Friday, February 22, 2013

မြန်မာပဋိအက္ခအတွက် ဒေါ်လာ ၂့၅သန်း သြစတြေးလျထပ်လှူမယ်

ABC

သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာနိုင်ငံမှာ ​ပဋိပက္ခဖြစ်နေတဲ့ ​ရခိုင်ပြည်နယ်နဲ့ ​ကချင်ပြည်အတွက် ​အရေးပေါ်လိုအပ်နေ တဲ့ ​အကူ အ ညီတွေနဲ့ ​မြန်မာနိုင်ငံအရှေ့တောင်ဖက်ခြမ်းကတောနယ်တွေမှာ ​မြေမြုပ်မိုင်းစတင် ​ရှင်းလင်းဖို့ ​အတွက် ​ဒေါ်လာ ​၂့၅သန်းထပ် ပြီး ​ပေးသွားဖို့ရှိတယ်လို့ ​ကြေညာလိုက်ပါတယ်။

ဒေါ်လာ ​၁.၂၅ ​သန်းကို ​ရခိုင်ပြည်နယ်အတွင်းမှာ ​ပဋိပက္ခကြောင့် ​လူပေါင်းတစ်သိန်းကျော် ​အိုးအိမ်မဲ့ ​တိန်းရှောင်နေရတဲ့ ​သူတွေအတွက် ​ရေ သန့်ရရှိရေး၊ ​ယာယီတဲရရှိရေးနဲ့ ​သန့်ရှင်းမှုတွေ ​အတွက် ​အသုံးပြုမှာ ​ဖြစ်တယ်လို့ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​ကပြောပါတယ်။

နိုင်ငံရေးနဲ့ ​လူမှုအသိုင်းအဝိုင်း ​ထဲကခေါင်းဆောင် ​တွေကိုလည်း ​နှစ်ဖက်စလုံးက ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကို ​ရပ်တန့်နိုင်ဖို့အတွက် ​ကြိုးစား ဆောင် ရွက် ​ပေးသင့်ကြောင်းလည်း ​Bob ​Carr ​က ​တိုက်တွန်း ​လိုက်ပါ တယ်။

ဒေါ်လာ ​၇သိန်း ​၅သောင်းကိုတော့ ​ကချင်ပြည်နယ်မှာ ​သောက်ရေသန့်နဲ့ ​သန့်ရှင်းမှုရရှိရေးအတွက် ​ပေးသွားမှာ ​ဖြစ်သလို ​ဒေါ်လာ ​၅သိန်းကို တော့ ​မြန်မာနိုင်ငံ ​အရှေ့တောင်ဖက်ခြမ်းက ​မြေ မြုပ်မိုင်း ​ရှင်းဖို့အတွက် ​ပေးသွား ​မှာဖြစ်တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျနိုင်ငံဟာ ​ပဋိပက္ခဖြစ်နေတဲ့ ​ရခိုင်ပြည်နယ်အတွက် ​လိုအပ်တဲ့အရေးပေါ် ​အကူအညီတွေကို​ဒေါ်လာ ​၄.၂၅သန်းပေးခဲ့ပြီးနိုင်ငံခြား အကူအညီ ​ဒုတိယအများဆုံး ​ပေးနေတဲ့ ​နိုင်ငံ ​တစ်နိုင်ငံ ​ဖြစ်ပါ တယ်။

တဆက်တည်းမှာပဲ ​ပဋိပက္ခကြောင့် ​မြန်မာနိုင်ငံကနေ ​ထိုင်းနိုင်ငံထဲကို ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည်တွေကို ​ယာယီနေထိုင်ခွင့် ​ပြုတဲ့ အတွက် ​ထိုင်းနိုင်ငံကိုလည်း ​အကူအညီ ​ပေးသွားဖို့ရှိတယ်လို့ ​နိုင် ငံခြားရေးဝန်ကြီး ​Bob ​Carr ​ကပြောပါတယ်။

မြန်မာနိုင်ငံကနေ ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာတွေဟာ ​လမ်းခရီးမှာ ​မတော်တဆ ​လှေမှောက်ပြီး ​သေဆုံးခဲ့ရတာတွေရှိခဲ့ပြီး ​အခုနောက်ဆုံး ​သြ စတြေးလျနိုင်ငံကိုဦးတည်လာတဲ့ ​လှေဟာ ​မြန်မာနိုင်ငံနဲ့ ​သီရိလ င်္ကာနိုင်ငံကြားမှာ ​နှစ်လလောက် ​ပင်လယ်ထဲမှာ ​မျောနေခဲ့တဲ့အတွက် ​လူ ပေါင်း ​၉၈ယောက် ​သေဆုံးခဲ့တယ်လို့ ​သိရပါတယ်။

No comments: