Sunday, January 27, 2013

ဂစ္ဆပနဒီမြစ်အတွင်း တိုက်ခိုက်လုယက်မှု ကျူးလွန်သူများမှ တစ်ချို့သာဖမ်းဆီးခံရ

စိုးမင်း

ဇန္နဝါရီလ ၂၃ ရက်နေ့တွင်ဖြစ်ပွားသွားသော ဂစ္ဆပနဒီမြစ် အတွင်း တိုက်ခိုက်လုယက်မှု ကြောင့် ကျောက်တော်ရဲစ ခန်းမှ ဒုရဲအုပ်ဇော်မင်း အောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့မှာ ဇန္နဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲတွင် တိုက်ခိုက် လုယက်ရာ တွင်ပါဝင်သော ကုလားများ အားသွားရောက် ဖမ်းဆီးရာ ကျူးလွန်သူများထဲမှ ၆ ဦးကိုသာ ဖမ်းဆီးခဲ့ ကြောင်း ဒေသခံတစ် ဦး၏ သတင်းပေးပို့ချက်အရသိရှိရ သည်။

" ဒီနေ့ ၂ နာရီခွဲလောက်မှာပေါ့နော် ကျောက်တော် ရဲစ ခန်းက ဒုရဲအုပ် ဇော်မင်းအောင် ဦးဆောင် ပြီးတော့တိုက် ခိုက်လုယက်မှုမှာပါဝင်ခဲ့တဲ့ကုလားတွေကို သွားရောက် ဖမ်းဆီးပါတယ်။ ဖမ်းဆီးတယ်ဆိုပေမယ့် ကုလား ၆ ဦးကို သာ ဖမ်းဆီးခဲ့ပြီး ကျန်တဲ့ကုလားတွေကို လွှတ်ထားခဲ့ တယ်။ ယခုလို လွှတ်ထားခဲ့ရတဲ့ အကြောင်းအရင်းတော့ ရှိမှာပါ။ လာဘ်စားထား တာ မျိုးတို့ပေါ့။ လာဘ်စားမထား ဘူးဆိုရင် တရားခံတွေကို တွေ့ပါလျှက်နဲ့လွှတ်ထားခဲ့ တယ်ဆိုတာ မဖြစ်သင့်ဘူး " ဟု တရားခံ များအားသွား ရောက် ဖမ်းဆီးခြင်းအား လေ့လာစောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးလာသော ကုလားများအား ပုဒ်မ ၃၆၀ ခိုးမှုဖြင့် ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ " အမှန်ဆိုရင်တော့ သူတို့ကို ပုဒ်မ ၃၉၅ ခြိမ်းခြောက်မှုနဲ့ အ မှုဖွင့်ရမှာဖြစ်တယ်။ အခုက ပုဒ်မ ၃၆၀ ခိုးမှု နဲ့ဖွင့်ထားပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက စခန်းမှူးအနေနဲ့ အဖြစ်မှန်ကို အဖြစ်မှန်အ တိုင်း ဘက်မလိုက်ဘဲ တရားဥပဒေအတိုင်း လုပ် ဆောင်စေချင်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်လုယက်မှုကျူးလွန်သူများအား သွားရောက်ဖမ်းဆီးရာတွင် ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ပုဒ်မ ၄ ခုဖြင့် ဖမ်းဝရမ်း ထုတ် ခံထားရသော၊ ယခုအချိန်လွတ်မြောက်နေသော ကုလားတစ်ဦးအား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ ကုလားအားဖမ်းဆီးရန် ဒုရဲအုပ် ဇော်မင်း အောင်က စခန်းမှူအား အစီရင်ခံခဲ့ရာတွင် ဖမ်းဆီးခြင်းမပြုရန် အမိန့်ကျလာကြောင်း တရားခံများအားဖမ်းဆီးရန်သွားသော ရဲ တပ်ဖွဲ့ထဲမှရဲ တစ်ယောက်၏ ဖွင့်ဟပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ အထက်အာဏာပိုင်များက ပြစ်မှုကျူးလွန်ထားသည့် တရားခံများအား ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင် ချက် များ မရှိခြင်းသည် ရခိုင်ပြည်အတွင်း ဒုစရိုက်မှုနှင့် ပြဿနာများ ပို၍များပြားလာစေရန် ဖန်တီးရာရောက်နေကြောင်း ကျောက် တော်မြို့ ရပ်မိ ရပ် ဖများ၏ ဝေဖန်ပြောဆိုသံများလည်း ထွက်ပေါ်လျှက်ရှိသည်။

No comments: