ABC
ထိုင်းနိုင်ငံက လှေတွေနဲ့ နောက်ထပ်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ကမ်းပေါ်တက်ခွင့်ပြည်ဝင်ခွင့် လုံးဝ မပြုတော့ ဘူးလို့ ကြေငြာပြီးနောက် တနေ့မှာ ရိုဟင်ဂျာ အ ယောက်ပေါင်း ၂၀၀ - အပြည့် အကြပ် တင် ဆောင်လာ တဲ့ လှေတစီးကိုထိုင်းအာဏာပိုင်တွေကအစာရိက္ခာနဲ့လောင် စာဆီ တွေ ပေး ပြီး ပြန်တွန်းခဲ့တယ်လို့ သိ ရ ပါတယ်။
ရိုဟင်ဂျာတွေ စီးလာတဲ့ လှေ ကို မုတ္တမပင်လယ် ဖူကက်ကမ်းခြေ နဲ့နီးတဲ့ Racha Noi ကျွန်း အနီးမှာ တွေ့ ရှိ ခဲ့တာဖြစ်တယ်လို့ သိ ရ ပါတယ်။
ထိုင်းနိုင်ငံမှာ လောလောဆယ် ရိုဟင်ဂျာလူမျိုး အယောက်ပေါင်း ၁၇၀၀ ကို ထိုင်းအာဏာပိုင်များက တရားမဝင်ခိုးဝင်မှု နဲ့ လူဝင်မှုကြီးကြပ် ရေး ထိန်းသိမ်းရေး စခန်းတွေ မှာ ထိန်းသိမ်းထားပြီး ကုလသမဂ္ဂက လဲသူတို့ အဖို့ တတိယ တနိုင်ငံ ပို့ ပေး ဖို့ ကြိုးပမ်းနေတယ်လို့ သိရ ပါ တယ်။
လူ့အခွင့်အရေးစောင့်ကြပ်ရေး အဖွဲ့ က တော့ ထိုင်းနဲ့မလေးရှား နိုင်ငံနယ်စပ်မှာ ရိုဟင်ဂျာလူမျိုး ၂သောင်းလောက်ရောက်ရှိနေပြီး - လူမှောင် ခိုကူးသူတွေက သူတို့ ကို ဈေးပေါတဲ့ အလုပ်သမားများ အဖြစ် အသုံးချ လုပ် စား နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းချက် တွေ အရ ဘင်္ဂလား ဒဲရှ် နိုင်ငံနဲ့ မြန်မာ ကို နှစ် စဉ် လူပေါင်း ၇၀၀၀ လောက်ပုံမှန် ပြေးရှောင်နေ ရာက နေ ၂၀၁၂ခု နှစ် ထဲမှာ ၁၃၀၀၀လောက် အထိ ရှိ ခဲ့ တယ်လို့ ဆို ပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီး ရခိုင်ပြည်နယ် မောင်း တောမြို့မှာ တနင်္လာနေ့ နေ့လည်က ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး လူတဦးသေ ဆုံး သွားတယ်လို့ မြန်မာ အစိုး ရ တရားဝင်ထုတ်ပြန်ခဲ့တယ်လို့ သိ ရ ပါတယ်။
ရိုဟင်ဂျာမူဆလင်တွေ လူနေများတဲ့ ရပ်ကွက်မှာ ဘင်ဂါလီ လူမျိုး အယောက် ၂၀ က စတင်တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ နာမည် မဖေါ်လို တဲ့ အစိုး ရ ဝန်ထမ်းတဦး က ပြောပြတယ်လို့ သိ ရ ပါတယ်။
ပစ်ခတ်မှု ဖြစ် ရာ က လူတဦး ဒါဏ် ရာ ရသွားပြီး ဆေး ရုံ အပို့ လမ်းမှာ သေ ဆုံးသွားတယ်လို့ လဲ သိ ရ ပါတယ်။ အခင်းဖြစ်ပွါးခဲ့ တဲ့ အခြေ အနေ မ ရှင်းမလင်းဖြစ်နေပြီး အစိုးရ ပြောခွင့် ရှိ ပုဂိုလ် ဦး ဝင်းမြိုင် က သစ်တော အရာ ရှိ တွေ အဲဒီ နေရာ တဝိုက် သွား ရောက် စစ်ဆေး နေ စဉ်ဖြစ်ခဲ့ တာလို့ပြောတဲ့ အကြောင်း သိ ရ ပါတယ်။
No comments:
Post a Comment