Wednesday, January 30, 2013

တောင်ကိုးရီးယား ထိပ်သီး ခေါင်းဆောင်တွေ ဒေါ်စုနဲ့တွေ့

ABC

တောင်ကိုးရီးယားနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ​မကြာခင်တုန်းကပဲ သမ္မတ အဖြစ် ​ရွှေးကောက်ခံရပြီး ​မ ကြာခင်မှာ ​သမ္မတဖြစ်လာမယ့် ​Park ​Geun ​Hye ​နဲ့ ​တွေ့ဆုံခဲ့သလို ​သမ္မတရာထူးကို ​လောလောဆယ်ရ ထားတဲ့ ​သမ္မတ ​လီမြောင်ဘတ်နဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

Park ​Geun ​Hye ​က ​မြန်မာနိုင်ငံ ​ဒီမိုကရေစီ ​ရရှိရေး ​အတွက် ​နှစ် ​ပေါင်း ​များ ​စွာ ​ပေး ​ဆပ် ​ခဲ့ ​တဲ့ ​ဒေါ် ​အောင် ​ဆန်း ​စု ​ကြည် ​ကို ​လေး ​စား ​တဲ့ ​အ ​ကြောင်း ​ပြော ​သွား ​ပြီး ​မြန် ​မာ ​နဲ့ ​တောင် ​ကိုးရီးယား ​နှစ်နိုင်ငံ ​ကောင်းစားရေး ​သာမက ​ပိုပြီး ​ပျော်ရွှင်စရာကောင်းပြီး ​လွှတ်လပ်တဲ့ ​အာရှတိုက်နဲ့ ​ကမ္ဘာကြီးအတွက် ​ပူးပေါင်း ​လုပ် ​ကိုင် ​ကြ ​ဖို့ ​မျော်လင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​မြန်မာနိုင်ငံက ​တခြားလူတွေကို ​အထောက်အကူ​ပြုတာမျိုးဖြစ်ဖို့ မျော်လင့် တဲ့အကြောင်း ​ငြိမ်းချမ်းရေးနဲ့ ​တိုးတက်ချမ်းသာမှုတွေလို့ ​ပြောရာမှာ ​မြန်မာနိုင်ငံသားတွေအတွက်သာမက ​ကမ္ဘာသူ၊ ​ကမ္ဘာသားအားလုံး အ တွက် ​ရည်ရွယ်ပြောဆိုတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​၅ ​ရက် ​ကြာ ​တောင်ကိုးရီးယားနိုင်ငံ ​ခရီးစဉ်အတွင်း ​လက်ရှိသမ္မတ ​လီမြောင်ဘတ်နဲ့လည်း ​တွေ့ဆုံခဲ့ပြီး ​ပညာရေးနဲ့ ​ဖွံ့ဖြိုးရေးဆိုင်ရာမှာ ​အမြင်ချင်း ​ဖလှယ်ခဲ့ကြတယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​စိတ်ကျန်းမာရေး ​ချို့တဲ့သူတွေဝင်ယောက်ယှဉ်ပြိုင်ကြတဲ့ ​စပ္ပာယ်ရှယ် ​ဆောင်းရာသီ ​အိုလံပစ်အားကစားပွဲတော် ​ဖွင့်ပွဲကိုလည်း ​တက်ရောက်ပြီး ​မိန့်ခွန်း ​ပြောခဲ့ပါတယ်။

စပ္ပာယ်ရှယ်ဆောင်းရာသီ ​အိုလံပစ်အားကစားပွဲဟာ ​မသန်မစွမ်းအားကစားပွဲတော်နဲ့ ​ကွဲပြားပြီး ​၁၉၆၈ ​ခုနှစ်ကတည်းက ​စတင်ကျင်းပလာခဲ့ တာ ​ဖြစ်ပါတယ်။ ​အသက် ​၈ ​နှစ်ကျော်ပြီး ​စိတ်ကျန်းမာရေးချို့တဲ့ ​တဲ့သူတိုင်း ​ပါဝင်ယှဉ်ပြိုင်ကစားနိုင်တဲ့ ​အိုလံပစ်ပွဲတော် ​ဖြစ်ပါတယ်။

No comments: