Friday, February 22, 2013

မြန်မာနှင့်​ အ​မေရိကန် ပူး​တွဲပြီး​ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ ပြန်လုပ်မည်

အေး​နိုင်

မြန်မာနိုင်ငံနဲ့​ အ​မေရိကန်ပြည်​ထောင်စုဟာ ဘိန်း​အထွက် တိုင်း​တာ​ရေး​နဲ့​ မူး​ယစ်​ဆေး​ဝါး​ တိုက် ဖျက်​ရေး​အေဂျင်စီ ထူ​ထောင်မှု​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ သ​ဘောတူစာချုပ်ကို လက်မှတ် ထိုး​ကြတယ်လို့​ နိုင်ငံပိုင်မီဒီယာ​တွေမှာ ဒီ​နေ့​ဖော်ပြပါတယ်။

ဒီသ​ဘောတူစာချုပ်ကို မြန်မာနိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဏ​မောင်လွင်နဲ့​ မြန်မာနိုင်ငံဆိုင်ရာ အ​မေ ရိကန် ပြည်​ထောင်စုသံအမတ်ကြီး​ ဒဲရစ်မစ်ချယ်တို့​ ​နေပြည်​တော်မှာ မ​နေ့​က လက်မှတ်ထိုး​တာ ဖြစ်ပါတယ်။

မြန်မာအစိုး​ရ မူး​ယစ်ဗဟိုက ရဲအုပ်မြင့်​လတ်သိန်း​က “မ​နေ့​ကမှ နား​လည်မှုစာချွန်လွှာလက်မှတ် ထိုး​တာပါ။ ဘာမှ အ​ကောင်အထည်မ​ဖော်ရ​သေး​ပါဘူး​” လို့​ ​ပြောပါတယ်။

မြန်မာ့​အလင်း​သတင်း​စာရဲ့​ ​မေး​မြန်း​ချက်ကို အ​မေရိကန်သံအမတ်ကြီး​က ​ဖြေဆိုချက် မှာ​တော့​ မူး​ယစ်​ဆေး​ဝါး​ တိုင်း​တာ​လေ့​လာမှုကို လာ မယ့်​သီတင်း​ပတ်ထဲမှာ စတင်နိုင်မယ်လို့​ ​မေ်ွာ်လင့်​တယ်လို့​ ​ဖြေထား​ပါတယ်။

မူး​ယစ်​ဆေး​ဝါး​တိုက်ဖျက်​ရေး​ ​အေဂျင်စီထူ​ထောင်ခြင်း​နဲ့​ ပတ်သက်လို့​က​တော့​ အချင်း​ချင်း​ ညှိနှိုင်း​ကြရဦး​မှာဖြစ်ပြီး​ ဒီနှစ်ကုန် သို့​မဟုတ် လာ မယ့်​နှစ်တွင်း​မှာဖြစ်လိမ့်​မယ်လို့​ ထင်​ကြောင်း​ မစ္စတာ ဒဲရစ်မစ်ချယ်က ​ပြောပါတယ်။

မြန်မာနဲ့​ အ​မေရိကန်ပြည်​ထောင်စုဟာ ဘိန်း​အထွက်တိုင်း​တာ​ရေး​ကို ၁၀ ကြိမ် ပူး​တွဲလုပ်​ဆောင်ခဲ့​ဖူး​ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အဲဒီအစဉ်ကို ဆိုင်း​ငံ့​ထား​ရာက အခု ပြန်စမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​အဖွဲ့​ကလည်း​ မြန်မာနိုင်ငံဟာ ၆ နှစ်အတွင်း​ ဘိန်း​နဲ့​ စိတ်ကြွ​ဆေး​ပြား​ ထုတ်လုပ်မှု မြင့်​တက်တယ်လို့​ ၂၀၁၂ ခုနှစ်ကုန်ပိုင်း​မှာ ​ကြေညာခဲ့​ပါတယ်။

ဘိန်း​စိုက်ပျိုး​မှု စုစု​ပေါင်း​ရဲ့​ ၉၀ ရာခိုင်နှုန်း​ဟာ ရှမ်း​ပြည်နယ်ဖြစ်ပြီး​ ကျန် ၁၀ ရာခိုင်နှုန်း​က ကချင်ပြည်နယ်မှာ ဖြစ်​ကြောင်း​၊​ ပြည်နယ် ၂ ခုလုံး​ဟာ ​ဒေသမတည်ငြိမ်တဲ့​ ပဋိပက္ခနယ်​မြေအဖြစ် ရှိ​နေ​ကြောင်း​နဲ့​ ပဋိပက္ခဖြစ်​နေတဲ့​ ​ဒေသ​တွေမှာ အလုပ်အကိုင်ရှား​ပါး​မှုနဲ့​ ဘဝရပ်တည်​ရေး​ မ​ပြေလည်မှု​တွေဟာ ​ဒေသခံ​တွေကို ဘိန်း​စိုက်ပျိုး​အောင် တွန်း​ပို့​နေတယ်လို့​ သတိ​ပေး​ခဲ့​ပါတယ်။


စစ်အစိုး​ရလက်ထက်တုန်း​က ဘိန်း​ကင်း​စင်​ရေး​ နှစ်တိုနဲ့​ နှစ်ရှည်စီမံချက်​တွေ အ​ကောင်အထည်​ဖော်​ပေမယ့်​ မ​အောင်မမြင် ဖြစ်ခဲ့​ရတာ​ကြောင့်​ လွန်ခဲ့​တဲ့​ ဆယ်စုနှစ်​တွေကအတိုင်း​ပဲ မြန်မာ နိုင်ငံဟာ အာဖဂန်နစ္စတန်ပြီး​ရင် ကမ္ဘာ​ပေါ်မှာ ဘိန်း​အထွက်ဆုံး​နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်​နေဆဲ ဖြစ်ပါတယ်။

No comments: