Wednesday, November 14, 2012

ဒေါ်စု ပါဝင်မည့် Nehru Memorial အခမ်းအနားသို့ မြန်မာဒုက္ခသည် ၁၃၀ ခန့် တက် ရောက်ခွင့်ပြု

khonumthung

မနက်ဖြန် ၁၄ နိုဝင်ဘာလ ၂၀၁၂ တွင်ပြုလုပ်မည့် ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအ နားတွင် နယူးဒေလီရှိ မြန်မာ ဒုက္ခသည် ၁၃၀ ခန့် တက်ရောက်ခွင့်ပြုထားကြောင်း သိရ သည်။

နယူးဒေလီရှိ Plenary ခန်းမ၌ အိန္ဒိယ စံတော်ချိန် ညနေ ၆း၀၀ နာရီတွင် စတင်ပြုလုပ်မည့် ဂျဝါဟာလာနေ ရူး အထိမ်းအမှတ် ဟောပြော ပွဲသို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက် ရောက်မည်ဖြစ် ကြောင်း ဒေလီရှိ ကိုကိမ်ကဆိုသည်။

ကိုကိမ်က “ဒေါ်စုက ဒီနေ့  ၁၀း၀၀ နာရီမှ ဒေလီကိုရောက်လာမှာပါ။ မနက်ဖြန် ကျတော်တို့  Vikaspuri ကနေ ဘတ်စ် ကား စီစဉ်ထားပါ တယ်။ ၁၄ ရက်ပေါ့။ Plenary ခန်းမကို ကျတော်တို့  ဒီကနေ ညနေ ၃း၃၀ ကွက်တိသွားဖို့ လိုတယ်။ နောက်ကျရင်မဖြစ်ဘူးပေါ့။ ဒေါ်စု အဲဒီနေရာ ရောက်ပြီဆိုရင် ဘယ်သူမှ ၀င်ခွင့် ပေးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကြိုတင် သွားဖို့ လိုတယ်” ဟုပြောသည်။

ထို့ နောက် နိုဝင်ဘာလ ၁၆ ရက်နေ့ ၌ Vikaspuri အရပ် Oxford ကျောင်း တွင် ဒေါ်စုအား မြန်မာဒုက္ခသည် ၈၀၀ ခန့်  နှင့်တွေ့  ဆုံရန် လည်း စီစဉ်လျက်ရှိသည်။

ဤတွေ့ ဆုံပွဲတွင် ချင်းမျိုးနွယ်စုများဖြစ်ကြသည့် ဟားခါးကွန်မြူနီတီမှ ၁၃၀၊ ဖလမ်း- ၁၃၀၊ တီးတိန်- ၁၃၀၊ မတူ- ၁၀၀၊ မရာ- ၁၅၊ ချိုး- ၁၀ ခန့် ၊ ခူမီး- ၂၀ နှင့် မြန်မာပြည်မှ မီဇိုမျိုးနွယ် စု မှ ၄၀ ဦးတို့ ပါဝင်မှာဖြစ်ပြီး ဗမာကွန်မြူနီတီမှ ၅၀၊ အိန္ဒိယ-မြန်မာ ကွန်မြူနီတီမှ ၈၀ ခန့် နှင့် ကွန်မြူ နီတီ တွင် မပါဝင်သည့် ပုဂ္ဂိုလ် များမှ ၃၅ဦးခန့် အသီးသီး တက်ရောက် နိုင်ရန် စီစဉ်လျက်ရှိသည်။

“ကျတော်တို့  မြန်မာဒုက္ခသည်များမှ လူဦးရေ ၈၀၀ ခန့် တက်ရောက်နိုင်ဖို့ စီစဉ်တာပါ။ တခြား ဧည့် သည်တွေနဲ့ ဆိုရင် ဦးရေ ၁၀၀၀ ခန့် ရှိဖို့ စီစဉ်တယ်” ဟုအစီအစဉ်တွင် ပါဝင်သူ ကိုဆလောင်း ကပြောသည်။

ချင်းဒုက္ခသည် ၇၀၀ ခန့် တက်ရောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ချင်းခရစ်ယာန် ဘုရားကျောင်း တာဝန်ရှိ သူများကို တဆင့် တာဝန်ပေးပြီး ၄င်းတို့ မှ အသေးစိပ် လုပ်ဆောင်နေ သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံပွဲတွင် တက်ရောက်မည့်သူများ၏ နာမည်၊ ဒေလီရှိကမ္ဘာကုလသမဂ္ဂမဟာမင်းကြီးရုံးကနေ ထုတ် ပေးထားသည့် နံပါတ်နှင့် လက်ရှိ နေထိုင်သည့် နေရပ် လိပ်စာ အပြည့်အစုံကို သက်ဆိုင်ရာများက ပြုစုခဲ့ သည်။

“ကျတော်တို့  ဒီမိုကရေစီကို လိုလားတယ်ဆိုတော့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကိုတွေချင်တယ်။သူမပြော တာ ကို နားထောင်ချင်တယ်၊ ကျတော်တို့ အရေးလည်း တင်ပြချင်တယ်” ဟုချင်းခရစ် ယာန် ပါစတာ တစ်ဦး ကဆိုသည်။

တဆက်တည်း ဒေါ်စုသည် Oxford ကျောင်းတွင် တစ်နာရီခန့်  မြန်မာဒုက္ခသည်များနှင့်တွေ့  ဆုံအပြီး သူကိုယ်တိုင် တည်ထောင်ထား သည့် Prospect Burma ကျောင်းရှိကျောင်းသား၊ သူများ နှင့် မိနစ် ၂၀ ခန့် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် နယူး ဒေလီ မြို့ ကနေထွက်ခွာပြီး ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့ သို့  ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

No comments: