Sunday, January 27, 2013

မီးဘေးဒုက္ခသည်အများအား လာရောက်ကူညီသူများပြား

ဖဲဘူး

လူနေ အိမ်ခြေထက်ဝက်ကျော် လောင်ကျွမ်းသွားသော ဒေါဆိုဖျရွာမှ မီးဘေးဒုက္ခသည်များကို ကယားပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီး
ကျေး ရွာအသီးသီးမှ လာရောက်ကူညီလှူဒါန်းသူများ များပြားနေတာကိုတွေ့ရပါတယ်။

“အဲဒါကတော့ အဖွဲ့အစည်းအမျိုးမျိုးပေါ့ ဒီကယားပြည်နယ်မှာရှိတဲ့အဖွဲ့အစည်းတွေ အကုန်လုံးပါ ပဲ။ ….. ဟိုပုဂ္ဂလိကတို့ ACF တို့ အဲလို ပုံစံ မျိုးရယ်.. နောက်အစိုးရ၀န်ထမ်းတွေရော ၊ဒကစမှူး၊ ၀န်ကြီးချုပ်တွေ အဲလိုမျိုး ကေအင်ပီပီ.. အများကြီးပါပဲ တချို့က careMyanmar တို့ နောက် တချို့မူဆလင်ကုလားတွေ ကနေလည်း လာသေးတယ်” လို့ ဒေါဆိုဖျ ရွာရှိ သဒ္ဓမ္မ မဉ္ဖူကျောင်းတိုက်မှ ဦးဇင်း ဦးနိမလ ကပြောပါ တယ်။

“လှူတဲ့အဖွဲ့အစည်းတော့တော်တော်များပါတယ်။ များတယ်ဆိုသလောက်တော့ ကျနော်လည်း နာ မည်တော့ မမှတ်ထားဘူးပေါ့နော။… သူတို့လှူတယ်ဆိုတာက ဆန်တို့ ဆားတို့ နောက်ပြီးလိုအပ်တဲ့ဟာတွေပေါ့။ ဒီရွာလူထုတွေရဲ့လို အပ်တဲ့ဟာကိုလှူပေးတယ်။” လို့ ဒေါဆိုဖျကျေး ရွာ ဒေသခံတဦးဖြစ်တဲ့ မီရယ်ကပြောပါတယ်။

ဒေါဆိုဖျရွာမီးဘေးဒုက္ခသည်တွေအတွက် ကယားပြည်နယ်အစိုးရ အဖွဲ့၊ INGOsတွေ UNHCR၊ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ၊ လူမှုအ ခြေပြု လူမှုအဖွဲ့အစည်းများ၊ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊နှင့်စေတနာရှင်အသီးသီးမှ လာရောက်လှူဒါန်းခြင်းနှင့်အားပေး နှစ် သိမ့်မှုများ ပြုလုပ်ပေးကြတယ်လို့သိရပါတယ်။

“အခုကလတ်တလောလိုအပ်ချက် ဆိုတဲ့ခါကျတော့ ကျနော်တို့ ဆန်နဲ့အိုးပဲ ကျနော်တို့စီစဉ်ထား တာပေါ့။ အဲမှာပြန်လည် ထူထောင်ရေးလုပ် ငန်းမှာ လိုအပ်တာရှိ ရင်လည်းကျနော်တို့ ဆက်ပြီးမှ လှူဒါန်းသွားမယ့် အစီအစဉ်ရှိတယ် ဒါပေမဲ့ ကျေးရွာလူကြီးတွေနဲ့တွေ့ပြီးမှ သူတို့ရဲ့လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးမှ သူတို့ရဲ့ အမှန်တကယ်လို အပ်ချက်ကိုကျနော်တို့ သိရှိလို့ရှိရင် အဲဒီလိုအပ်ချက်ကို ဖြည့်စွက်ဖို့ အစိအ စဉ် တွေရှိပါတယ်။”

မီးဘေးဒုက္ခသည်တွေအတွက် ဆန်နှင့်အိုးများကို လာရောက်လှူဒါန်းတဲ့ ကိန္နာရာ ကျေးလက်လူမှုဖွံ့ဖြိုးရေး အဖွဲ့ မှ ဥက္ကဌ ဦးဌေးရယ်က လည်း အခုလိုပြောသွားတာပါ။

ဒေါဆိုဖျမီးဘေးဒုက္ခသည်များ အတွက် အဖွဲ့အစည်းအသီးသီး စေတနာရှင်အသီးသီးမှ လာရောက်လှူဒါန်းသော ပစ္စည်းအသုံးအဆောင် အိုး ခွက်ပန်ကန်များမှာ လတ်တလောလိုအပ်ချက်တွေအတွက် ပြီးပြည်စုံနေပြီဖြစ်သော်လည်း ကျေးရွာပြန်လည် ထူထောင်ရေးအတွက်မူ သွပ်ပြား သံမိုစတဲ့ အိမ်ဆောက်လုပ်ရန်ပစ္စည်းပစ္စယများ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

“အခုစားဝတ်နေရေးကတော့လုံလောက်ပါတယ် လိုအပ်တာကတော့ သွပ်တွေ သံတွေပေါ့နော အဲ ဒါ တွေပဲလိုတယ်။ “ လို့ ဦးဇင်း ဦးနိမလ က ပြောပါတယ်။

လာရောက်လှူဒါန်းသူများနှင့် လှူဒန်းသည့် ပစ္စည်းများ အရေအတွက်များကို စာရင်းပြုစုမှတ်တမ်းထားသည့် အစိုးရစစ်တပ်မှ အရာရှိ များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံတောင်းခံခဲ့ပေမဲ့ စာရင်းတိတိကျကျ မရရှိခဲ့ပါဘူး။

No comments: