Thursday, January 31, 2013

စိတ်ကျန်းမာရေးချို့တဲ့သူတွေကို လူမှု့အသိုင်းဝိုင်းက မပယ်ကြဖို့ ဒေါ်စုပြော

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ​နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်ခံရပြီး ​လူမှုဘဝမှာ ​အထီးကျန် ခံခဲ့ရတဲ့ ​အတွေ့အကြုံကို ​စိတ်ကျန်းမာရေးချို့တဲ့သူတွေကလူတွေ နဲ့ ​ကင်းကွာအပယ်ခံရ ​ခံစားနေရတဲ့ ​အတွေ့ကြုံနဲ့ ​ယှဉ်ပြီး ​သူတို့ကို ​လူမူ့အသိုင်းအဝိုင်းက ​မပယ်ဖို့ ​ပြောသွားခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ​Pyeongchang ​မြို့မှာ ​ကျင်းပနေတဲ့ ​စပ္ပာယ်ရှယ် ​ဆောင်းရာသီ ​အိုလံပစ် ​အားကစား ​ပွဲ ​တော် ​မှာ ​ဒေါ် ​အောင် ​ဆန်း ​စုကြည်က ​ပြောသွားခဲ့တာ ​ဖြစ်ပြီး ​အပယ်ခံရတဲ့ ​ဘဝအကြောင်းကို ​သူ့အနေနဲ့ ​ကောင်းမွန်စွာ ​သိနည်းလည်တဲ့အကြောင်း ​စိတ်ကျန်းမာရေးချို့တဲ့ ​သူတွေအပေါ် ​ထားတဲ့ ​သ ​ဘော ​ထား ​တွေ ​ပြောင်း ​လဲ ​လာ ​ဖို့ ​မျော်လင့်ပေမယ့် ​ခုချိန်ထိ ​စိတ်ကျန်းမာရေးချို့တဲ့သူ ​အများအပြား ဟာ ​လူမှုဘဝမှာ ​အပယ်ခံနေရဆဲပဲလို့ ​ပြောသွားခဲ့ပါတယ်။

နေအိမ် ​အကျယ်ချုပ် ​ခံရတာကို ​ပေးဆပ်မှုလို့မမြင်ပဲ ​ရွေးချယ်မှုလို့သာ ​မြင်တဲ့အကြောင်း ​ဒါပေမယ့် ​စိတ်ကျန်းမာရေးချို့တဲ့သူတွေဟာ ​ရွှေး ချယ်မှုတွေတောင် ​မလုပ်နိုင်ကြတဲ့အတွက် ​လမ်းဖွင့်ပေးရမယ်လို့ ​ပြောပါတယ်။

အားကစားနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံ ​ပညာရေးစနစ် ​ချွတ်ချုံကျရုံသာမက ​အားကစားမှာလည်း ​အားပေးမှုနည်းပါးတဲ့အကြောင်း ​ဒီအတွက် ​ဝိုင်းဝန်းအားပေးကြဖို့လည်း ​တိုက်တွန်းလိုက်ပါတယ့်

ရခိုင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​လူမျိုးရေး ​ပြဿနာနဲ့ ​ပတ်သက်ပြီး ​ဒီလူမျိုးရေးပြဿနာကို ​မြန်မာနိုင်ငံအတွက် ​အထူးပြဿနာလို့မယူဆပဲ ​လူမျိုး ဘာသာမရွှေး ​အားလုံးစုရုံးနေထိုင်နိုင်တယ်ဆိုတာ ​လုပ်ပြနိုင်ဖို့ ​အထူးအခွင့်အရေး ​ဖြစ်ပြီး ​အမြန်ဆုံး ​အကောင်အထည် ​ဖော်နိုင်မယ်လို့လည်း ​မျော်လင့်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာ ​ဒေါ်အောင်ဆန်းစုကြည်က ​Gwangju ​မြို့ကို ​သွားပြီး ​လူ့အခွင့်အရေးဆုကို ​လက်ခံမှာ ​ဖြစ်ပါတယ်။ ​အာဏာရှင်စနစ်ကို ​ဆန့်ကျင် ပြီး ​ဒီမိုကရေစီအရေးအတွက် ​ကြိုးပမ်းခဲ့တဲ့အတွက် ​၂၀၀၄ ​ခုနှစ်က တည်းက ​ဆုချီးမြင့်ခံရတာဖြစ်ပေမယ့် ​ဒီကနေ့မှာ ​လူကိုယ်တိုက် ​လက်ခံ ရယူမှာ ​ဖြစ်ပါတယ်။

No comments: