Sunday, September 29, 2013

သံစဥင်္မဲ့ဘ၀များ

ရွှေဟင်္သာ

ဤမြန်မာနိုင်ငံသား မိဘမဲ့ကလေးများသည်၊ ထိုင်းနိုင်ငံကန်ချနဘူရီ ခရိုင်စံခလ ဘူရီမြို့နယ်၌ တဖြည်းဖြည်း အရေအတွက် များလာနေသည့် အတွက် စားဝတ်နေရေး ပြသနာ၊ နေရာ ထိုင်ခင်းပြသနာနှင့် အကူအညီရရှိ မှုပြသနာ စသည် တို့သည် ပြသနာ တခုလိုဖြစ်လာနေပါသည်။ တနည်းအားဖြင့်ပြောရမည် ဆိုလျှင်(၂၀၀၄) ခုနှစ်မှစပြီး အချိန် (၇) နှစ် အတောအတွင်း ကာလ၌ မိဘမဲ့ ကလေးဂေဟာ (၂)ခုရှိနေရာကယခုဆိုရင် (၁၂)အထိ ရှိလာခဲ့ပြီး ကလေးအရေအတွက် အားဖြင့်ပြောရမည် ဆိုပါကအရေအတွက် (၅၀)မှ (၆၀၀)ကျော်အထိရှိလာခဲ့သည်ဟုမိဘမဲ့ကလေးများအတွက်ပညာရေးအကူအညီကိုလိုက်လံဆောင်ရွက်ပေးနေသည့် Break the Silence အဖွဲ့မှ Coordinator Andy ကဆိုပါသည်။ ဤပြသနာဘာကြောင့် ကြီးထွားလာခဲ့ရတာလဲ။ ကလေးများ၏ စိတ်ဓါတ် အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ နေရာ ထိုင်ခင်းပြသနာများနှင့် အကူအညီ ရရှိမှု၊ အခြေအနေများကို ကာယကံရှင် ကလေးငယ်များ အပါဝင်ကလေးထိန်းကျောင်း ပေးလာခဲ့သူများနှင့် မေးမြန်းပြီး ရေးသား တင်ပြထားပါသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခဘူရီမြို့၌ DiDi Devamala ဆိုသူအီတလီအမျိုးသမီးတဦးဦးဆောင်သည့် Baanunurak မိဘမဲ့ကလေးဂေဟာ တခုရှိပါသည်။ ဤဂေဟာ၌ ကလေးဦးရေပေါင်း (၁၃၀)ခန့်ရှိပြီး ကြည့်ရှု့ စောင့်ရှောက်သူပေါင်း (၂၀)ဦးထက်မနဲရှိပါသည်။ယင်းဂေဟာသည်စံခလဘူရီမြို့၏ အရှေ့တောင်ဖက်၌ ရှိသည့် သီးခြားဆောက်လုပ် ထားသည့်နေရာ တခုဖြစ်ပါသည်။ ဤမိဘမဲ့ကလေးဂေဟာသည် (၁၉၉၁)ခုနှစ်၌ စတင်ဖွဲ့စည်း ထူထောင် ခဲ့ပြီး စံခလဘူရီမြိုတွင်း တနေရာနှင့် မြို့ပြင် တနေရာနှစ်နေရာခွဲပြီး ရုံးစိုက်ခဲ့ပါသည်။ အဆောက်အဦးမှာ ကွန်ကရစ်တိုက်ဖြင့် အခိုင်အမာဆောက်လုပ် ထားပြီး စာသင်ကျောင်းကိုလည်းနှစ်ထပ်တိုက်ပုံစံဖြင့်ခေတ်မှီစွာဆောက်လုပ်ထားပါသည်။

Baan unurak ဂေဟာမှာရှိသည့်ကလေးပေါင်း (၁၃၀)ခန့်အနက် (Prama)ဆိုသည့် အသက် (၁၃)နှစ်အရွယ်ရှိ မိဘရဲ့စွန့်ပစ် ထားဖြင်း ခံခဲ့ရသည့် ကလေး မလေး တဦးအကြောင်းကို တင်ပြလိုပါသည်။သူမသည်၊အမည်မသိရသည့်အမေတဦးက (၁၉၉၈)ခုနှစ်၌ စံခလဘူရီမြို့လယ်ရှိဆေရုံတွင် မေးဖွား ခဲ့ပါသည်။ ဆေးရုံ၌ ကလေး မွေးဖွား ပြီးနောက် သူ့အမေဟာ စိတ်ဖိစီးမှု တခုကြောင့် ရက်ပိုင်းလေးမှာပင် စိတ်မနှံ့သွား ခဲ့သည်ဟု ထင်ရပါသည်။ သူမဘာကြောင့် စိတ်မနှံ့သွားခဲ့ရတာကိုတော့ ယနေ့အထိ တိတိကျကျမသိရသေးပါ။

ပရာမာပြောပြခဲ့သည်မှာ-

ပရာမာ ပြောခဲ့သည်မှာ သမီး အမေဘယ်သူလဲ ဆိုတာ ယနေ့အထိ အတိကျတော့မသိခဲ့ပါဘူး။ သမီး သိတတ်စအရွယ်ကတည်းက သမီး မြင်တွေ့ရတာ ကတော့ အခု သမီး ကိုကြည့်ရှု့စောင့်ရှောက်ပေးတဲ့ အမေနော်စမ်းအေးတစ်ယောက်ကိုပဲသိတယ်။ သူကိုဘဲမြင်ဖူးပါတယ်။ သူကိုပဲအမေလို သတ်မှတ်ခဲ့ပါတယ်။ သူငယ်ချင်းတွေ ရဲ့ မိဘတွေ က မကြာခဏ လာနေတော့ ကျမ အဲဒီအခါကျမှ ကျမသူငယ်ချင်းက ကျမကို မေးတယ်။ နင့်အမေမလားဘူးလားလို့မေးတော့ ကျမအမေက အမေစမ်းအေးလို့ပြောလိုက်တယ်။ သမီးကိုသူငယ်ချင်းတွေကပြောပြန်တယ်။ နင့်အမေကအမေစမ်းအေးမဟုတ်ဘူး။ အဲဒီအချိန်မှ ကျမ အမေကဘယ်သူလဲ။ အမေကိုတော့တစ်ခါမှ မတွေ့ ဖူးဘူး။ ကြားလည်းမကြားပါဘူး။ နောက်ပိုင်းမှ သမီးအမေ စမ်းအေးက သူမိခင်အရင်းမဟုတ်ကြောင်းပြောပြခဲ့လို့ သမီးသိခဲ့ပါတယ်။ အမေနော်စမ်းအေးကို သမီးအမေ ဘယ်သူလည်း ဘယ်ကလဲလို့သမီးမေးမှတော့ အမေစမ်းအေးက သမီးအမေအရင်က ရန်ကုန်က ထင်ကြောင်း သမီးကိုပြောပြခဲ့ပါတယ်။ အမေစမ်းအေးရဲ့ ပြောချက်အရ သမီးအမေအရင်းဟာ ကျမ အသက်(၇) လသားအရွယ်မှာ Bann unurak ဂေဟာကိုရောက်လာခဲ့ပါတယ်လို့ပြောပြီး အမေစမ်းအေးက တိတ်သွားတော့ သမီးဆက်မေးတယ်။ အမေဘယ် သွားလဲ ဘယ်မှာလဲလို့ဆက်မေးတော့မှာ အမေစမ်းအေးက သမီးအမေကအဲဒီအချိန်မှာ စိတ်မနှံ့သူတစ်ယောက် ဖြစ်နေခဲ့ပါပြီးဟု ကျမကိုပြောပြခဲ့ပါသည်။ အဲဒီအချိန်မှာ အမေဆိုတာ ဘယ်သူလဲလို့ သမီးအရမ်းလွမ်းတယ်။ သတိရတယ်။ အဲဒါအခါတော့ ကျမမျက်ရည်ဝဲပြီး ကျန်ခဲ့တယ်။ အဖြစ်မှန်အားလုံးကို သမီးသိရတော့ သမီး ၀မ်းနည်းပြီး ငိုချလိုက်တော့တယ်။ သမီး ၈ နှစ်အရွယ်ရောက်မှာ သမီး အမေ က အမေစမ်းအေးမဟုတ်မှန်းသိတော့ သမီး အရမ်းခံစားတယ်။ သမီး အမေကိုတွေ့ ချင်လာတယ်။ သမီးအမေက ဘယ်လိုလူလည်း သိချင်လာတယ်။ အမေက ဘာကြောင့်သမီးကိုတစ်ယောက်တည်းထားခဲ့ တာလည်းသိချင်တယ်။ သမီး အမေကိုလွမ်းတဲ့စိတ် အမေဘယ်သူလဲ သိချင်တဲ့ စိတ်နဲ့ ငေးငိုင်းနေမိတယ်။ မတွေ့ ဖူးတဲ့အမေ့အကြောင်းကို တွေးနေမိတယ်။”

နော်စန်းအေး(Naw San Aye) သည်ပရာမာအသက် (၂)နှစ်အရွယ်ကနေ အခုအချိန်ထိကြည့်ရှုစောင့်ပေးနေတဲ့ Di Di ရဲ့ဝန်ထမ်းတဦးဖြစ်ပါသည်။(၇)လသားကနေ (၂)နှစ်အထိကိုတော့ သူ့ထက်အရင် Di Di ၀န်ထမ်းတဦးကစောင့်ရှောက်ပေးလာခဲ့ပါသည်။အသက် (၇)နှစ်လောက်အရွယ်မှာတော့ သူနဲ့အတူတူနေကြတဲ့ အရွယ်တူ ကလေးတွေရဲ့ပြောစကားကို နားထောင်ပြီး အခုသူရှိနေတဲ့နေရာဟာ မိဘမဲ့ ကလေးဂေဟာဖြစ်ကြောင်း သိလာခဲ့ပါသည်။ ဤသို့ကြောင့် မိခင်အရင်းဟု ယူဆနေသည့် ကျမကို မေးမြန်း ခဲ့ပါတော့သည်။ သူ့ရဲ့ မိခင် အရင်းဟာ ဘယ်သူလဲ ဟူ၍ အကြိမ်ကြိမ်မေးမြန်း လာခဲ့တဲ့ အတွက်ကြောင့် ကျမအမှန်တိုင်းပြောရတော့မယ့် အနေအထား တစ်ခုဖြစ်လာသည်။

အစကတော့ သမီးရဲ့အမေဟာကျမပါလို့ သူကိုလိမ်ခဲ့တယ်လေ။ ကိုယ့်သမီးလိုဘဲ မိဘတဦးရဲ့ မေတ္တာအတိုင်း စောင့်ရှောက် ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူအမေးအမြန်းထူလာတဲ့အတွက် Di Di ကပြောလာပါတယ်၊ သူ့ကိုအမှန်အတိုင်းပြောပြဖို့ဖြစ်လာတော့ ကျမလည်းသူ့ကို ကျမဟာ သမီးရဲ့အမေရင်း မဟုတ်ကြောင်းပြောပြ လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျမလေအရမ်းကို စိတ်မကောင်းဖြစ်သွားမိပါတယ်။ သူ့ကိုငယ်ငယ် ကတည်းကပြုစုလာခဲ့တာလေ ကိုယ့်သမီးအရင်းလိုဖြစ်သွားနေပါပြီး။ ဒါပေမဲ့မတတ်နိုင်ပါဘူး Di Di ကပြောခိုင်းနေတော့ သမီးရဲ့အမေရင်းဟာ ရန်ကုန်သူလို့ ယူဆရတဲ့အကြောင်း အမေလည်းသေသေချာချာ မသိကြောင်းပြောပြလိုက်တယ်။ အဲဒီအချိန်က စပြီးတော့ ပရာမာဟာ အမြဲတမ်းကို မျက်နှာညှိးငယ်နေခဲ့ပြီး၊ မပျော်တော့ပါဘူး။ အမေဘယ်မှာလဲ၊ အဖေဘယ်မှာလဲဆိုပြီး ခနခနမေးလာပါတော့တယ်။ သူလည်း သိပ်ကိုသိချင်နေရှာလာပါတယ်။”

- ဂေဟာမှာအပ်ထားသည့်ကလေးများထဲမှတချို့မိဘများက၄င်းတို့၏သားသမီးများကိုပြန်လာတွေ့ကြပါသည်။ဤအချိန်မျိုးဆိုလျှင်ပရာမာသည်သူ့မိဘတွေလည်းဘာဖြစ်လို့လာမရှာတာလဲဟုသိချင်သလို ဘယ်သူ့ကိုမှစကားမပြောတော့ဘဲမျက်နှာထားညှိးငယ်စွာနဲ့မျက်ရည်များဝဲပြီးငေးမှိုင်နေတတ်ပါသည်။ဤအဖြစ်မျိုးသူအသက်(၇)နှစ်ကျော်လာပြီးနောက်ပိုင်းမှာမိဘအရင်းကိုပိုပြီးတမ်းတလာခဲ့ပါသည်။

“ ကျမရွာကကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်က ဖါးပြရွာပါ။ ကျမခွင့်ပြန်ရင် သူ့ကိုလည်း ကျမမခွဲနိုင်ဘူးလေ။ အဲဒါနဲ့သူ့ကိုပါခေါ်သွားတယ်၊ အဲဒီအခါမှာ သူလည်း သူ့အဖေအမေတွေ တွေ့ချင်ဇောနဲ့ပျော်သွားပါတယ်။ ကျမအမေအိမ်ကိုရောက်တော့ သူ့အဖေအမေကို လိုက်မေးပါတယ်။ မဟုတ်ဘူးကွဲ့ ဒါကအမေ့ရွာပါ။ သမီးရဲ့အမေရင်းရွာ မဟုတ်ပါဘူးပြောလိုက်တော့ အင်မတန်ဝမ်းနည်းသွားပြီး ယူကြုံးမရငိုချတော့တာပါဘဲရှင်။ ကျမလည်းသူ့ကို အမြဲတမ်းချွေးသိပ်ပေးပါတယ်။ သူ့ကိုမေတ္တာနဲ့ စာနာပေးသလို နမ်းပေးတယ်ချော့သိပ်ပေးတယ်။သူ့အလိုကိုလိုက်ပေးပါတယ်။အဲဒီလိုနဲ့သူ (၁၀)နှစ်ကျော်လာတော့မိဘအရင်းရှာတဲ့ စိတ်တွေလျှော့လာပြီး ကျမကိုဘဲ အမေရင်းလို သတ်မှတ်လာတော့တယ်။ ကျမစိတ်ကလည်း သမီးအရင်းလိုဖြစ်နေတာကြာပါပြီးလေ။ ကျမကိုသူမတွေ့ရရင် သူမနေတတ်တော့သလိုသူ့ကို မတွေ့ရင်လည်း ကျမကအလိုလို စိတ်ပူလာပါတော့တယ်။” ဟုနော်စန်းအေးကပြောပါသည်။

- ပရာမာဟာအခုအသက် (၁၃)နှစ်အထိနော်စန်းအေးကိုအမေလို သဘေားထားပေမဲ့မိခင်ရင်းကိုတော့တွေ့ချင်နေပါသည်။ သူ့အမေကိုလွမ်းနေသည်ဟု မကြာခဏပြောလေ့ ရှိပြီး မှိုင်နေတတ်ပါသည်။နောက်ပြီးသူကြီးလာရင်ဘယ်သူနဲ့နေရမလဲဟုအမြဲတမ်းမေးလာခဲ့ပါသည်။

“ ကျမလေကြီးလာရင်ဘယ်သူနဲ့နေရမလဲစိုးရိမ်နေမိတယ်။ဘယ်မှာနေပြီးဘယ်ကိုသွားရမလဲ။ကျမပညာရေးကိုလည်းကျမသိပ်စိတ်မ၀င်စားဘူး။ကျမကိုဘယ်သူတွေစောင့်ရှောက်မလဲကျမဘယ်သွားရမှာလဲအဲဒါတွေကိုအရမ်းစိုးရိမ်နေမိတယ်။ပြီးတော့ကျမကိုအမေရင်းထားခဲ့တဲ့ဒီနေရာကနေထွက်သွားလိုက်ရင်တကယ်အမေရင်းပြန်လာရင်မတွေ့ဖြစ်မှာကိုလည်းစိုးရိမ်မိတယ်” ဆိုပြီးပရာမာကဆိုပါတယ်။

ပရာမာသည်စိတ်တိုတတ်သလိုစိတ်နာကြည်းမှုလည်းအဖြစ်လွယ်ကူသည်ဟုနော်စန်းအေးကဆိုပါသည်။ထို့ပြင်အထီးကျန်သွားမှာကိုအရမ်းစိုးရိမ်နေပြီး၊သူ့အမေရင်းကိုလည်းတွေ့ချင်နေသေးသော်လည်းနော်စန်းအေးကိုမိခင်အရင်းထက်ပိုချစ်ကြောင်းထုတ်ဖေါ်ပြောကြားလာခဲ့ပါပြီး။ဘ၀ရည်မှန်းချက်များမထားတတ်သေးသော်လည်းသူ၏ဘ၀မှန်ကိုနဲနဲလေးသဘောပေါက်လာသည်ဟုပြောနိုင်ပါသည်။

Baan unurak ဂေဟာ၌ပရာမာလိုဘ၀တူကလေးပေါင်း (၁၅)ဦးထက်မနဲရှိပြီးဤအထဲ၌အမျိုးသမီးလေးကပိုများသည်ဟု Di Di ၌တာဝန်ထမ်းဆောင်ခဲ့ဘူးသည့်နော်လာမေထူး(Naw la May Htoo) ခေါ်စို့ဖါက ပြောပါသည်။၎င်းအပြင် Baan unurak ဂေဟာထံလာရောက်အပ်နှံထားသည့်ကလေးများမှာ (၄)မျိုး(၄) စားရှိကြောင်းပြောပါသည်။

(၁) ပရာမာလိုမိဘမသိနိုင်သေးသည့်အရွယ်မှရောက်လာသည့်ကလေးမျိုး၊

(၂) လမ်းစရိတ်ရရှိရေးအတွက်ကလေးကိုလာရောက်ပေါင်နှံခံသွားရသည့်ကလေးမျိုး။
(ဤကလေးမျိုး၌ထိုင်းနိုင်ငံထဲသို့ခိုးဝင်လာကြသည့်မိဘများသည်အခက်အခဲတခုကြောင့်လမ်းစရိတ်ပြတ်တောက်သွားသဖြင့်လမ်းစရိတ်ရရှိစေရန်ကလေးများကိုရောင်းစားထားခြင်းဖြစ်ပါသည်)

(၃) မိဘကဆင်းရဲသောကြောင့်မကျွေးမွေးနိုင်တော့သဖြင့်ဂေဟာထံလာရောက်အပ်နှံ လိုက်တဲ့ ကလေးမျိုး။

(၄) လူနာသည်မိဘများကကလေးများကိုမကြည့်ရှုနိုင်တော့သည့်အတွက်လာရောက်အပ်နှံထားခြင်း။ဟူ၍(၄)မျိုး (၄)စားရှိပြီးဤအထဲမှအများစုသည်ဆင်းရဲသောမိဘများကလာရောက်အပ်နှံခြင်းဖြစ်သည်ဟုနော်စို့ဖါကပြောပါသည်။

Baanunurak မိဘမဲ့ကလေးဂေဟာ၌ရှိသည့်မိဘမဲ့ကလေးများကိုထိုင်းအခြေခံပညာရေးကျောင်းများကိုတက်စေပါသည်။ပညာအရည်ချင်းတော်သည့်ကလေးများကိုမူဘွဲ့ရရှိသည်အထိသင်ကြားပေးခဲ့ပါသည်။ကနေ့အထိဘွဲ့ရရှိသူ နှစ်ဦးရှိနေပြီး၁၂တန်းအောင်မြင်သူကလေးအများအပြားရှိပါသည်။ကလေးအများစုသည်နိုင်ငံမဲ့နိုင်ငံသားများဖြစ်ကြပြီးတချို့ကလေးများမှာဒေသခံကပ်ပြားများပြုလုပ်ခွင့်ရခဲ့ပါသည်။အသက်(၁၈) နှစ်နှင့်အထက်ဖြစ်လာသည့်ကလေးများမှာအများစုမှာအိမ်ထောင်ကျပြီးဂေဟာမှထွက်ခွာသွားကြပါသည်။

-စံခလဘူရီရှိမိဘမဲ့ကလေးဂေဟာများ။

1.Hway Malai Children Home [Sangkhlaburi Safe House].. Children (30)

2. Da Da's Children Home - Children (50)

3. Vission trust - sponsor around 300 children to go to both public schools and Christian School every year, Some children are continue and some are quick from the schooling. Every year about (30) children can get sponsor to go to school.

4. KRC Children Home - Children (25) –

5. Ban Htaw Phan Children Home - Children (20-30)

6. Vic Philippines Children Home] – (50) –

7. Another Philippines Children Home, Children (16 -20)

8. Christian Children Home [ I don't know their name] Teacher Mary is taking care of it. around (46) Children.

9. Children of the forest (300) more

10. DiDi Devamola Bannurat House (150) more

11. Sangalia Children House (50) ထက်မနဲရှိပါတယ်။ ယင်း ၁၁ ဖွဲ့ထဲမှာမှ Vission trust က ကလေးတွေ ရဲ့ပညာရေးကိုအဓိက ဦးစားပေးထောက်ပံ့ထားတာတွေ့ရပါတယ်။ Vission trust တာဝန်ခံ မင်းဦး ( Min Oo) က “ကျတော်တို့ကတော့ ဆင်းရဲတဲ့ နိုင်ငံမှာ တော့ ပညာရေးမှာ နိမ့်ကျနေတဲ့ကလေးတွေကို အများဆုံး တွေ့နေရပါတယ်။ ဘာကြောင့်ကလေးတွေကို ပညာရေးကို အဓိကဦးစားပေး ပံ့ပိုးရတာ လည်းဆိုတော့ ပညာရေးဟာ ဆင်းရဲမှုတွေကို ပပျောက်စေတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့ ဆင်းရဲတဲ့ ကလေးတွေရဲ့ ဘ၀ ရပ်တည်မှုအတွက် ပညာရေး အထောက်အပံ့ဖြစ်သလို ကလေးတွေ ရဲ့ဘ၀ ပိုပြီး တိုးတက်ပြီးအသိပညာ ဗဟုသုတ မြင့်မားလာမယ်လိုလည်း ယုံကြည်ပါတယ်။ ဒါကြောင့် ပညာရေးကို အဓိကထားပြီး ပံ့ပိုးကူညီခြင်း ဖြစ်တယ်လို့” သူကဆိုပါတယ်။

Break the Silence အဖွဲ့မှ Coordinator Andy ကလည်း ကလေးဂေဟာ (၁၁)ရှိသည့်အနက် စုစုပေါင်း ကလေးမှာ (၆၀၀)ကျော်ရှိသည်ဟု သူကဆိုပါသည်။မိဘမဲ့ကလေးများ၏အသက်အပိုင်းအခြားမှာအများစုသည် (၁၀)နှစ်အောက်ကလေးများဖြစ်ပြီးအသက်(၁၄)နှစ်အထိလာရောက်အပ်နှံခဲ့ကြပါသည်။

- မိဘမဲ့ကလေးဂေဟာ၏အခက်အခဲများမှာနေစရာနေရာအခက်အခဲ(မြေနေရာ)ပြသနာ၊အဆောက်အဦးအခက်အခဲ၊စားဝတ်နေရေးအခက်အခဲ၊ပညာသင်ကြားရေးနှင့်နိုင်ငံမဲ့ပြီးအနာဂတ်ပြသနာအခက်အခဲများဖြစ်သည်ဟုမိဘမဲ့ကလေးဂေဟာတိုင်းကပြောကြပါသည်။

-ကလေးဂေဟာများတိုးများလာရခြင်းသည့်အကြောင်းရင်းများမှာ-

ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသည့်မြန်မာနိုင်ငံကမွန်ပြည်နယ်ကရင်ပြည်နယ်တနသာင်္ရီတိုင်းနှင့်အခြားတိုင်းဒေသများမှမြန်မာနိုင်ငံသားများသည်၊စီးပွားရေးအကြပ်အတည်းအရသော်လည်းကောင်း၊နိုင်ငံရေးအရသော်လည်းကောင်းစစ်ရေးအရသော်လည်းကောင်းဤအကြပ်အတည်းများကြောင့်ထိုင်းနိုင်ငံထဲကိုတရားမ၀င်ခိုးဝင်လာခဲ့ကြပါသည်။ဤကဲ့သို့ခိုးဝင်ရာ၌အခန့်မသင့်ဘဲလူကုန်ကူးသူတွေရဲ့ရောင်းစားမှုကိုခံရခြင်း။ညလ များ၏ဖမ်းဆီးမှုကိုခံရခြင်း။လူကုန်ကူးသူများကလိုရာခရီးကိုမပို့ပေးဘဲလမ်းခရီးတ၀က်တပျက်မှာပစ်ထားခံရခြင်း။လမ်းစရိတ်နည်းပါးလာသဖြင့်အဆင်မပြေမှုဖြစ်လာခြင်း။လင်မယားပြသနာဖြစ်ပြီးလမ်းခရီး၌ကွာရှင်းကြခြင်း။ကလေးမွေးကင်းစအချိန်၌လင်ယောကျာ်းများရဲ့ထားပစ်ခြင်းကိုခံရခြင်း။လင်ငယ်၏အကြပ်ကိုင်မှုကြောင့်လည်းကောင်း၊ရောဂါသည်လူနာဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်းစသည့်အကြောင်းအရာများကြောင့်ကလေးမိခင်များသည်၊မိမိရင်သွေးငယ်များကိုမိဘမဲ့ကလေးဂေဟာများထံမှာသွားရောက်အပ်နှံခဲ့ပြီးထွက်ပေါက်ရှာခဲ့ကြပါသည်။

ထိုင်းနိုင်ငံကန်ချဘူရီခရိုင်စံခလဘူရီမြို့နယ်နှင့်ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းသည်၊ပျှမ်းမျှအားဖြင့်လစဉ်လူ(၂၀၀မှ၅၀၀)အတွင်းထိုင်းနိုင်ငံထဲသို့ခိုးဝင်နေကြသည်ဟုဘုရားသုံးဆူမြို့ရှိလူကုန်ကူးသူများကခန့်မှန်းကြပါသည်။အလားတူထိုင်းရဲများဖမ်းဆီးပြီးမြန်မာနိုင်ငံကိုပြန်ပို့ခံရသည့်မြန်မာအရေအတွက်မှာလည်းဤလမ်းကြောင်း၌ပျှမ်းမျှလစဉ်လူ(၂၀၀မှ၃၀၀)အထိရှိနိုင်မည်ဟုလူကုန်ကူးသူများကခန့်မှန်းထားပါသည်။

“ ဒီအခြေအနေတွေကြောင့်မိဘမဲ့ကလေးတွေများလာရတာပါ။တရားမ၀င်ခိုးဝင်ရတယ်လေအဆင်မပြေတာကများပါတယ်။တချို့မိဘတွေဟာရလာတဲ့လမ်းစရိတ်ကိုကသိပ်မများလှပါဘူး။ဒီတော့အ၀င်အထွက်အခြေအနေလေးတွေစောင့်ကြည့်နေရင်းနဲ့ဘဲစားဖို့တောင်အခက်အခဲဖြစ်လာခဲ့တယ်လေ။ဒါနဲ့မိဘချင်းကစပြီးရန်ဖြစ်လာတယ်။တချို့အမျိုးသမီးတွေဆိုရင်ဝင်လာကတည်းကိုကကိုယ်ဝန်ဆောင်လာတာရှိပါတယ်။ဒီတော့ကွဲကြပြဲကြတာပေါ့။တချို့လင်ယောက်ကျားတွေဆိုရင်မယားကကိုယ်ဝန်ဆောင်ထားတာကိုတောင်ပစ်လိုက်တာပါဘဲ။ဒီတော့အမျိုးသမီးတွေဟာနေစရာစားစရာမွေးဖွားစရာတွေကအစအခက်အခဲဖြစ်လာတော့အခုလိုမျိုးရတဲ့နေရာကနေမွေးပြီးကလေးတွေကိုမကြည့်နိုင်တော့ဘူးပေါ့၊တချို့အမျိုးသမီးတွေဆိုရင်စိတ်ဖိစီးမှုကြောင့်စိတ်မနှံ့ရောဂါဖြစ်သွားကြတာပေါ့။ဒီတော့အဲဒီမိန်းကလေးတွေအတွက် အကောင်းဆုံးကကလေးတွေကိုမိဘမဲ့ကလေးဂေဟာတွေမှာဘဲအပ်လာကြတာပေါ့။စိတ်လည်းချရတယ်ပြီးတော့ကလေးလည်းပညာသင်ရတယ်လေ” ဟုဘုရားသုံးဆူမြို့ရှိလူကုန်ကူးသူတဦးကပြောပါသည်။

-တကယ်တော့မိဘမဲ့ဂေဟာထံ အပ်ထားတဲ့ကလေးတွေကတဖြည်းဖြည်းများလာပေမဲ့မိမိကလေးကိုပြန်လာယူသူတွေကရှားလှပါသည်။ကလေးတရာ၌ (၂)နှုန်းမျှပြန်လာယူမှုမရှိဟု Save House မှနော်ဖေါလုလုကပြောပါသည်။

-မြန်မာနိုင်ငံမှာကအလုပ်အကိုင်ရှားပါးသည့်အပြင်ကုန်ဈေးနှုန်းတက်မှုဒဏ်ကိုလည်းအလူးအလဲခံနေကြရသောကြောင့်နီးစပ်ရာထိုင်းနိုင်ငံသို့ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ကြပါသည်။ထို့ပြင်စစ်ဆင်ရေးကိစ္စကြောင့်လဲမိမိတို့၏နေရပ်ဒေသကိုစွန့်ပြီးထိုင်းနိုင်ငံကိုဝင်ရောက်လာခဲ့ကြပါသည်။ဤကဲ့သို့ဝင်ရောက်လာသူများထဲမှ အများစုသည်ဆင်းရဲသောမိသားစုများဖြစ်သည့်အတွက်အခက်အခဲဖြစ်လာသည့်အခါမိမိတို့၏ရင်သွေးငယ်လေးများကိုစွန့်ကြသည့်အတွက်ထိုင်းနိုင်ငံကန်ချနဘူရီခရိုင်စံခဘူရီမြို့၏မိဘမဲ့ကလေးဂေဟာများတိုးများလာရခြင်းဖြစ်ပါသည်။ယခုအချိန်၌ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းမှလူများပင်ဒီစံခလဘူရီ ၏ခိုးဝင်မှုလမ်းကြောင်း၌တွေ့နေရသည်ဟုလူကုန်ကူးသူများကဆိုပါသည်။ဤကဲ့သို့သောအခြေအနေကြောင့်၎င်းတို့မှာပါလာသောကလေးများ တချို့ ကလေးများပါလာကြပါသည်။ နေစရာအခက်ခဲ၊ စားစရာအခက်ခဲ၊ သွားလာရာတွင်အခက်ခဲများရှိသောကြောင့် စံခလဘူရီရှိမိဘမဲ့ကလေးဂေဟာသည်နောက်ထပ်တိုးလာဖွယ်ရာအခြေအနေရှိပါသည်။

- အန်ဂျီအိုများ၏အခြေအနေ။

- ကလေးဂေဟာတိုင်း၌ထောက်ပံ့မှုမလုံမလောက်ဖြစ်နေကြသည်ဟုဆိုကြပါသည်။ဤဂေဟာအားလုံးကိုခြုံကြည့်ပါက၊ခရစ်ယာန်အသင်းအဖွဲ့များ၏ထောက်ပံ့မှုနှင့်နိုင်ငံတကာကလေးများရံပုံငွေကတဆင့်ရရှိနေကြပါသည်။ဤနှစ်အတွက်ထောက်ပံ့မှုများသည်မနှစ်ကထက် (၂၅)ရာနှုန်းလျော့နည်းသည်ဟုဆိုကြပါသည်။

-ကလေးဂေဟာ၏အနာဂတ်အနေအထား။

ကလေးဂေဟာအားကြည့်ရှုနေကြသည့်စေတနာရှင်များသည်၊မိဘမဲ့ကလေးသစ်များကိုလက်မခံရဲအောင်ဖြစ်နေကြပြီး၎င်းတို့လက်ခံကြည့်ရှုစောင့်ရှောက်နေသည့်ကလေးများ၏အနာဂတ်အတွက်လည်းစိတ်မအေးစရာဖြစ်လာနေကြပါသည်။အကြောင်းမှာဤကလေးများကိုအနာဂတ်မှာဘယ်သူတွေပံ့ပိုးပေးကြမှာလဲမေးခွန်းပင်ဖြစ်ပါသည်။ဤသို့ကြောင့်ပရာမာလိုမိဘမြင်ချင်နေသည့်ကလေးများရဲ့အနာဂတ်ဟာမိဘတွေကိုပြန်လည်ဆုံတွေ့နိုင်ကြတော့မှာလားစဉ်းစားစရာပင်ဖြစ်နေပါတော့သည်။

No comments: