Sunday, January 27, 2013

ငပလီတွင် နိုင်ငံခြားသား တစ်ဦး ရေနစ်သေဆုံး

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲ ငပလီကမ်း ခြေတွင် ယခုလ ၂၃ ရက်နေ့က နိုင်ငံခြားသား တစ်ဦး ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ နော်ဝေနိုင်ငံသား Sta Bursvis Amefinn ဆိုသူအမျိုးသားဖြစ်ပြီးအသက် ၇၉ နှစ် ဖြစ်ကြောင်း သိရသည်။

သူသည် ယခုလ ၂၃ ရက်နေ့ နေ့လည် တစ်နာရီခန့်တွင် သူတည်းခိုရာ Amata ဟို တည်မှ ပင် လယ်ကမ်းခြေတွင် ရေဆင်းကူးရာက သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆို သည်။

ယခုအခါ သူ့၏ အလောင်းအား သံတွဲဆေးရုံသို့ ပို့ဆောင်လိုက်ပြီး သံတွဲမှ တဆင့် ရန်ကုန် ပို့ဆောင်မည်ဟု သတင်း ရရှိသည်။

သူသည် အသက်အရွယ်ကြီးရင့်နေသူ ဖြစ်သဖြင့် လူကြီးရောဂါဖြင့် ရိုးရိုး သေဆုံးသွားခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု အများက ပြောဆိုနေ ကြ သည်။ သံတွဲရဲက သူရေနစ်သေဆုံးမူနှင့် ပတ်သက်ပြီ သေမူသေခင်းအရ အမူဖွင့်ထားသည်ဟု သိရသည်။

No comments: