Tuesday, January 29, 2013

နစ်နာကြေးမရလို့ မီဇိုရမ်ဒေသခံများက ကုလားတန်စီမံကိန်း ကားလမ်းတူးဖော်မှုရပ် တန့်ခိုင်း

khonumthung

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံ ဖွံ့ဖြိုးရေးစီမံ ကိန်း၏ အိန္ဒိယ ဘက်ခြမ်း ကားလမ်း တူးဖော်ရေးလုပ်ငန်းကို မီဇိုရမ်ပြည်နယ်မှ ဒေသ ခံလယ် ယာမြေပိုင် ရှင်များက နစ်နာကြေး မရသော ကြောင့်ဟု ဆိုကာ ယခု လ ၂၁ ရက်နေ့ ကစပြီး အဆိုပါကားလမ်းတူး ဖော် မှုကို ရပ်တန့်ခိုင်း လိုက် သည်ဟုသိရ သည်။

မီဇိုရမ်ပြည်နယ် Public Work Department (PWD) လက်အောက် တွင် အကောင် ထည်ဖော်နေသော မီ ဇိုရမ် ပြည် နယ် တောင်ပိုင်း Lawngtlai နှင့် Zochhachhuak ရွာအထိ ကားလမ်းတူးဖော်ရာတွင် ဆုံးရှူံး သွားသော ဒေသခံပိုင် လယ် ယာ မြေအတွက် နစ်နာကြေး မရရှိသောကြောင့် Lawngtlai to Indo-Myanmar Border Road Land Owners Asso ciation ဟုခေါ်သော အိန္ဒိယ-မြန်မာနယ်စပ် လယ် ယာမြေ ပိုင်ရှင်များအဖွဲ့က ယခုကဲ့သို့ ကားလမ်းတူးဖော်မှုကို ရပ်ဆိုင်းခိုင်း လိုက်ခြင်းဖြစ်ကြောင်းလယ်ယာမြေပိုင်ရှင် များအဖွဲ့ဥက္ကဌက ပြောသည်။

“ အဲဒီကားလမ်းဖောက်လုပ်တဲ့နေရာမှာ ပါသွားတဲ့ ကျနော်တို့ရဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေး ပေးဖို့ မနှစ် အောက်တိုဘာလကတည်း က အစိုးရကို ကျနော်တို့တင်ပြပြီးသားဖြစ် တယ်၊ ဒါပေမယ့် ခုချိန်ထိ အစိုးရက နစ်နာကြေး မပေးသေးတာကြောင့် ကျနော်တို့ လယ်ယာမြေ ပိုင်ရှင်များ အဖွဲ့အနေနဲ့ လောင်တလိုင်အုပ်ချူပ်ရေးမှူး(DC) ထံကို Stay Order ထုတ်ပြီး ကားလမ်းဖောက် လုပ်မှုကို ရပ်တန့်ခိုင်းလိုက်တာဖြစ် တယ်’’ ဟု သူကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အစိုးရက မြေပိုင်ရှင်အယောက် ၁၀၀ ထံ နစ်နာကြေးပေး ထားပြီးဖြစ်သည် ဟု သိရပြီး သို့သော် လည်း နစ်နာကြေးမရရှိသေးသူ မြေပိုင်ရှင် အယောက် ၄၀၀ ကျော် ကျန် ရှိနေသေးကြောင်း လယ် ယာမြေပိုင်ရှင်များအဖွဲ့က ပြော သည်။

လယ်ယာမြေပိုင်ရှင်များအဖွဲ့က သက်ဆိုင်ရာအစိုးရထံ သူတို့လယ်ယာမြေအတွက် ၁ပေ ပတ်လည်မြေ ကွက် ကို ရူပီး ၅၀ နှုန်းဖြင့်ပေးချေရန် တောင်းဆိုထားကြပြီး ၎င်းတို့၏တောင်း ဆိုချက်အတိုင်း မရရှိပါက အဆိုပါ ကားလမ်းတိုးဖော်မှု လုပ် ငန်းကို ဆက်လက်တူးဖော် ခွင့်ပြုမည် မဟုတ်ကြောင်း လယ်ယာမြေပိုင်ရှင်များအဖွဲ့ကပြောသည်။

လောင်တလိုင် နှင့် ဇိုးချချွရွာအကြား ကားလမ်းတူးဖော်ရေးလုပ်ငန်းသည် အပြီးသတ်ရန် ၁၈ ကီလို မီတာခန့်သာ လိုတော့ သည်ဟုသိရသည်။

အိန္ဒိယနိုင်ငံ Ministry of External Affairs မှ ငွေကြေးအကုန်ကျခံထားသော ကုလားတန်စီမံကိန်းတွင် မီဇိုရမ်ပြည်နယ်အစိုးရလက်အောက် ခံ Public Work Department (PWD) က လောင်တလိုင်မှ ၉၉ ကီလိုမီတာ ကွာဝေး သော ဇိုးချချွအထိကားလမ်းကို တာဝန်ယူဖောက် လုပ် ပြီး၊ ဇိုးချချွမှ ချင်းပြည်နယ်ဘက်ခြမ်းကားလမ်းကို မြန်မာ အစိုး ရက တာဝန်ယူဖောက် လုပ်နေခြင်း ဖြစ်သည်။

ချင်းပြည်နယ်ဘက်ခြမ်းကားလမ်းတူးဖော်သည့်လုပ်ငန်းတွင်မူ မီဇိုရမ်ဘက်ခြမ်းမှ ဒေသခံများ ရင် ဆိုင်နေရသော နစ်နာ ကြေးပြ သာနာကိစ္စ မျိုး ကြုံတွေ့ခြင်းရှိမရှိကိုမူ မသိရသေးပေ။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များ ကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ် လုပ် ဆောင်ခြင်း ဖြစ်သည်။


စီမံကိန်းအရ ကုလားတန်မြစ်ကိုတိုးချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝ မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ် ရန် ဆောင်ရွက်နေကြ ခြင်းဖြစ်သည်။

No comments: