ABC
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့တုန်းက တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့တော်ဆိုးလ်မြို့ကိုရောက် ရှိနေပြီး ဒီကနေ့မှာတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ Park Geun-hye နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သူတည်းခိုတဲ့ ဟိုတယ်ပြင်ပမှာ မနေ့က ကြိုဆိုခဲ့ကြပြီး အများစုမှာတော့ဝမ်းသာမျက်ရည်တွေ စို့ နေ ကြ တယ် လို့ အေဖက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တောင်ကိုးရီးယားနိုင်ငံ ခရီးစဉ်အတွင်း စပ္ပယ်ရှယ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲကို လည်း တက်ရောက်ဖို့ ရှိပြီး လူ့အခွင့်အရေးဆုကို လက်ခံဖို့ ရှိ ကြောင်းလည်း သိရပါတယ်။
ဒီကနေ့မှာ တောင်ကိုးရီးယားသမ္မတနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုးရီးယားသမ္မတသစ်တို့ဟာ မိသားစုနောက် ကြောင်း ဆင်တူတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ လွှတ်လပ်ရေးရပြီးခါစကာလအတွင်း လုပ် ကြံခံခဲ့ရသလို တောင်းကိုးရီးယားနိုင်ငံသမ္မတရဲ့ ဖခင်ဖြစ်သူ သမ္မတ Park Chung-hee ဟာလည်း ၁၉၇၉ ခုနှစ်မှာ သူ့ရဲ့ ထောက်လှမ်း ရေး ခေါင်းဆောင်ရဲ့ လုပ်ကြံချက်နဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ Park Geun-hye တို့တွေ့ဆုံမှုဟာ နှစ်နိုင်ငံခေါင်းဆောင် တွေကြား နောက်ဆုံးပေါ် ဆွေးနွေးမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တောင်ကိုးရီးယားသမ္မတဟောင်း လီမြောင်ဘတ်က မြန်မာနိုင်ငံကို သွားပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
နှစ်နိုင်ငံအစိုးရခေါင်းဆောင်တွေက စီးပွားရေးပူးပေါင်းဖို့ သဘောတူခဲ့ကြသလို သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုးရီး ယားနိုင်ငံက စစ်လက်နက်တွေကို မဝယ်ယူတော့ဖို့ ကတိပေးခဲ့ပါ တယ်။
တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေရဲ့ ဆောင်းရာသီအိုလံပစ်အကြောင်း တစေ့တစောင်း
တောင်ကိုးရီးယားနိုင်ငံမှာ ဒီကနေ့ ကျင်းပမယ့် စပ္ပာယ်ရှယ် ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲ တက်ရောက်ဖို့အတွက် စိတ်ကျန်း မာရေးချို့တဲ့နေတဲ့ အားက စားသမား အယောက်ပေါင်း ၂၃၀၀ က စုဝေးနေကြပြီ ဖြစ်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံ Pyeongchang မြို့မှာ ကျင်းပမယ့် ၈ ရက်ကြာ အားကစားပွဲတော်ရဲ့ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကလည်း တက် ရောက်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၀ က ကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေထဲမှာမှ အာရှတိုက်အတွင်းက မွန်ဂိုးလီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။
စပ္ပာယ်ရှယ်ဆောင်းရာသီ အိုလံပစ်အားကစားပွဲဟာ မသန်မစွမ်းအိုလံပစ်အားကစားပွဲတော်နဲ့ ကွဲပြားပြီး ၁၉၆၈ ခုနှစ်ကတည်းက စတင်ကျင်း ပလာခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၈ နှစ်ကျော်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတိုင်း ပါဝင်ယှဉ်ပြိုင်ကစားနိုင်တဲ့ အိုလံပစ်အားကစားပွဲတော်လည်း ဖြစ်ပါတယ်။
No comments:
Post a Comment