Friday, February 22, 2013

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ငြိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲပြုလုပ်

ABC

မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​ပဋိပက္ခတွေ ​ချုပ်ငြိမ်းဖို့ ​အတွက် ​ပထမဦးဆုံး ​အကြိမ် ​ရန်ကုန်မြို့ ​ချက်ထရီယန် ​ဟိုတယ်မှာမနေ့ကစပြီး​ပြည် တွင်း ပြည်ပ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲတခု ​ကျင်းပ ​ပြုလုပ်နေတယ် ​လို့သိရပါတယ်။

ဆွေးနွေးပွဲကို ​ဒီနေ့ ​သောကြာနေ့ ​အထိ ​ပြုလုပ်သွားမှာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံ ​အပါအဝင် ​ထိုင်းနိုင်ငံ၊ ​စင်္ကာပူနိုင်ငံ၊ ​အင်ဒိုနီးရှားနိုင်ငံ၊ ​ပါကစ္စတန် နိုင်ငံ ​စတဲ့ ​နိုင်ငံတွေက ​ဘာသာပေါင်းစုံ ​အဖွဲ့တွေနဲ့ ​လူငယ်တွေ ​တက်ရောက် ​ဆွေးနွေးကြတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​နှစ်လယ်ပိုင်း ​ကစပြီး ​ရခိုင်ပြည်နယ် ​အတွင်းမှာ ​ရခိုင်တိုင်းရင်းသားတွေနဲ့ ​ရိုဟင်ဂျာ ​လူမျိုးတွေရဲ့ ​အကြားမှာ ​ဘာသာရေး ​အသွင်ဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပေါ်ခဲ့ ​ပြီးတဲ့နောက်ပိုင်း ​အခုလို ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေဟာ ​ဘာသာရေးကြောင့် ​အင်အားကြီးလာခဲ့တဲ့ ​အကြောင်းနဲ့ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ပြုလုပ်ရတဲ့ ​အ ကြောင်းတွေကို ​ဘာသာပေါင်းစုံအဖွဲ့ ​ဥက္ကဌ ​ဦးမြင့်ဆွေက ​အခုလို ​ရှင်းပြပါတယ်။

"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ​ပဋိပက္ခတွေက ​ယခင်ကတော့ ​ဘာသာရေးကြောင့် ​မဟုတ်ဘူး၊ ​လူမှုရေး ​ကိစ္စရပ်တွေကို ​အခြေခံတယ်၊ ​နောက်ပြီးတော့ ​နိုင်ငံရေးကိစ္စ ရပ်တွေကိုအခြေခံတယ်။ ​သို့သော်လည်း ​ပေါ်ပေါက်လာတဲ့ ​အခါမှာ ​ပိုပြီးတော့ ​ကြီးထွားလာမှုအတွက်က ​သူက တော့ဗုဒ္ဓလာသာ၊ ​သူကတော့ခရစ်ယာန် ​ဘာသာ၊ ​သူကတော့အစ္စလာမ်ဘာသာပဲ ​ဆိုပြီးတော့ နောက်ခံတွေအပေါ် ​စွဲပြီးရပ်တည်လိုက်တဲ့ ​အ ခါကျတော့ ​ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ​ပိုပြီးကြီးထွာလာတယ်။ ​ပိုကြီးထွားလာတာကို ​မလိုလားဘူး။ ​ဒါကြောင့် ဒီအဖွဲ့အစည်းကို ​တည်ထောင်ပြီးတော့ ​ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ​လုပ်ငန်းတွေမှာ ​ဘာသာရေးခေါင်းဆောင်တွေ ​ပါဝင်ပြီးတော့ငြိမ်း ချမ်း ရေး ရဖို့ဆောင်ရွက်တာ ​ဖြစ်တယ်။"

အခုလိုဘာသာပေါင်းစုံအဖွဲ့အစည်း ​ဖွဲ့ပြီး ​ပြည်တွင်းက ​ဘာသာရေးအဖွဲ့တွေ ​တွေ့ဆုံဆွေးနွေးမှု ​ပြုလုပ်ခဲ့ပေမယ့် ​ဘာသာတစ်ခုနဲ့တစ်ခု ​အမြင် မကြည်တာ၊ ​ပဋိပက္ခဖြစ်နေတာတွေ ​ရှိပြီး ​ငြိမ်းချမ်းရေးမရနိုင်တဲ့အ တွက် ​ငြိမ်းချမ်းရေး ​တည်ဆောက်နိုင်ဖို့လူငယ်တွေဟာ ​အဓိက ​ကျတဲ့အ တွက်ကြောင့် ​နောင်မှာ ​အာရှပစိဖိတ်ဒေသတွင်းဘာသာပေါင်စုံ ​လူငယ်အဖွဲ့နေနဲ့ ​ဆောင်ရွက်ဖို့ ​ရှိတယ်လို့ ​ဦးမြင့်ဆွေကပြောခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မေငယ်ကသတင်းပေး ​ပို့ခဲ့ပါတယ်။

1 comment:

ko 9 said...

ဘင်္ဂံလီလို့ေ၇းပါခင်ဗျာ