Tuesday, January 29, 2013

အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင်စမ်း သပ်နေ

သန်းမင်းထိုက် ( စစ်တွေ )

ယမန်နေ့က စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ငပိန်လမ်း၊ မူလတန်းကျောင်းရှေ့ရှိ အိမ်တစ်အိမ်မှ လူ ၂ ဦးအား အမဲသား ချက်စားရာမှ ဆေးရုံ တင်ပို့ခဲ့ရသ ဖြင့် သူတို့မှာ အ ဆိပ်မိခြင်း ဟုတ်မဟုတ်ကို စစ် တွေဆေးရုံကြီးတွင်စမ်း သပ် နေသည်ဟု သိရသည်။

လူနှစ်ယောက်အား အမဲသားစား၍ ဆေးရုံ တင်ပို့ခဲ့ရပြီး အမဲသား မကျက်တ ကျက်ကို ကျွေးသည့် ခွေးနှစ်ကောင် အနက် တစ်ကောင်မှာ အဆိပ်မိသေဆုံး သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သူတို့အား ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင်ဆေးရုံသို့ စစ်ဆေးရန် ယူ ဆောင်သွားခဲ့ကြောင်း၊ အတော် အတန် စားမိသော ကိုဇော်နိုင်ဆိုသူမှာစား ပြီး နေမကောင်း ဖြစ်လာကြောင်း၊ ဆေးဆိုင်မှ ဆေးဝယ် ကျွေးရာ အစား များကို အန်ခဲ့ကြောင်း၊ အမဲသား တစ်တုံးသာ စားသော ကိုအောင်ဆန်း မှာ စားပြီး နာရီဝက်ခန့် အကြာတွင် ခြောက်ကြိမ်အန်ခဲ့ကြောင်း ဆွေမျိုး တစ်ဦးက ပြောဆိုသည်။


ဆေးရုံအုပ် ဦးအောင်ချေ၏ သား ကိုထွန်းနိုင်ချေ က ပြောပြရာတွင်″ လူနာနှစ်ဦးမှာ ခုဆိုရင် စကားလဲ ပြောနိုင်ပါပြီ ။ သူတို့က အမဲသား မစား ခင် အရက်တွေလဲသောက်ထားတော့ အရက်ကလဲမူး အမဲသား က လဲ သွေးတက်စာ ဆိုတော့ မူးပြီး အန်တာ လဲဖြစ်နိုင်တယ်။ အဆိပ်ပါမပါ ကို တော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဆိုသည်။

လူနာ (၂) ဦးနှင့် သေဆုံးသွားသော ခွေးကိုပါ စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

“ ဆရာဝန်ကြီးတွေ ကိုယ်တိုင် သူတို့ရဲ့ သွေးတွေကို စစ်ဆေးနေပါတယ်။ ခွေးကတော့ သေသွားပါတယ်။ ခွေးကို ခွဲစိပ်လိုက်တော့ အာခေါင် မှာ အမဲရိုးတွေက ထောက် နေတာကိုတွေ့ရပါတယ်။ အဆိပ်သင့် မသင့်ကိုတော့ ခု ဆရာဝန်တွေက စမ်းသပ်နေပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန် ကို စမ်းသပ်ရန် ပို့ဆောင်မှာ ဖြစ်မှာတယ်″ ဟု ပြောသည်။

စစ်တွေမြို့ အစားအစာများ ရောင်းချရာတွင် အဆိပ်ပါသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူ လူထုက ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြန်ကြား ရေး ဌာ အတွင်းရေးမှူး ဦးဝင်းမြိုင် က “ ဒါတွေဟာ ကောလဟာလ ဖြစ် ပါတယ်” ဟု ဆိုကာ ပယ်ချထားသည်။

“ ခု အမဲသားကိစ္စ ကို အစိုးရက ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဒေသခံတွေက အထူး စိတ်ဝင်စားနေပါတယ်” စစ်တွေ ဒေသခံ ရူပ ရွာ သား တစ်ဦးက ဆိုသည်။

အမဲသားမှာ ၄င်းအိမ်ရှင်၏ အသိ ဆိုက္ကား ဆရာတစ်ဦးက ရွာသာယာ ရပ်ကွက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များ ကလည်း ဝယ်ယူပေးဖူးကြောင်း အိမ်ရှင်က ပြောသည်။ အဆိုပါ သ တင်းမှာ စစ်တွေမြို့တွင် ပျံ့နှံ့လျှက် ရှိနေသည်ဟု သိရသည်။

No comments: