Thursday, January 31, 2013

နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံမှားယွင်းမှုအတွက် တောင်းပန်

စောဇင်ညီ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၃

ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် မိုင်းခွဲ သဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးခဲ့ကာ အရပ်သား သေဆုံးခဲ့သည် ဟုသော သ တင်းနှင့် ပတ်သတ်၍ သတင်းဓါတ်ပုံများ မှားယွင်းဖော်ပြမှုအတွက် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည်တောင်းပန်စာ ထည့် သွင်းထားကြောင်း တွေ့ရှိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် နောင်အလားတူ မဖြစ်စေရန် အလေးအနက်ထား လိုက်နာ ဆောင်ရွက်သွား မည်ဖြစ်ပြီး သတင်းဓါတ်ပုံများကို စိစစ်အသုံးပြုရန် ပျက်ကွက်ခဲ့ ခြင်း အတွက် တောင်းပန်ကြောင်း ဖော်ပြထားသည်။

ထိုသို့  သတင်းဓာတ်ပုံမှားယွင်းစွာဖော်ပြမှုနှင့် ပတ်သတ်၍ အဆိုပါဓာတ်ပုံအား အဲပုဂံ လေယဉ်ပျက်ကျမှု သတင်းတွင် အသုံးပြု ခဲ့သည့် မြန် မာတိုင်းဂျာနယ်မှာမှ တစ်စုံတစ်ရာမှ တုံ့ ပြန်မည် မပာုတ်ကြောင်း မြန်မာတိုင်မ်း သတင်းထောက် ကိုဆန်းဦး ကပြောသည်။

“ကျွန်တော်တို့ က အေအက်ဖ်ပီက ဓာတ်ပုံကို ၀ယ်သုံးထားတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာတုန့်ပြန်မှုမှ မလုပ်ပါဘူး။ကျွန်တော်တို့  သတင်း ရေးထားတယ်။ဦးရဲထွဋ်ကို ဘဲ အကြောင်းကြား ထားပါတယ် ” ပာု ကိုဆန်းဦးက မဇ္ဈိမအား ပြောသည်။

အဆိုပါကိစ္စနှင့်  ပတ်သတ်၍ ၀ါရင့် သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ဒါပေမဲ့ မှားပုံမှားနည်းက ၂ ချက်ရှိတယ် တမင် တကာမှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စ ဆိုတော့ တမင်တကာမှားတတ် ကြတာပေါ့ ။ဒီမှားယွင်းမှုနဲ့  ပတ်သတ်ပြီး တာဝန်အရှိဆုံးသူကတော့  အယ်ဒီတာချုပ်ပါ။ ဒါကို ကျင့်ဝတ် အရ ချက်ချင်း ပြန်တောင်းပန် သင့်ပါတယ်။ဒီကြားထဲ အယ်ဒီတာချုပ်က ပြန် သေချာအောင် လုပ်နေလို့ ကြာသွားတာလည်း ဖြစ်တတ် ပါတယ်။”ပာု ၎င်း၏ အမြင်အား ပြောကြားသည်။

ထို့ ပြင် သတင်းစာတစ်စောင် အနေဖြင့် ကျင့်ဝတ်ကိုလိုက်နာမှုများလေလေ ဂုဏ်သိက္ခာ ကြီးမားလေလေ ဖြစ်ကြောင်းလည်း ဦးဖိုးသောကြာ က အကြံပြု ပြောကြားသည်။

No comments: