Tuesday, January 29, 2013

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်အား အဆက်အသွယ်ပြန်လည်ရရှိ

အာရ်ကန်တိုင်းမ်စ်

ယနေ့နံနက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် ဗဟိုစစ်ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်အားအဆက် အသွယ်ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီဖြစ် ကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်မတော် AA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်ဟန်က “ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ဟာ အခုလုံခြုံတဲ့နေရာတစ်ခုသို့ ရောက် ရှိ နေပြီဖြစ်ကြောင်း၊ တရုတ်စစ်ပုလိပ်များဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခရီးသွားစာရွက်စာတမ်းများနှင့် အထောက်အထားစာရွက်စာ တမ်းများ ဖျက် ဆီးခံခဲ့ရကြောင်း ” အာရ်ကန်တိုင်းမ်စ်သတင်းဌာသို့ အတည်ပြု သတင်းပေးပို့သွားခဲ့သည်။

ဇွန္န၀ါရီလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ China Esatern Airlines MU - 2594 လေယဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ စီးနှင်း လိုက် ပါစဉ် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် မဟာမိတ်အသိုင်းအဝိုင်းနှင့် ရက္ခိုင်တပ်မတော်မှ တာဝန်ရှိသူများ အပူတပြင်း လိုက် လံစုံစမ်း ခဲ့သဖြင့် ယနေ့နံပိုင်းတွင် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် အဆက်အသွယ်ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

No comments: