Tuesday, January 29, 2013

ပုဒ်မ ၁၄၈/၅၀၆(ဒု)ဖြင့် အရေးယူခံထားရသော ဘင်္ဂလီ(၇)ဦး တရားသေပြန်လွတ်

မင်းသွီး

ဇွန်လ (၈)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံများအား အကြမ်း ဖက်ရာတွင်ပါဝင်သည့် အဓိကဦးဆောင်သူ ဘင်္ဂလီ (၇)ဦးကို ဖမ်းဆီးတ ရားစွဲဆို ထား ရာမှ ဇန္န၀ါရီလ၊ (၂၃)ရက်၊ (၂၀၁၃)ခုနှစ်တွင် မောင်တောခရိုင် တရားရုံးမှတ ရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်သည် ယင်းတရားခံဘင်္ဂလီ(၇)ဦးထံမှတစ် ဦးကိုလာဘ်ငွေ ကျပ်သိန်း(၄၀)စီယူ၍ တရားသေပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းတ ရားရုံး အသိုင်းအ၀န်းနှင့် နီးစပ်သူများ ပြောပြချက်အရ သိရှိရသည်။

ယင်းတရားခံ ဘင်္ဂလီ(၇)ဦးမှာ ၁။ မာမက်အလောင်(ဘ)မာမက်ကာလူ(ဘောင်းဇာ ကျေးရွာ) ၂။ ဆော်လီမူလာ(ဘ)ဖော်စွာခေါ်ရီ(ရွှေဇား ကျေးရွာ) ၃။ ရောင်ဒူလာ(ဘ)ဖေါ်စွာခေါ်ရီ(ရွှေဇားကျေးရွာ) ၄။ နူရ်ဟာ ဆောင်(ဘ)နူရ်ဘော်ရှော(ရွှေဇားကျေး ရွာ) ၅။ အဘူတာဟက်(ဘ)မူစတာအာမက်(ရွှေဇားကျေးရွာ) ၆။ အီဆွတ်အာလီ(ဘ)ဂူဒါညာ(ဇင်ဘညာကျေးရွာ) ၇။ ခေါ်လီမူ လာ(ဘ)အဘူ ကာဆင်း(နဘော်ဇားကျေရွာ)တို့ဖြစ်ပြီး ၄င်းတို့အား ဥပဒေနှင့်ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သည့် လက်နက်ကိုင်ဆောင် ခြင်း ပုဒ်မ ၁၄၈ နှင့် အသက်အန္တရယ်ကိုခြိမ်းခြောက်ခြင်း ပုဒ်မ (၅၀၆) ဒုတိယပိုင်းဖြင့် တရားစွဲဆိုထား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်အရေးဥပဒေလေ့လာသူများက ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ငွေများတရားနိုင်သည့် ခေတ်သည် ယနေ့အချိန်ထိ ရှိနေသေး ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင် ရွက်နေရာတွင် ထိုသို့သော အကျင့်ပျက်ဝန်ထမ်းများရှိနေသရွေ့ လက်တွေ့အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရားဥပဒေစိုးမိုး ရေး ကော်မတီအနေဖြင့် ရန်ကုန်တွင်သာမက ခြစား၊ လာဘ်စားမှုများအမှန်တကယ်ဖြစ်ပွားနေသော နယ်စပ်ဒေသများတွင် ကွင်းဆင်းလေ့လာ သင့် ကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့်လည်း လာဘ်စားမှုပ ပျောက်အောင်စီမံဆောင်ရွက်ရာတွင် ယခုကဲ့သို့ လာဘ်စားပြီး အမှုမှကွင်းလုံး ကျွတ် လွတ်ပေးသောတရားသူကြီးများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း၊ သို့မှသာလူထုအနေဖြင့် တရား စီရင်ရေး ကို အားကိုးယုံကြည်လေးစားမှုကို ရရှိစေလာနိုင်ပြီး တရားဥပဒေစိုးမိုးရေးအောက်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် ဖြစ်ကြောင်း သုံးသပ် ပြော ဆိုကြသည်။

No comments: