Wednesday, November 14, 2012

လူ ၁၀ ဦး သေဆုံးသော ဦးတန်ဂွန်းနေအိမ် ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ဆုတောင်း

KNG

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ သီတာရပ်ကွက်နေ ဦးတန်ဂွန်း (Salang Tang Gun) နေအိမ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့သည့်အဖြစ်အပျက်သည် ယနေ့ တနှစ်ပြည့်ခဲ့ပြီး မိသားစုဝင်များက သတိရအောက် မေ့ ဆုတောင်းခဲ့သည်။

ဤကဲ့သို့ အမှတ်မထင်ဗုံးပေါက်ကွဲမှုကြောင့် ဦးတန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး၊ မိဘမဲ့ကလေး လေးယောက်နှင့် စစ်ပြေး ဒုက္ခ သည် သုံးယောက်တို့ သေဆုံးခဲ့ရပြီး ထိုနေအိမ်တွင်ရှိသော မိဘမဲ့ကလေးများနှင့် လူ (၃၁)ဦး ဘဝ ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

တရားခံအဖြစ်ဖမ်းဆီးထားသော ဦးတန်ဂွန်းကို အမှုစစ်ဆေးနေဆဲဖြစ်သော်လည်း တနှစ်ကြာသည်ထိ ထိုအမှုကို တရားရုံးတော်မှ စစ် ဆေးခြင်း မပြီးနိုင်သေးကြောင်း မိသားစုဝင်တစ်ယောက်ကပြောသည်။

“အခုချိန်ထိတရားလိုဘက်က စစ်ဆေးမေးမြန်းမှုမပြီးသေးဘူး။ ရုံးချိန်းကတစ်ပတ် တစ်ကြိမ်သွားရတယ်။ တရားလိုဘက်ကလူမလာ တာနဲ့ ဒီလိုဘဲ ရုံးချိန်းနေတာ တစ်နှစ်ကြာနေပြီ။ ကျွန်တော်တို့ကတောင် သတိရအောက်မေ့ ဆုတောင်းပွဲလုပ်နေကြပြီ။” ဟုပြောသည်။

ကျန်ရစ်သောမိသားစုများက မိမိနေအိမ်သို့ပြန်လည်ဆောက်လုပ်နေထိုင်ခွင့် တောင်းထားသော်လည်း အဆင့်အဆင့်ပိတ်ပင်မှုများကြုံနေ ရပြီး ယခုချိန်ထိနေထိုင်ခွင့် မရသေးကြောင်းသိရသည်။

“မြို့နယ်၊ ပြည်နယ်အုပ်ချုပ်ရေးတွေကတော့ ခွင့်ပြုချက်ပေးထားတယ်။ ဒါပေမဲ့ဆောက်လုပ်ဖို့ကို ပုံစံ (၁၀၅) တောင်းလိုက်၊ (၁၀၆) တောင်းလိုက်၊ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ ဘာမှမလုပ်ရသေးဘူး။ နေထိုင်ခွင့်မရသေးဘူး။” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

အိမ်ထောင်ဦးစီး ဦးတန်ဂွန်းနှင့် တခြား ၅ ဦးသည် ချုပ်နှေင်ခံထားရဆဲဖြစ်ပြီး ကျန်မိဘမဲ့ကလေးများမှာ ဘုရားကျောင်းဝင်းတွင် ယာယီ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။ လောလောဆယ်မိသားစုများသည် နေစရာမရှိဖြစ်နေပြီး အိမ်ခြံရှိသော်လည်း နေထိုင်ခွင့်မရှိသော ကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်းပြောသည်။

“ကျန်ရစ်တဲ့မိသားစုတွေက လောလောဆယ်သူတို့နေစရာအိမ်မရှိဘူး။ အစားအသောက်လည်း အခက်အခဲရှိနေတယ်။ အိမ်ထောင်ဦးစီး တွေ က အားလုံး အချုပ်ခန်းထဲရောက်နေတော့၊ ကျောင်းတက်နေတဲ့ကလေးတွေဆို ကျောင်းအသုံးအဆောင်ပစ္စည်းတွေကအစ အမျိုး မျိုးလိုအပ်တဲ့အခက်အခဲရှိနေတယ်။” ဟု အသင်းတော်မှ လူကြီးတစ်ဦးကပြောသည်။

ပြင်းထန်စွာပေါက်ကွဲခဲ့သော အဆိုပါဦးတန်ဂွန်း၏နေအိမ်သည် ‘ထွယ်ဂင်တောင်မိဘမဲ့ စံရိပ်မြုံတီးဝိုင်းအဖွဲ့’ ဂေဟာဖြစ်ပြီး ဦးတန်ဂွန်း သည် ရပ်ကွက်အရံ မီးသတ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဉ် ဦးတန်ဂွန်းသည်ခရီးလွန်နေပြီး အစိုးရက ၄င်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်ပတ်သက်နေသူဖြစ်ပြီး ထိုအိမ်တွင် KIA ဗုံးများပြုလုပ်နေပြီး သင်တန်းပြုလုပ်နေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းစာများက ဖော်ပြခဲ့သည်။

ဦးတန်ဂွန်းနှင့် ၅ ဦး အား ဖမ်းဆီးခဲ့ပြီးနောက် အစိုးရအာဏာပိုင်များက နှိပ်စက်ရိုက်နှက်စစ်ဆေးမှုအမျိုးမျိုး ပြုလုပ်ခဲ့သောကြောင့် အ ချိန် ကြာမရပ်နိုင်ပဲ ကျန်းမာရေးထိခိုက်နေကြောင်း ဆွေမျိုးများကပြောသည်။

No comments: