Thursday, February 21, 2013

ဆွေးနွေးမှုအပေါ် UNFC နဲ့ မြန်မာကိုယ်စားလှယ်တို့ အားရ

ABC

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ​ဖက်ဒရယ်ကောင်စီ ​(UNFC)နဲ့ ​အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ​ကိုယ် ​စားလှယ်အဖွဲ့တို့ ​မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​တွေ့ဆုံခဲ့ကြပြီး ​ဒီဆွေးနွေးမှုကိုအားရကြောင်း နဲ့ ​ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ​အကြိုညှိနှိုင်းပြင်ဆင်တဲ့ဆွေး နွေးပွဲတွေကို ​၂လအတွင်း ​ထပ်မံကျင်းပဖို့ ​သဘောတူညီလိုက်တဲ့အကြောင်း ​နှစ်ဘက်အဖွဲ့တွေကကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

ဒီကြေညာချက်ထဲမှာ ​အကြိုပြင်ဆင်ရေးကာလနဲ့ ​နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တလျောက်မှာ ​UNFC ​အဖွဲ့အ ​စည်း ​များရဲ့နယ်မြေများအတွင်း ​လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊ ​ပညာရေး၊ ​ကျန်းမာရေးနဲ့ ​အခြေခံ ​စိုက်ပျိုးရေး ​မွေးမြူရေး ​ကဏ္ဍတွေမှာ ​ပြည်တွင်းနဲ့ ​နိုင်ငံတကာက ​ပံ့ပိုးကူညီမှုများကို ​ဆက်လက်ဆောင်ရွက်သွားဖို့ ​ဆွေးနွေးခဲ့ ​ကြတယ်လို့ ​ကြေညာချက်မှာ ​တွေ့ရပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ​UNFC ​အဖွဲ့တို့ဟာ ​၂၀၁၂ခုမှာ ​အလွတ်သဘော ​တကြိမ်တွေ့ဆုံခဲ့ပြီးနောက် ​ပထမဆုံးအကြိမ် ​တွေဆုံဆွေးနွေး ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ​အစည်းအဝေးကိုတက်ရောက် ​ခဲ့ ​တဲ့ ​ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ​ဦးညိုအုန်းမြင့်က ​အခု လိုပြောပါတယ်။

အဓိကတော့ ​နိုင်ငံရေးကိစ္စတွေပါ၊ ​အမျိုးသားတန်းတူးရေးနဲ့ ​ဥပဒေကြောင်းကိစ္စတွေ ​နောက်တခါ ​နိုင်ငံရဲ့ ​အနာဂတ်အတွက်ကို ​ဘယ်လိုပြင် ဆင်ကြမလဲဆိုတဲ့ဟာမျိုးကို ​ဆွေးနွေးသွားတာတွေ့ရပါတယ်၊ ​နောက်တခါ ​နိုင်ငံ ​ရေးဆွေးနွေးပွဲတွေစဖို့အတွက်ကို ​ကျနော်တို့ ​၂လအတော အတွင်းမှာ ​ပြန်ပြီးတော့ ​ဆွေးနွေးဖို့ရှိပါတယ်၊ ​အဲဒီအပေါ်ကနေပြီးတော့မှ ​ကောင်းမွန်တဲ့ ​ရလဒ်တခုထွက်ဖို့လည်း ​ကြိုစားနေတယ် လို့ ​ကျ နော်ထင်ပါတယ်ခင်ဗျ။

ဒီဆွေးနွေးပွဲကို ​အစိုးရဘက်က ​သမ္မတရုံးဝန်ကြီး ​ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့တွေကတက်ရောက်ခဲ့ပြီး ​UNFC ​ဘက်ကအတွင်းရေးမှူး ​ဦး နိုင်ဟံသာ ​ဦးဆောင်တဲ့UNFC ​အဖွဲ့ခေါင်းဆောင်တွေတက်ရောက် ခဲ့တယ်လို့ ​သိရ ​ပါတယ်။

အရင်တုန်းက ​မြန်မာအစိုးရက ​တိုင်းရင်းသားတဖွဲ့ခြင်းကိုသာ ​တွေ့ဆုံပေမယ့် ​ခုအခါမှာ ​အဖွဲ့ ​၁၁ ​ဖွဲ့ပါဝင်တဲ့ ​UNFC ​နဲ့ ​တွေ့ဆုံတဲ့အတွက် ​အားရကြောင်းလည်း ​သိရပါတယ်။

အခုလို ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ​အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေကြား ​နိုင်ငံရေးဆွေး ​နွေးပွဲတွေ ​ဖြစ်ပေါ်လာရေး အတွက် ​ဆက်လက်လုပ်ဆောင်သွားမဲ့အပေါ်မှာ ​သမ္မတဦးသိန်းစိန်အ နေ နဲ့ ​နိုင်ငံရေး ​ခြေလှမ်းသစ်တခုစနိုင်ပြီလို့ ​ထင်တဲ့အကြောင်း ​ဦးညို အုန်းမြင့်က ​ပြောပါတယ်။

UNFC ​နဲ့ ​အစိုးရအဖွဲ့တွေကြားမှာ ​တွေ့ဆုံဆွေးနွေးမှုတွေဟာ ​အဆင်ပြေမှုတွေရှိနေပေမဲ့ ​UNFC ​အဖွဲ့ဝင်ဖြစ်တဲ့ ​အပစ်အခတ်ရပ်စဲထားတဲ့ ​ရှမ်း ပြည်မြောက်ပိုင်း ​SSA/SSPP ​နယ်မြေအတွင်းမှာ ​တိုက်ပွဲတွေ ​ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: