနေ အထားနှင့် ကွဲလွဲမှုများရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

“လူတွေက မဟုတ်မမှန်ဘဲနဲ့ ကောလာဟာလတွေ လိုက်လိုက်ဖြန့်နေတာ မကောင်းဘူး။ facebook စာမျက်နှာ တချို့မှာ တင်ထားတာတွေက ကျနော်တို့တောင် မသိဘူး။ မဟုတ်တာတွေ လိုက်ပြီး ကောလာဟာလ ဖြန့်နေတာ။ facebook တွေမှာ စက်ရှိတဲ့သူတွေကတော့ တင်ချင်တာ တင်နေမှာပဲ။ ကျနော်တို့က တိကျမှ သတင်းထုတ်ပြန်ပါတယ်။ အဲဒီလို မဟုတ်တာတွေကို facebook မှာ ဖြန့်နေတာက ဒီအခြေအနေကြီးကို တွန်းအားပေးသလို ဖြစ်နေတာအမှန်ပဲ” ဟု ၎င်းက ဆိုသည်။

facebook စာမျက်နှာ တချို့တွင် ရေးသားထားသော အချက်အလက်များသည် တကယ့်ဖြစ်စဉ်နှင့် လွဲမှားမှုများ ရှိနေကြောင်း၊ ဒေသခံ များ အကြား အစိုးရိမ်လွန်ကဲမှုများ၊ တစ်ဘက်နှင့်တစ်ဘက် အမြင်စောင်းမှုများ ပိုမို ဖြစ်ပျက်စေနိုင် သောကြောင့် အလွန် သတိထားသင့် ကြောင်း သံတွဲမြို့က ရပ်မိရပ်ဖ တချို့က သုံးသပ်သည်။

“ကျနော်တို့ မြို့ကလူတွေကတော့ ဘယ်သိပါ့မလဲ။ အဲဒါကို သုံးတတ်တာ နည်းပါတယ်ဗျာ။ ဒါပေမယ့် အဲဒီလို ရေးတာကတော့ မကောင်းဘူး ပေါ့။ ဒီမှာ တည်ငြိမ်နေတာကို ထင်ယောင်ထင်မှား ဖြစ်စေတာပေါ့။ ဒီကဒေသခံတွေနဲ့ ဆွေမျိုးနီး စပ်တဲ့ အဝေးကလူတွေသိသွားရင် စိုးရိမ် စရာတွေ ဖြစ်လာနိုင်မယ်။ တခြား မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်စေနိုင်ပါတယ်” ဟု သံတွဲဈေး အနီးနေ ကုန်သည်တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အင်တာနက်တွင် အကြောင်းအရာ တစုံတခုကို ရေးမည်ဆိုပါက တိကျမှသာ ရေးသင့်ကြောင်း၊ ဗလီတွင် ပေါက်ကွဲ စေ နိုင် သည့် ပစ္စည်းများ တွေ့သည်ဆိုသည့် မဟုတ်မမှန် သတင်းကြောင့် ရခိုင်တိုင်းရင်းသားများအကြား နားလည်မှု လွဲနိုင်ကြောင်း ပြော သည်။

အောက်တိုဘာ ၃၁ ရက်နေ့က စတင်ပြီး ၃ ရက်အတွင်း လက်ရှိ ဖြစ်ပျက်နေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် ရေးအတွက် ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၄ (ဃ) အရ တရားမ၀င် ကိုင်ဆောင်ထားသော လက်နက်များဖြစ်သည့် သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့် မြှား၊ ဂျင်ဂလိ၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက် ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာ ရဲစခန်းနှင့် လုံ ခြုံရေး အဖွဲ့များထံသို့ အမြန်ဆုံး အပ်နှံကြရန်နှင့် သတ်မှတ်ရက် နောက်ပိုင်းတွင် ရန်ပြုလိုသော စိတ်ဖြင့် အဆိုပါလက် နက်များကိုင် ဆောင် ထားခြင်းကို တွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ထားသည်။

No comments: