Saturday, January 26, 2013

စပါးပေါ်ချိန်ဈေးကျဆင်း၍ တောင်ကုတ်မြို့နယ် တောင်သူများအခက်တွေ

အာရ်ကန်တိုင်းမ်စ်

ယခုနှစ်စပါးပေါ်ချိန်တွင် စပါးဈေးအလွန်ကျဆင်းနေ၍ ရရာပေါက်ဈေးနှင့်ရောင်းချနေကြ ရသည့်အ တွက် စပါးစိုက်ပျိုးစရိတ်နှင့် စပါး ရောင်း ချသည့်ဝင်ငွေမှာ အလွန်ကွာဟနေခြင်းကြောင့် တောင်ကုတ်မြို့နယ်တောင်သူလယ်သမားများမှာ အခက်တွေ့နေကြရကြောင်း တောင်သူ လယ် သမားများထံမှ လာသောသတင်းအရ သိရသည်။

လွန်ခဲ့သည့်နှစ်က စပါးတစ်တင်းလျှင် ကျပ်ငွေ ၄၀၀၀ ထိပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် စပါးတစ်တင်းကို ကျပ်ငွေ ၂၆၀၀ သာ ရရှိ ကြောင်း သိရသည်။

" မနှစ်က မိုးတွင်းကာလမှာ စပါးတတင်းကို ကျပ်ငွေ ၄၀၀၀ လောက်ထိဖြစ်ခဲ့တယ်။ ဒီနှစ် ကောက် သစ်စပါးတွေ စပေါ်လာတော့ စပါး ဈေးက ထိုးကျသွားလိုက်တာ။ အခုလက်ရှိ စပါးတတင်းကို ကျပ် ၂၆၀၀ လောက်ပဲရှိတယ်။ စပါးရိတ် သိမ်းဖို့အတွက်အလုပ်သမားတွေငှားရမ်းရတယ်။ အလုပ်သမား တယောက်ရဲ့တရက်လုပ်အားခ တရက်ကိုစားစရိတ်ငြိမ်း ၂၀၀၀ ကျပ် ပေးရတယ်။ ဈေးမကောင်းပေမဲ့လုပ်အားခပေးချေစရာ တွေရှိတော့ ရတဲ့ပေါက်ဈေးနဲ့ပဲ ရောင်းချနေကြရတယ်။ " ဟု တန်းလွှဲ ချောင်းတောင်သူ ဦးမောင်လှဖြူက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြား သည်။

တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသသည် ရခိုင်ပြည်တွင် ကောက်ချေ (ငယ်)စပါးကိုအဓိကစိုက်ပျိုးသောဒေသဖြစ်ပြီး အဆိုပါဒေ သခံမှ ဒေသခံများမှာ စပါးထွက်နှုန်းနှင့် စပါးပေါက်ဈေးအပေါ်တွင် မှီခိုအားထားနေကြရေကြောင်းလည်း သိရသည်။

ထို့အပြင်တောင်သူလယ်သမားများမှာ စပါးစိုက်ပျိုးရန် အရင်းအနှီးကို စပါးကြိုပေးစနစ်ဖြင့် ငွေကြေးချေးယူထားရပြီး စပါးထွက်လာသည့် အခါ ပေါက်ဈေးဖြင့်အတိုးပေးကာ ပြန်လည်ပေးချေရကြောင်း အဆိုပါတောင်သူမှ ဆက်လက် ပြောဆိုသည်။

" ကျနော်တို့ဒေသခံ ၉၉ ရာခိုင်နှုန်းလောက်က လယ်ယာလုပ်ငန်းကို မှီခိုလုပ်ကိုင်အသက်မွေးဝမ်း ကျောင်း ပြုကြရတယ်။ တောင်သူလယ်သ မားအများစုက အကြွေးကင်းတဲ့ လူရယ်လို့တောင် မရှိသလောက်ရှားပါတယ်။ စပါးစိုက်ပျိုး မယ့်ရာသီကို စရောက်တာနဲ့ စပါးစိုက်ပျိုးနိုင်ဖို့အတွက် ငွေကြေးတွေ ချေးငှားပြီး လယ်ယာလုပ်ငန်းသုံးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ကြရတယ်။ ပြီးတော့ စိုက်ပျိုးစရိတ်ကလည်း ရှိပါသေးတယ်။ အဲဒီအကြွေးတွေကို အသီးပေါ်တဲ့အချိန်မှာ ပြန်ဆပ်ကြရတာမို့ စပါးဈေး ကောင်းကောင်း၊ မကောင်းကောင်း အတိုးထောင်းမှာ စိုးရိမ်ရတဲ့အတွက် ရတဲ့ပေါက်ဈေးနဲ့ ထုတ်ရောင်းကြရတာပေါ့။ စပါးဈေးကမကောင်းတဲ့အတွက် ဒေသခံတောင်သူတွေရဲ့ စားဝတ်နေရေးဟာ လွန်ခဲ့တဲ့နှစ်ကထက် ကျပ်တည်းခက်ခဲကြပါတယ်။ " ဟု ဦးမောင်လှဖြူက ပြောဆိုသည်။

ထို့အတူ တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကုန်စုံဆိုင်များနှင့်ဈေးဆိုင်သည်များမှာ ဒေသခံတောင်သူလယ်သမားများအပေါ် မှီခို ၍ ရောင်းချနေကြရသည့်အတွက် စပါးဈေးကျဆင်းသည့် ဂယက်ကြောင့် အဆိုပါဈေးသည်များအား တိုက်ရိုက်ထိခိုက်မှုများရှိကြောင်း ဒေ သ ခံဈေးသည်များက ပြောသည်။

ကမ္ဘာ့ဆန်အများဆုံး တင်ပို့နိုင်မှုစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ် ၉ နေရာတွင် ရှိနေကြောင်း အမေရိကန်လယ်ယာ စိုက်ပျိုးရေးဌာန (USDA-United States Department of Agriculture) က ထုတ်ပြန်ထားသည့် စရင်းဇယားအရသိရှိရပြီး ရခိုင်ပြည်သည် မြန်မာနိုင်ငံ၏ တ တိယ ဆန်စပါးအထွက်ဆုံးဒေသတစ်ခုဖြစ်ကြောင်းလည်း သတင်းများတွင်ဖော်ပြချက်အရ သိရှိရသည်။

No comments: