ဂျွန်မိုးနိုင်
ချောင်းရေစီးသံနဲ့ အတူ၊ ချမ်းအေးလှတဲ့ ညတညရဲ့ မှိန်ပြပြလမင်းအလင်းရောင်အောက်ကတောင် ကုန်းလေးတနေရာကနေ ပျံလွင့်လာ တဲ့ ဗုံပုလွေသံကို နောက်ယောင်ခံလိုက်နေရင်းက လူတစုမီးပုံကို ဗဟိုပြုကာတီးမှုတ်ကခုန်နေကြတဲ့ဆီကို တည့်တည့်မတ်မတ်ရောက်လို့ သွားပါ တယ်။
ဘယ်လိုလူမျိုးတွေ က ဒီလိုချမ်းအေးတဲ့အချိန်မှာက ခုန်တီးမှုတ်နေကြတာပါလိမ့် ဆိုတဲ့ မသိစိတ်ရဲ့ တွန်းပို့မှုကြောင့် သူတို့ရှေ့ကိုရောက်သွား ချိန်မှာတော့ ညအချိန် မီးရောင်အောက်မှာ အတိုင်းသား မြင်နေရတဲ့ ရွှေရောင်အဆင်းရှိကြေး ကွင်းကို လည်ပင်းမှာပတ်ထားတဲ့ သမိုင်းဝင် ကရင်နီမျိုးနွယ် စုဝင် ကယန်းပတောင် ခေါ် ကြေးကွင်းပတ် အမျိုးသမီးတွေပဲ ဖြစ်နေပါ တယ်။ သူတို့တတွေ ၂၀၁၃ ခုနှစ်ကိုကြိုဆိုတဲ့အနေနဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ရိုးရာကခုန်မှုတွေနဲ့ တဦးနဲ့တဦးဖျော်ဖြေမှုတွေ ဖလှယ်နေကြတာပါ။
သူတို့ကို ကြည့်နေရင်းခေါင်းထဲဝင်လာတာတခုက ဒီအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ လမ်းလျှောက်ပုံတွေကမသိရင် ညရဲ့ အလင်း ရောင် အောက်မှာ ၂၁ ရာစုကစက်ရုပ်တွေများ လမ်းသွားနေသလားလို့ အောက်မေ့ရပါတယ်။
အမှန်တော့ ဒါဟာရှေးပဝေသဏီကတည်းကတည်ရှိခဲ့တဲ့ ကယန်းလူမျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှု နဲ့ ဓလေ့ထုံးတမ်း အဆောင်အရောင် တွေ ပါဘဲ။
မဟုတ်တရုတ် အတွေးတွေရပ်ပြီးသတိတွေ ပြန်ဝင်လာတဲ့အချိန်မှ သတိထားမိတာက ထိုင်းမြန်မာနယ်စပ်က မယ်ဟောင်ဆောင်ခရိုင်အ တွင်း ရှိ ဟွေ့ပူးကဲခေါ် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာရွာငယ်လေးတရွာသို့ ရောက်ရှိနေခြင်းပင်။
အဲ့ဒီညကစပြီးဘယ်လိုလုပ် ဒီလူမျိုးတွေကတိုင်းတပါးမှာ လာရောက်ပြီး နေထိုင်ကာခရီးသွားဧည့်သည်များရဲ့ အပန်းဖြေနေရာမှာလာ ရောက် နေထိုင်တာပါလိမ့်ဆိုတဲ့ သိလိုစိတ်ကနောက်တနေ့ နံနက် အထိခေါင်းထဲမှာကျန်ရှိနေပါတော့တယ်။
"ကျမတို့ ဒီမှာလာရတာကကျမတို့… လူကြီးတွေကခေါ်လာတယ်လေ။ ပြီးတော့ လူကြီးတွေကပြော တယ်။ နိုင်ငံခြား ဧည့်သည်တွေက ကြေး ကွင်းပတ် ကယန်းလူမျိုးတွေကို တွေ့ချင်တယ်တဲ့။ သူတို့ကိုကူညီပါလို့ အဲ့လိုပြောလို့ လိုက်လာ တာပါ။ တကယ့်တကယ် ဒီမှာရောက်လာတဲ့ ခါကျတော့ သူတို့ ဘာအကူအညီမှ မပေးဘူး။ ဒါပေမယ့် ဒီမှာရောက်တဲ့အခါမှာတော့ ကိုယ့် ဘာသာကိုယ်ပဲဘဝကို တည်ထောင် ခဲ့တယ်။" အသက် ၅၄ နှစ်အရွယ် ကြေးကွင်းပတ်အမျိုသမီးမူထူး ကနေပြီးပြောပြသွား တာပါ။
သူမဟာရွာတည်စကတည်းကရှေးဦးဆုံးဒီရွာကိုအခြေချနေထိုင်ခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ အခုဆိုရင် ဒီမှာနေထိုင်တာဟာလည်း နှစ် ပေါင်း ၃၀ နီးပါးရှိသွား ပြီလို့ဆိုပါတယ်။
ဟွေ့ပူးကဲရွာကိုလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက စတင်ထူထောင်ခဲ့ကြပါတယ်။ ကရင်နီတော်လှန်ရေး မိသားစုများထဲမှ မူ ထူးလို အိမ်ရှင်မတဦးစနှစ်ဦးစကနေ ၁၉၉၅ ခုနှစ်နောက်ပိုင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPနဲ့ စစ်အစိုးရအကြား အပစ်ခတ် ရပ် စဲရေး ပျက်ပျယ်ခဲ့ပြီးတဲ့နောက်မှာ ပြည်တွင်းကထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေများပြားလာခဲ့ရာမှ စတင်ပြီးအခုချိန်မှာတော့ ဒီရွာ ဟာအိမ်ခြေ ၄၅ အိမ်ရှိပြီး လူဦးရေ ၁၉၈ ဦးနေထိုင်တဲ့ ကမ္ဘာလှည့်ခရီးသွားများစွဲဆောင်တဲ့ ရွာအထိဖြစ်လာရပါတော့တယ်။
မယ်ဟောင်ဆောင်ဒေသမှာ ဟွေ့ပူးကဲကျေးရွာအပြင် ကြေးပတ်ကယန်းတွေနေထိုင်ကြတဲ့ ဟွေ့စူထောက်နဲ့ ကယန်းသာယာရွာဆိုပြီး သုံး ရွာ ရှိပါတယ်။
ကမ္ဘာလှည့်ခရီးသွားပစ်မှတ်ဖြစ်လာတဲ့ အချိန်ကစပြီး သူတို့ဟာရွာအပြင်ဘက်ကို ထွက်ခွင့်မရှိပဲရွာကိုလာတဲ့ ဧည့်သည်တိုင်းရဲ့ အကြည့် ရှုခံ မ နုဿ လူသားထဲက လူထူးဆန်းသဖွယ် ဖြစ်နေရပါတော့တယ်။
"ဘာလို့လဲဆိုတော့ လည်ပင်းကပတ်ထားတဲ့ ကြေးကွင်းကစိတ်ဝင်စားစရာဖြစ်နေတယ်လေ။ ပြီး တော့သူတို့ရဲ့ ခန္ဓာကိုယ် ဘယ်လိုမျိုးထူးခြား လဲဆိုတာ တွေကိုမျက်မြင်တွေ့ချင်လို့ပါ" လို့ ဥရောပတိုက်၊ ဒိန်းမတ်နိုင်ငံကနေလာတဲ့ ခရီး သွားဧည့်သည်တယောက်ကနေ လာရောက်လည် ပတ် ရခြင်းရဲ့ အကြောင်းရင်းကိုပြောပြပါတယ်။ တဆက်တည်းမှာပဲ အခုလိုလည်ပတ် ပြီးသွားလို့ ဒီရွာကို "ကျနော့်အနေနဲ့ အနည်းငယ်တော့ စိတ်ပျက်မိတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒီဟာကသိပ်ပြီး စီးပွားရေးဆန်လွန်း တယ်။ ဒါပေမယ့် တဖက်ကကြည့်မယ်ဆိုရင် တော့ သူတို့( က ယန်းပတောင်) တွေလည်း စားဝတ်နေရေး အဆင်ပြေတာပေါ့။ ကျတော် အနေနဲ့ ဒါမျိုးဖြစ်စဉ်တွေကို ဥရောပမှာလည်းတွေ့ဖူးပါတယ်။"
အခုလိုမျိုးကမ္ဘာလှည့်ခရီးသည် တွေလာတိုင်းဓာတ်ပုံအရိုက်ခံ၊ ပြီးတော့ ကိုယ်တိုင်ယက်လုပ်တဲ့ အထည်တွေ ပြန်လည်ရောင်းချရင်းနဲ့ပဲ မိမိတို့ ဘိုးဘွားဘီဘင်ခေတ်ကတည်းကသမရိုးကျ လုပ်ကိုင်စားသောက်လာကြတဲ့ တောင်ယာ၊ လယ်ယာတွေနဲ့ နေအိမ်တွေကိုရော ပြန် လည်သ တိရ မလွမ်းဆွတ်တော့ ဘူးလားဆိုတဲ့ အတွေးတွေ ခေါင်းထဲကိုမေးခွန်းအဖြစ် ဝင်လာပါတယ်။
"မသိဘူးလေသူများပြန်ရင်လိုက်ပြန်မယ်၊ နေရင် လိုက်နေမယ်။ တကယ်လို့များ ပြန်လည် နေရာချ ထားရေးတွေလုပ်ပေးခဲ့ရင်လည်းကိုယ့် ဘာ သာကိုလယ်ထဲ၊ တောင်ထဲသွားတဲ့ အရည်အချင်းလည်းမရှိတော့ဘူး၊ အိုလည်းအိုလာပြီလေ။ သူများကျွေးရင်လည်း တနှစ်လား၊နှစ် နှစ်လား အဲ့လောက်ပဲကျွေးမှာပေါ့။ တသက်လုံးမကျွေးပါဘူး။ ကိုယ့်မှာအရင်းအနှီးရှိထားဖို့တော့ လိုတယ်လေ။ ပြန်ဖို့မပြန်ဖို့ကတော့မဆုံး ဖြတ်တတ်သေးဘူး။" လို့ ဒေါ်မူထူးကနေ ပြောပြသွားပါတယ်။
ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့အတွက် အခုချိန်ဟာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အပစ်ခတ်ရပ်စဲ ရေး လုပ်ထားတဲ့ အချိန်ကာလဖြစ်ပါတယ်။
ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ပြည်ပရောက် ဒုက္ခသည်တချို့ဟာ အကောင်းမြင်ကြသလို့ တချို့သော သူ တွေဟာလည်းသံသယနဲ့ စောင့်ကြည့်လျက် ရှိနေကြပါသေးတယ်။
ဒီထဲမှာထိုင်းနိုင်ငံရောက် ကြေးကွင်းပတ် ကယန်းလူမျိုးတွေလည်း ပါဝင်တယ်လို့ ပြောရရင်လည်းမှားနိုင်မယ် မထင်ပါဘူး။ အဲ့ဒါနဲ့ ပတ် သက် ပြီးဟွေ့ပူးကဲရပ်မိရပ်ဖ ဖြစ်တဲ့ ခွန်းမောင်ပိန်ကနေ အခုလိုပြောပြသွားပါတယ်။
"တကယ် ဒီမိုကရေစီပဲ ဖြစ်ဖြစ်၊ ဖယ်ဒရယ်ဖြစ်ဖြစ် စစ်မှန်ပြီဆိုလို့ရှိရင် ပြန်ချင်စိတ်တော့ရှိတယ်။ ဒါ ပေမယ့် ဒီအနေအထားကနေ၊ နိုင်ငံရေး ကလက္ခဏာအမျိုးမျိုးပြောင်းလို့ ရှိရင်တော့ ကျနော်တို့ မယုံသေးဘူးဆိုတော့ ဒီကိစ္စ ကိုမစဉ်းစား ချင်သေးဘူး"
နန့်ပန် ဟုခေါ်သည့် ချောင်းနံဘေးကုန်းမြင့်ပေါ်က ဝါးထရံကာ၊ ဖက်မိုးများဖြင့် ဆောက်လုပ်ထားသည့် ကျေးလက်ဆန်ဆန် အိမ်များရဲ့ရှေ့က ကိုယ်တိုင်ယက်လုပ် ထားတဲ့ အထည်တွေနဲ့လက်လုပ် လက်ဆောင်ပစ္စည်း ရုပ်တွေနဲ့ ပြည့်နေတဲ့ ဟွေ့ပူးကဲရွာလေးကို ကျောခိုင်း လိုက်ချိန်မှာ တော့ ဒီရွာလေးဟာ အများတကာသွားရောက်လည်ပတ်ကြတဲ့ လူသားပြတိုက်အဖြစ်ကို ဘယ်လောက်ကြာကြာကြီး အ သက်မွေးနေရဦးမှာ လဲ… ဒါနဲ့ တိုင်းတပါးကဒီလူသားပြတိုက်အဖြစ်ကနေ လွတ်မြောက်လို့ရောကော သူတို့ရဲ့ လူနေမှုဘ၀အာမခံချက် ရှိ ရင်းထက်ပိုမိုကောင်း မွန် လာနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ တပွေ့တပိုက်နဲ့သာ အပြန်လမ်းခရီးကို စတင်လိုက်ရပါတော့တယ်…
No comments:
Post a Comment