Monday, January 28, 2013

မာန်အောင်မြို့တွင် ပြည်နယ်အစိုးရမှချေးငွေ ကျေးရွာအုပ်ချုပ်ရေးမှုနှင့်နီးစပ်သူများ သာရရှိ

မိုးဇော်

ရခိုင်ပြည် မာန်အောင်မြို့နယ်များတွင် ဒေသခံပြည်သူလူထုများလုပ်ကိုင်စားသောက်မှု အဆင်ပြေစေရန် ပြည်နယ်အစိုးရမှ ထုတ်ချေးပေး သောငွေ များမှာ ဒေသခံများထံသို့မရောက်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သော စီးပွားရေးသမားများသာရရှိ ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

ပြည်နယ်အစိုးရအနေဖြင့် ဒေသခံပြည်သူများ၏ နွားမွေးမြူရေးလုပ်ငန်းများအား အ ထောက်အကူဖြစ်စေရန် မိသားစုတစ်စု လျှင် ၂၆၄,၀ ၀၀ ကျပ် အသီးသီးထုတ် ချေး ခြင်းဖြစ်ကြောင်း သိရသည်။

" ကျနော်တို့မာန်အောင်မြို့နယ်တွေမှာ နွားမွေးမြူရေးတွေလုပ်ကြပါတယ်။ အဲဒီလုပ် ငန်းတွေကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ပြည်နယ် အစိုးရက မိသားစုတစ်စုစီကို ကျပ်ငွေ ၂၆၄, ၀၀၀ ပေးပါတယ်။ အဲဒီချေးငွေတွေက ကျေးရွာအုပ် ချုပ်ရးမှူးကနေ တစ်ဆင့် သွားတာပါ။ အဲဒီလိုသွားတဲ့အချိန်မှာ ပြည်နယ်အစိုးရ သတ်မှတ်ထားတဲ့အတိုင်း ဒေသခံတွေကို ချေးငွေမပေး ဘဲ အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးတဲ့ စီးပွားရေးသမားတွေကိုပေးလိုက်ပါတယ်။ ကျေးရွာအုပ်ချုပ်တဲ့သူတွေက ဒီလိုမျိုးလုပ်နေတော့ ကျနော်တို့လိုမျိုးဆင်းရဲနွမ်းပါးတဲ့ လူတွေ၊ ငွေအမှန်တကယ်ချေးဖို့လိုအပ်နေတဲ့ သူ တွေအတွက် အင်မတန်အခက်အခဲဖြစ်ပါတယ်။ " ဟု ဒေသခံတစ်ဦးကပြော ကြားသည်။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်ရာ စီးပွားရေးသမားများအား ချေးငွေများထုတ်ပေးနေခြင်းကြောင့် ဒေသခံမိသားစုများသည် ပြည်နယ် အ စိုးရမှထုတ်ပေးသည့်ချေးငွေအား ယခုအချိန်ထိလက်ခံရရှိသည်ကို မတွေ့ရသေးကြောင်း ချေးငွေကိစ္စများအား စီစဉ်ဆောင်ရွက်ရာ၌ ပါဝင်သူ စီမံကိန်းဌာနမှ ဒုဦးစီးမှူးတစ်ဦးကလည်း ပြောကြားခဲ့သည်။

" ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လုပ်ဆောင်ချက်တွေက ဒေသခံတွေကို ဒုက္ခဖြစ်စေတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ယောက်က ကျေးရွာ သူ ရွာသားတွေကို ဒီလိုမျိုးမလုပ်သင့်ဘူး။ ဒီလိုမျိုးလုပ်လိုက်တော့ ဒေသခံလူထုရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးတွေကို ဟန့်တားရာရောက်ပါတယ်။ ဒါကြောင့် ကျေးရွာအုပ်ချုပ်မှူးတွေအနေနဲ့ လူတစ်ဦးအကျိုးစီးပွား၊ အုပ်စုတစ်စုအကျိုး စီးပွားတစ်ခုတည်းကို မကြည့်စေချင်ပါဘူး။ ကျေးရွာ အုပ်ချုပ်မှူးအနေနဲ့ ဒီလိုလုပ်ဆောင်နေတာတွေဟာ ရပ်ရွာကိုဆူပူအောင် ဖန်တီး ဆောင်ရွက်နေတ်ာနဲ့ တူနေပါတယ်။ ရွာမှာရှိတဲ့လူတွေ အေး ချမ်းမှ ရပ်ရွာလည်းအေးချမ်းမယ်။ ဒိလိုပဲ ရပ်ရွာ၊ မြို့၊ ပြည်နယ်တို့အေးချမ်းမှ နိုင်ငံတော်လည်း သာယာအေးချမ်းနိုင်မယ်။" ဟု မာန်အောင်မြို့နယ် ရဲကျွန်းဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အကျင့်ပျက်ခြစားနေခြင်းများအပေါ် ဒေသခံကျေးရွာများကမကျေမနပ်ဖြစ်ပေါ်လျှက်ရှိနေ ကြောင်း သိရသည်။

No comments: