Wednesday, January 30, 2013

မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ

ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခုမ နေ့ ညနေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။

“ အဲဒီမှာ ဘိလပ်မြေတွေ၊ သံတွေ၊ တိုလီမူတ်စတွေ ထားတယ်လို့ ကြားသိရပါ တယ်။ အသေးစိတ်ကတော့ မနက်ဖြန်မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သေခံ တစ် ဦး က ဆိုသည်။

မီးရှို့သူများမှာ အနီးအနားက မွတ်ဆလင်ကျေးရွာသားများ ဖြစ်ကြသည်ဟု ဒေသ ခံများက ပြောဆိုပြီး စစ်တပ်နှင့် နစက တပ်ဖွဲ့ဝင်များမှ မိုးပေါ် သေနတ်ပစ်ခတ်ကာ မီးရှို့သူများကို လူစုခွဲ ခဲ့ရသည်ဟုလည်း ဒေသခံက ပြောကြားသည်။

မီးရှို့သူများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လိုက်လံ စုံစမ်းနေကြောင်း သတင်း ရရှိသည်။

No comments: