Monday, January 28, 2013

စစ်လေ့ကျင့်ရေးကျောင်းမှ အလုပ်သမား ဆယ်ကျော်သက် အမျိုးသမီးငယ်ကိုတော ထဲ တညခေါ်သွား

ကယားထဲ

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်မှ ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ အသက် ၁၁ နှစ်ရှိ ကလေးမတဦးကို အမှတ် (၁၄) စစ်တပ်လေ့ကျင့် ရေး ကျောင်းတည်ဆောက်နေသည့် ဆောက်လုပ်ရေးအလုပ်သမားတဦးက တောထဲ တညခေါ်သွားခဲ့တယ်လို့ ဖရူဆိုမြို့နယ်မှ ဓမ္မဆ ရာတ ဦး ဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။

“၂၄ ည ကြာသပတေးညနေ အသက် ၁၁ နှစ်အရွယ်ကလေးမတယောက်ကကျူရှင်သွားဖို့လမ်းမှာ အမှတ် ၁၄ စစ်တပ်လေ့ကျင့်ရေးကျောင်း မှာ ဆောက်လုပ်ရေးလာပြီးတော့မှ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်က အဲဒီကလေး မလေးကို အတင်းအဓမ္မဆွဲခေါ် သွားတယ် တ ညလောက်ခေါ်သွားပြီး တောထဲမှာပဲ သွားထားလိုက်တယ်။” လို့ ပြောပါတယ်။

ကလေးမကို တောထဲသို့ခေါ်သွားတယ်ဆိုတဲ့ မသင်္ကာသူ ဆောက်လုပ်ရေးအလုပ်သမားတဦးကို ကလေးမရှိရာသို့ပြန်ပြီးလမ်းပြပေး ခိုင်း ရာ မှာ အမှတ်(၁၄) တပ်လေ့ကျင့်ရေးကျောင်းဘေးနားမှာပင် ကလေးမကို ပြန်တွေ့ရကြောင်း ပြောပါတယ်။

ဖြစ်စဉ်က ၂၄ ရက်နေ့ည ၈ နာရီအထိ ကလေးမလေး အိမ်ပြန်မရောက်၍ မိဘများနှင့် ဆွေမျိုးအသိုင်းအဝိုင်းများ ညလုံးပေါက်လိုက်ရှာ ခဲ့ကြ ပြီး မတွေ့ကြသဖြင့် ၂၅ ရက်နေ့ မနက်တွင် မိသားစုများက အမှတ် (၁၄) တပ်လေ့ကျင့်ရေးကျောင်းဝင်းအတွင်းသွားရှာခဲ့ရာမှ အ လုပ်သမား တ ဦးကလည်း ပျောက်နေကြောင်း ယခုလို ဆရာဦးသဲရယ်က ရှင်းပြပါတယ်။

“တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ တပ်ထဲသွားစုံစမ်းတော့ အလုပ်သမားတယောက် တကယ် ပျောက်နေတယ်ဆိုတဲ့ သတင်း ကြား တဲ့အခါကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေး မ ကိုကြိုးဖြေထားခဲ့ တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ် သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်း ဘေးမှာစောင့်နေတယ်။

အဲဒါနဲ့ အဖွဲ့ခေါင်းဆောင်က ကိုစိုးဌေး သူ့လူ ကြယ်စင်မောင် သူက ဆိုင်ကယ်နဲ့သွားပြန်တင်လာတယ်။ ဒီကိုခေါ်လာပြီး ကလေးမရဲ့ ရွယ် သူကလေး သူငယ်ချင်းတွေကို ပြန်လာပြတယ် မနေ့က ခေါ်သွားတဲ့ သူက အဲဒီလူလားပေါ့ ဟုတ်လားမဟုတ်လား ဆိုတာမေး တော့ကလေး တွေ က အဲဒီလူပဲလို့ ဖြေကြတယ် အဲဒါနဲ့ ကြိုးနဲ့ချည်ပြီးတော့မှ ဖမ်းချုပ်ထားလိုက်တယ်။”
လက်ရှိ ကလေးမ ကို ဆေးရုံတင်ထားပြီးဆရာ ဝန်၏ ဆေးစစ်ချက်ကိုစောင့်နေကြပြီး မသင်္ကာသူ အလုပ်သမားတဦးကို ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

“အဲဒီကလေးမလေးကို တညလုံးခေါ်သွားပြီးတော့မှ ကလေးမလေးလည်း အတင်းအဓမ္မပြုကျင့်ခံရတဲ့ သက်သေသာဓကကိုတော့ တွေ့ရှိခဲ့ တယ်။ ဒါပေမဲ့လို့ ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ကျနော်တို့ ထပ်ပြီးစစ်ဆေးနေတယ်။ အခုချက်ချင်း တော့ ကျနော်တို့ အတည်ပြုလို့မရ သေး တဲ့ သဘောမှာရှိတယ်။” ဓမ္မဆရာ ဦးသဲရယ်က ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်မှ ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ တဦးက “ဟုတ်ပါတယ် ခင် ဗျား အဲဒါ rapes case ပါခင်ဗျား rapes case ပါ စခန်းမှူးနဲ့လာတွေ့လိုက်ပါ ဒီဖြစ်စဉ်ကတော့ အမှန်အကန်ပါပဲခင်ဗျား” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက် (၁၁) ရှိကလေးမလေးအမည်နှင့် မိဘတွေ၏အမည်တွေကို ဖော်ပြခွင့် မရှိသေးပါဘူး ။ ဆရာဝန်၏ ဆေး စစ် ချက်နှင့် ရဲစခန်းမှ တွေ့ရှိချက်တွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

No comments: