ABC
လွှတ်တော်ထဲကို တင်သွင်းမယ့် ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေ ကြမ်းကိုမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သတင်းမီဒီယာ သ မားတွေ၊ ပုံနှိပ်ထုတ်ဝေသူတွေနဲ့ စာရေးဆရာတွေကို ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ဘဏ်များ အသင်းမှာ ကျင်းပခဲ့တဲ့ အလုပ်ရုံေ ဆွးနွေး ပွဲမှာ ချပြခဲ့ပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဌ ဦးခင်မောင်အေးက သတင်းမီဒီယာ လွတ်လပ်မှုရှိတဲ့ အာရှနိုင်ငံတွေက သတင်းမီဒီ ယာဥ ပဒေတွေကို လေ့လာပြီး ရေးဆွဲထား သလို သတင်း မီဒီယာ လွတ်လပ်မှု ရှိခဲ့တဲ့ ၁၉၆၂ ခုနှစ် မတိုင်မီ ကာလ မြန်မာ့သတင်း မီဒီ ယာ လုပ်ငန်း အတွေ့အကြုံရှိသူ ပညာရှင်များရဲ့ အကြံဥာက်ကို ရယူပြီးလည်း ရေးဆွဲထားတယ်လို့ ဆို ပါတယ်။
အဲဒီဥပဒေမူကြမ်းထဲမှာ ‘သတင်းမထုတ်ပြန်မီ၊ ရေးသားပုံနိပ်ခြင်းမပြုမီ ကြိုတင်စိစစ် (ဆင်ဆာ) တင်ခြင်းမှ ကင်းလွတ်ခွင့်ရှိခြင်း။’ ဆိုတဲ့ အ ချက်နဲ့ ‘အရေးအခင်း၊ အဓိကရုဏ်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်း ထောက် များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်း မှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက်စာတမ်းများ) တို့ကို သိမ်း ဆည်းခြင်း၊ အာဏာပိုင်များမှ မှတ်တမ်း တင်ထား ခြင်းတို့မှ ကင်းလွတ် ခွင့်ရှိခြင်း’ ဆိုတဲ့ အချက်ကိုထည့်သွင်းထားပါတယ်။
အဲဒီအချက်တွေဟာ စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံက သတင်းသမားတွေ အဓိကကြုံတွေ့ ခဲ့ရတဲ့ ပြသာနာတွေပဲ ဖြစ်ပါတယ်။
မီဒီယာဥပဒေထုတ်ပြန်တဲ့နေ့မှာပဲ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများမှတ်ပုံတင် ဥပဒေကို ရုပ်သိမ်းဖို့ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားပါ တယ်။ အလုပ်ရုံ ဆွေးနွေးပွဲက အကြံပြု ချက်တွေ၊ ပြင်ဆင်ချက် တွေကိုလည်း ဒုတိယမူကြမ်းမှာ ထည့်သွင်းသွားမှာ ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေး ပွဲမ တက်ရောက်နိုင်တဲ့ မီဒီယာသမားတွေအနေနဲ့လည်း လာမယ့် နှစ်ပတ်အတွင်း အကြံပြုချက် တွေ ပေးပို့သွားနိုင်တယ်လို့ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ)က ကိုကျော်မင်းဆွေက ပြောပါတယ်။
“ကျွန်တော်တို့ ဒီ သတင်းမီဒီယာ လောကသားတွေ အားလုံးဆီက အခု ရေးဆွဲထားတဲ့ဥပဒေမူကြမ်း ကို ဘာတွေများ ဖြည့်စွက်ချင်တယ်။ ဘာတွေများ ပြင်ဆင်ချင်တယ်၊ဘာတွေများ ဖြည့်ချင်တယ်၊ ဘယ် စကား လုံးတွေများ ဖလှယ်ချင်တယ် အစရှိသဖြင့်လိုအပ်တဲ့ အချက်တွေ အားလုံးကို ၀ိုင်းပြီး ဆွေးနွေးကြဖို့ ကျွန်တော် တို့ ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်။“ ကျွန်တော်တို့ စောစောပိုင်းက ညှိနှိုင်းထားတဲ့ အတိုင်းဆို အချိန် ၂ ပတ်ထပ်ပေးပါမယ်။ အချိန် ၂ ပတ် ထပ်ပေးပြီးလို့ ရှိရင် အဲဒီအချိန် ၂ ပတ်အတွင်းမှာ အကြံပြုချက်တွေ၊ အသေးစိတ် ဆွေးနွေးချက်တွေ၊ ပြင်ဆင်ချက်တွေ လိုအပ်လို့ ထည့်သွင်းချင်တာရှိရင် ကျွန်တော်တို့ စာနယ်ဇင်းကောင်စီ ယာယီရဲ့ ရုံးခန်းကို လိပ်မူပြီးတော့ စာနဲ့ ဖြစ်စေ၊ အီးမေးလ်နဲ့ ဖြစ်စေပို့ပြီးတော့ အကြံပေးနိုင်ပါတယ်။
ဥပဒေမူကြမ်းကို စိတ်ကြိုက်ပြင်ဆင်ပြီးတဲ့နောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနကို ပေးအပ်သွားမှာ ဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနက တစ် ဆင့် လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်တယ်လို့ သိရ တဲ့အကြောင်း အေဘီစီ ရေဒီယိုသြစတြေးလျ သတင်းထောက် ကိုလူလှက သတင်း ပေးပို့ခဲ့ ပါတယ်။
No comments:
Post a Comment