Thursday, February 21, 2013

ရန်ကုန်တွင် မွတ်စလင်စာသင်​ကျောင်း​တခု အခင်းဖြစ်ပွား​ပြီး​နောက် ချိပ်ပိတ်

အေး​နိုင်

ရန်ကုန်တိုင်း​ သာ​ကေတမြို့​နယ်မှာ မွတ်စလင်ဘာသာ​ရေး​ စာသင်​ကျောင်း​တ ခုဟာ ရပ်ကွက်တွင်း​မှာ ဗလီအဖြစ် ​ပြောင်း​လဲမှုအ​ခြေအ​နေ​တွေ ​တွေ့​ရတယ် ဆိုပြီး​ လူစုလူ​ဝေး​နဲ့​ ကန့်​ကွက်မှုဖြစ်ပွား​ခဲ့​ပြီး​နောက် အဲဒီအ​ဆောက်အဦ ကို အစိုး​ရက ချိပ်ပိတ်လိုက်ပါတယ်။

ရန်ကုန်တိုင်း​ သာ​ကေတမြို့​နယ် မာန်​ပြေရပ်ကွက် ၁၈ လမ်း​နဲ့​ ၁၉ လမ်း​အကြား​မှာ ​ပေ ၂၀ ​ပေ၊​ ၆၀ ​လောက်အကျယ် အ​ဆောက်အဦ ​ဆောက်​နေဆဲဖြစ်ပြီး​ အဲ ဒီအ​ဆောက်အဦဟာ ဗလီနဲ့​တူတဲ့​အတွက်​ကြောင့်​ ရပ်ကွက်တွင်း​မှာ မရှိသင့်​ဘူး​ဆိုပြီး​ ဖျက်ဖို့​ ၁၈ ရက်​နေ့​က လူစုလူ​ဝေး​နဲ့​ ​တောင်း​ဆိုခဲ့​ကြပါတယ်။

ဒါ​ကြောင့်​ သက်ဆိုင်ရာက အဲဒီအ​ဆောက်အဦကို အခုအခါ ချိပ်ပိတ်ထား​လိုက် ပြီလို့​ သွား​ကြည့်​သူတဦး​က ​ပြောပါတယ်။

“ရပ်ကွက်​တွေမှာရှိ​နေတဲ့​ ဗလီပုံစံမျိုး​လုပ်​တော့​လေ။ ​ရေ​ဆေး​ကန်၊​ ​ခြေ​ထောက်​ဆေး​ကန်တို့​ အဲဒါ​တွေကအစ လုပ်လိုက်​တော့​ ပြည်သူ​တွေ က သိသွား​ပြီး​ ကန့်​ကွက်တာ။ ​လော​လောဆယ် ၂၀ ရက်​နေ့​က ချိပ်ပိတ် လိုက်တယ်။ ညက အမိန့်​ထုတ်ထား​တယ်၊​ ရဲကား​တွေဘာ​တွေ ချထား​တယ်။ ဆူရင် လမ်း​ပေါ်ထွက်ရင် အကုန်ဆွဲဖမ်း​မယ်ဆိုပြီး​ ပိတ်ထား​လို့​ ညက​တော့​ ဘာသံမှမ ကြား​ရဘူး​။”

မွတ်စလင်စာသင်​ကျောင်း​တခုက​နေ ဗလီတခုပုံစံ ​ဆောင်ရွက်ပြီး​ ခွင့်​ပြုမိန့်​ထက် ၅ ​ပေ ပိုပြီး​ဆောက်ထား​တာ​တွေကို ​ထောက်ပြီး​ ဒီလ ၁၈ ရက်​နေ့​မှာ လူစုလူ​ဝေး​နဲ့​ အ​ဆောက်အဦကို ဖျက်​ပေး​ဖို့​ ​တောင်း​ဆို ဆန္ဒပြကြတယ်လို့​ ဆိုပါတယ်။

သက်ဆိုင်ရာက ဝင်​ရောက်ထိန်း​သိမ်း​ပြီး​ ​ခေါင်မိုး​ပိုင်း​ကို ဖျက်​ပေး​ခဲ့​ပေမယ့်​ လူစုလူ​ဝေး​က တိုင်​တွေကိုပါ ဖျက်​ပေး​ရမယ်လို့​ ​တောင်း​ဆိုကြ တယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။

အဲလိုအ​ခြေအ​နေ ဖြစ်​နေတဲ့​နေရာကို ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​နဲ့​ ကိုဂျင်မီတို့​ သွား​ရောက်ကြည့်​ရှု ​မေး​မြန်း​ခဲ့​ပါတယ်။

၁၉ ရက်​နေ့​က ​တွေ့​ရှိချက်အ​ခြေအ​နေကို ကိုကိုကြီး​က “ဆန္ဒပြသူ​တွေဘက်ကစွပ်စွဲတာက​တော့​ဒါဟာအထပ်မြင့်​ဗလီအ​ဆောက်အအုံ​ဆောက် ဖို့​အတွက် ထပ်ပြီး​ တဆင့်​တဆင့်​ပြီး​ ကြိုး​စား​လာတယ်။ အဲ​တော့​ တာဝန်ရှိသူ​တွေက ဒါကို ဘယ်လိုခွင့်​ပြုခဲ့​သလဲ။ ခွင့်​ပြုတဲ့​ပမာဏ ထက် ​ကျော် ​ဆောက်တယ်ဆိုရင်လည်း​ ဒါဟာ ဘယ်သူ့​မှာ တာဝန်ရှိသလဲ။ ဒါ​တွေကို စုံစမ်း​စစ်​ဆေး​ဖို့​လိုတယ်လို့​ ကျ​နော်တို့​က​တော့​ ရှင်း​ပြပြီး​ အတတ်နိုင် ဆုံး​ ထိန်း​သိမ်း​ဖို့​ ကြိုး​စား​တယ်။ တဖက်ကလည်း​ ဒီလိုအငြင်း​ပွား​နေချိန်မှာ အ​ဆောက်အဦကို ချိပ်ပိတ်ထား​ဖို့​ တာဝန်ရှိသူ​တွေကို ​တောင်း​ဆို တယ်။ ​နောက်​နေ့​ ကျ​နော်သွား​တဲ့​အချိန်မှာ​တော့​ သွပ်ပြား​နဲ့​ ရိုက်ပိတ်ပြီး​ ချိပ်ပိတ်ထား​လိုက်တယ်” လို့​ ​ပြောပါတယ်။

ဒီအဖြစ်အပျက်ရဲ့​ ​နောက်ဆက်တွဲအဖြစ် မွတ်စလင်တချို့​ရဲ့​ ဆိုင်ငယ်တချို့​ဖျက်ဆီး​ခံရမှု​တွေ ဖြစ်ခဲ့​ပါတယ်။

ဒါနဲ့​ ပတ်သက်လို့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ အစ္စလာမ်ဘာသာ​ရေး​အဖွဲ့​ကြီး​က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​ဝဏ္ဏ​ရွှေက ဒီအဖြစ်အပျက်ဟာ မြို့​သစ်​တွေမှာ အာဏာပိုင်​တွေက ဗလီ ​ဆောက်လုပ်ခွင့်​ မပြုတဲ့​အတွက် ရှုပ်​ထွေး​မှုဖြစ်ရတာလို့​ ​ပြောပါတယ်။

“မြို့​သစ်​တွေမှာ ကျ​နော်တို့​ကို ဗလီဆိုပြီး​ သတ်မှတ်​နေရာ​ပေး​ထား​တာမရှိဘူး​။ မသတ်မှတ်​ပေး​ထား​တော့​ အိမ်​တွေမှာ​ရော ဘာသာ​ရေး​စာသင်​ကျောင်း​တွေမှာ​ရော ကြုံသလို ဝတ်ပြုကြရတယ်။ အဲလို သတ်မှတ်မ​ပေး​ထား​လို့​ ဒီလိုရှုပ်​ထွေး​မှုဖြစ်တာ။”

ဒီလို အခင်း​ဖြစ်ပွား​ခဲ့​ပြီး​တဲ့​နောက် ရပ်ကွက်တွင်း​က မွတ်စလင်တချို့​ရဲ့​ ကွမ်း​ယာဆိုင် နဲ့​ ဖုန်း​ဆိုင်တချို့​ ဖျက်ဆီး​ခံခဲ့​ရပါတယ်။

အခင်း​ဖြစ်တဲ့​နေရာကို ​ရောက်ရှိတဲ့​ မျက်မြင်အဆိုအရ ဒီဆန္ဒပြမှုဟာ သမား​ရိုး​ကျ ဆန္ဒပြုတာ​တွေရှိသလို ဖန်တီး​မှုရဲ့​အစအန​တွေလည်း​ ​တွေ့​ရတယ်လို့​ ​ပြောပါတယ်။

“ဒီကြား​ထဲ ဘာ​တွေရှိလဲဆို​တော့​ ဒီလူ​တွေက ကား​နဲ့​လာတယ်၊​ ​နောက် ၃-၄ ​ယောက် ဆင်း​လာပြီး​ တုတ်​တွေဘာ​တွေကိုင်ပြီး​ လူစုလူ​ဝေး​ထဲ ဝင်လာပြီး​ ဘာဖြစ်တယ် ညာ ဖြစ်တယ် ​ပြောပြီး​ ကား​က​နေ ဝီစီလှမ်း​ မှုတ်လိုက်တာ့​ အဲ ဆင်း​လာတဲ့​ ၃-၄​ယောက်က​နေ ဟာ ချ​ဟေ့​ ချ​ဟေ့​ ဆိုပြီး​ ​ပြေး​ဘာညာနဲ့​ပြောတယ်။ သူတို့​ ၃-၄ ​ယောက်ပဲ၊​ ကျန်တဲ့​လူ​တွေက ငြိမ်​နေ​တော့​ ကား​ပေါ်တက်ပြီး​ ပြန်သွား​ရော။”

No comments: