ABC
ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေရဲ့ ဌာနချုပ် လိုင်ဇာအနီးက အဓိကကျတဲ့ စိုးမိုးကုန်းတွေကို KIA ဘက်က ဆုတ်ခွာပေးပြီးတဲ့ နောက် ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေဟာဆက်လက်ဖြစ် ပွား နေသလို ဇန်န၀ါရီ ၂၈ရက် မနက်ပိုင်းကလည်းလိုင်ဇာအနီးကလ၀ါယန်ကျေး ရွာဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့လ၀ါးယန်ကျေးရွာဟာ လိုင်ဇာရဲ့အနီးမှာတည်ရှိပြီး လက်ဂျားယန်ဒေသမှာ တပ် စွဲ ထားတဲ့ အစိုးရတပ်တွေက လ၀ါယန် ဘက်ကို လာရောက်ခဲ့တဲ့အ တွက် တိုက် ပွဲ ဖြစ် တာ လို့ ကျောင်းသားတပ်မတော် မြောက်ပိုင်း တာဝန်ခံ ဦးလှဆိုင်းက အခုလိုပြော ပါ တယ်။
ဒီမနက်တော့ အဲဒီလက်ဂျားယန်ကလူတွေ လ၀ါယန်ဘက်ဆင်းလာလို့ မိနစ် ၃၀လောက် တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲကတော့ ဖြစ်တုန်း လေ၊ ဘာရပ်မှာလဲ မရပ်ပါဘူး၊ သူတို့အပစ်ရပ်ကြေငြာတာက လက်ဂျား ယန်ဒေသပဲ ရပ်တာ၊ ကျန်တဲ့ ဖားကန့်တို့၊ နမ့်ဆန်ယန်ဘက်မှာ လည်း တိုက်နေတုန်းပဲ၊ တပ်မဟာ (၃)မှာလည်း တိုက် နေတုန်းပဲ တပ်မဟာ (၁)၊ တပ်မဟာ (၂)မှာလည်းတိုက်နေတုန်းပဲ၊ တပ်မဟာ(၄) ရှမ်း ပြည် မြောက်ပိုင်းလည်း တိုက်နေတုန်း၊ ဒီမနက်ဆို အဲဒီဆွမ်ပရာဘွမ်ဘက်ဆို တောက်လျောက် သူတို့ထိုးလာတယ်လေ၊ တိုက်ပွဲ တွေဖြစ်ကြ တာပဲ အများကြီး။
အခုလိုအခြအနေတွေကြောင့် တရုတ်နိုင်ငံထဲမှာ ဆွေမျိုးရှိတဲ့သူတွေတော့ တရုတ်နိုင်ငံကို သွားရောက် တာမျိုးရှိပေမဲ့ကျန်တဲ့လိုင်ဇာဒေသခံ တွေနဲ့ လိုင်ဇာဒုက္ခသည်စခန်း လူတွေကတော့ တိုက်ပွဲတွေဖြစ်ပွား လာ ရင် ဗုံးခိုကျင်းတွေထဲဝင်ရောက်ပုန်းအောင်းပြီး စိုးရိမ်ထိန့်လန့်စွာ နေ နေရဆဲလို့ ပြောပါတယ်။
ငြိမ်းချမ်းရေးရရှိရေးအတွက် ရန်ကုန်မြို့ကနေ စစ်ဖြစ်ပွားနေတဲ့ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျောက်နေတဲ့အဖွဲ့ဟာ မနေ့မှာ တော့ ပဲခူးတိုင်ဒအတွင်းက ကျွဲပွဲမြို့ကို ရောက်ရှိနေပြီး မြို့နယ်တွေကိုဖြတ်တိုင်း လူစု လူဝေးနဲ့ တရားပွဲတွေမလုပ်ရဘူး၊ စာရွက်စာတမ်း တွေမဝေရဘူး၊ အလံမထောင်ရဘူး၊ ကြွေးကြော်သံတွေ မ လုပ်ရဘူး ဆိုတဲ့ဝန်ခံဂတိတွေပေး ထား ရပြီး ဒီအချက် ၄ချက်ဟာ နိုင်ငံသားတ ယောက်ရဲ့အခွင့်အရေးကို ကန့်သတ်နေသလို ဖြစ်တယ်လို့ ဦးဆောင်လမ်းလျောက် သူတ ဦးဖြစ်တဲ့ ကိုရန်နိုင် ထွန်းက ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေဟာ ရန်ကုန်မြို့ကနေ ထွက်ခွာလာတာ ဒီကနေ့ဆိုရင် ၉ ရက်မြောက် ရှိပြီဖြစ်တဲ့အတွက် ပင်ပန်း နွမ်းနယ်ပေမယ့်လည်း ဘယ်လိုအခက်အခဲပဲကြုံကြုံ လိုင်ဇာအ ရောက် ဆက်လျောက် သွားမှာ ဖြစ်တယ်လို့ ပြောကြတဲ့အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment