Monday, January 28, 2013

ရိုဟင်ဂျာကို ထိုင်းအစိုးရက ၆ လ နေထိုင်ခွင့်ပေး

ABC

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ​ခိုလှုံခွင့်တောင်းဖို့ ​ရောက်နေကြတဲ့ ​ရိုဟင်ဂျာ ​လူမျိုး ​တွေကို ​ထိုင်း ​အစိုး ​ရ ​က ​၆လ ​နေ ​ထိုင်ခွင့်ပြု ​လိုက်ပြီ ​လို့ ​ထိုင်း နိုင်ငံ ​က ​သတင်းမီဒီယာတွေ ​ဖေါ်ပြချက် ​အရ ​သိရပါတယ်။

ထိုင်း ​နိုင်ငံ ​မှာ ​အမျိုးသမီးတွေ ​ကလေးတွေ ​အယောက် ​၂၀၀ ​အပါအဝင် ​ရိုဟင်ဂျာလူမျိုး ​ယောက်ပေါင်း ​၁၄၀၀ ​ရောက် ​ရှိ ​နေတယ်လို့ ​လဲ ဖေါ် ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ​ရိုဟင်ဂျာလူမျိုးတွေကို ​မြန်မာ ​နိုင်ငံ ​ကို ​ပြန်ပို့ဖို့ ​စောစောပိုင်းက ​စီစဉ်နေပြီး ​ကုလသမဂ္ဂ ​ဒုက္ခသည်ဆိုင်ရာ ​အဖွဲ့ ​တွေ ​က ​ရို ​ဟင် ​ဂျာ ​တွေကို ​တွေ့ဆုံခွင့် ​တောင်းခဲတာကို ​ထိုင်း ​အစိုး ​ရ ​က ​ခွင့်ပြုခဲ့တာ ​ဖြစ်ပါတယ်။

ရို ​ဟင်ဂျာလူမျိုးတွေကို ​လူကုန်ကူးသူတွေ ​က ​ထိုင်း ​အကျင့်ပျက် ​အရာ ​ရှိ ​တွေ ​နဲ့ပူပေါင်းပြီး ​ရိုဟင်ဂျာလူမျိုးတွေကို ​ဖျားယောင်းခေါ်သွင်း ခဲ့ ​တဲ့ ​အမှု ​တွေကို ​ထိုင်း ​နိုင်ငံက ​စစ်ဆေး ​နေ ​ပြီး ​ကုလသမဂ္ဂ ​ဒုက္ခသည်ဆိုင် ​ရာတွေကလဲ ​ရိုဟင်ဂျာတွေ ​အနေနဲ့ ​လဲလူကုန်ကူးသူ ​တွေ ကို ​ငွေ ​အမြောက်အများပေး ​ခဲ့ ​တယ်ဆို ​တဲ့ ​သတင်းထွက်ပေါ်လာတဲ့ ​အပေါ် ​မေးမြန်းစုံစမ်းနေတယ်လို့သိ ​ရ ​ပါတယ်။

မြန်မာ ​နိုင်ငံတွင်းမှာ ​နေထိုင်နေကြတဲ့ ​ရို ​ဟင်ဂျာ ​၈သိန်းကို ​မြန်မာ ​အစိုး ​ရ ​က ​နိုင်ငံသားပေး ​ဖို့ ​ငြင်းပယ်နေတဲ့ ​အတွက် ​ရိုဟင်ဂျာတွေ ​က ​သူ ​တို့ ​ကို ​မြန်မာ ​နိုင်ငံကို ​ပြန် ​မပို့ ​ဖို့ ​တောင်း ​ဆို ​ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကလဲ ​ရိုဟင်ဂျာလူမျိုးတွေကို ​လုံးဝဝင်ခွင့်ပိတ်ထားပါတယ်။ ​ထိုင်း ​နိုင်ငံကို ​ရောက် ​ရှိလာတဲ့ ​ရိုဟင်ဂျာတစုကိုတော့ ​ရ နောင်း က ​နေ ​မြန်မာ ​လူဝင်မှုကြီးကြပ်ရေး ​လက် ​ထဲ ​ကို ​ဒီနှစ် ​နှစ်ဦးပိုင်း ​လောက်က ​ပြန်အပ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေက ​လူသားခြင်းစာနာထောက်ထား ​မှု ​နဲ့ ​သူ ​တို့ ​ကို ​မြန်မာ ​နိုင်ငံ ​ကို ​ပြန်မပို့ ​ဘဲ ​တတိယ ​တနိုင်ငံကို ​ပို့ပေး ​ဖို့ ​တောင်းဆို ​ထားပြီး ​ထိုင်း ​အစိုး ​ရ ​က ​နေ ​ကုလသမဂ္ဂ ​ဒုက္ခသည်ဆိုင် ​ရာ ​အဖွဲ့ ​ကို ​တတိယ ​တနိုင်ငံ ​ပို့ပေး ​ဖို့တောင်းဆို ​ချက်ကို ​ဆောင် ​ရွက်ပေး ​ဖို့ ​ကုလသမဂ ​က ​ခံဝန်ချက်မပေး ​နိုင် ​သေးဘူးလို့ ​The ​Nation ​သတင်းထဲမှာ ​ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ​မှာ ​ခိုလှုံခွင့်တောင်းဖို့ ​ရောက်နေကြတဲ့ ​ဒုက္ခသည် ​တချို့ ​ကလည်း ​ကုလသမဂက ​နေ ​နေ့စဉ် ​စားသုံးစရိတ် ​မြန်မာ ငွေ ​၂၀၀၀ ​နဲ့ ​ညီမျှတဲ့ ​အမေရိကန် ​၂ဒေါ်လာ ​ခွဲ ​-- ​ကိုခွင့်ပြုတာကို ​- ​ဒုက္ခသည်တွေက ​အစား ​အသောက် ​မလုံ ​လောက်တဲ့အပြင်ညံ့ဖျဥ်း တဲ့အ တွက် ​အငတ်ခံ ​ဆန္ဒပြခဲ့ကြတယ်လို့ ​ဘန်ကောက်ပို့စ် ​သတင်းမှာ ​ဖေါ်ပြထားပါတယ်။

မမျှော်လင့်ထား ​ဘဲ ​ရိုဟင်ဂျာဒုက္ခသည် ​အမြောက်အများ ​ထိုင်း ​နိုင်ငံ ​ထဲ ​ကို ​ရောက်လာတဲ့ ​အတွက် ​ထိုင်း ​အစိုး ​ရ ​က ​ကူညီထောက်ပံ့ဖို့ ​အ ခက် ​အခဲ ​ရင်ဆိုင်နေ ​ရတယ်လို့ ​ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကလဲ ​မူဆလင်ဘာသာ ​ဝင်များဖြစ်ကြတဲ့ ​ရိုဟင်ဂျာလူမျိုးတွေ ​ထိုင်း ​နိုင်ငံတောင်ပိုင်းကို ​ဝင်ရောက်လာနေတာကို ​မူစ လင် ​ဘာသာဝင် ​အများစု ​နေထိုင်ပြီး ​မငြိမ်မသက်ဖြစ်နေ ​တဲ့ ​Yala, ​Pattani, ​Narathivat ​ခရိုင်တွေမှာ ​ထိုင်း ​နိုင်ငံ ​ရဲ့ ​လုံခြုံရေး ​အတွက် စိုး ရိမ်မကင်းဖြစ်နေတယ်လို့ ​ဆို ​ပါတယ်။

ထိုင်းအာဏာပိုင်တွေက ​ရိုဟင်ဂျာလူမျိုးတွေကို ​လပိုင်းဘဲ ​နေထိုင်ခွင့်ပြုဖို့ ​ရည်ရွယ်ထားပေ ​မဲ့၊ ​သူ ​တို့ ​ကို ​လက်ခံမယ်ဆို ​တဲ့ ​တတိယ ​တ ​နိုင်ငံ ​မရှိသေးတဲ့အတွက် ​ထိုင်း ​မလေးရှား ​နယ်စပ် ​ရာဘာစိုက်ခင်းတွေ ​မှာ ​နိမ့်ကျတဲ့ ​လုပ်အားလစာ ​နဲ့ ​တရားမဝင်တဲ့ ​အလုပ်သမားများ ​ဖြစ် ​သွား ​နိုင်တယ်လို့ ​စိုး ​ရိမ်မကင်းတွေ ​ဖြစ် ​နေ ​တယ် ​လို့ ​သိ ​ရ ​ပါတယ်။

No comments: