Friday, September 27, 2013

မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ အမေရိကန်တွေကိုဖိတ်ခေါ်

ABC

ကုလသမဂ္ဂ ​အထွေထွေညီလာခံအတွက် ​အမေရိကန်နိုင်ငံကို ​ရောက်နေတဲ့ ​မြန်မာနိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်က ​မြန်မာနိုင်ငံအတွင်း ​ရင်းနှီးမြုပ်နှံမှုတွေ ​ပိုမိုလာရောက်လုပ်ဆောင်ကြဖို့ ​အမေရိကန်ပြည်သူတွေကို ​တိုက်တွန်းလိုက် ​ပါတယ်။
မြန်မာနိုင်ငံအတွင်း ​ရင်းနှီးမြုပ်နှံလိုသူတွေအနေနဲ့ ​ဒီအချိန်မှာ ​၀င်ရောက်ပြီး ​စီးပွားရေး ​စတင် ​လုပ်ဆောင်ရမဲ့အချိန်ဖြစ်ပြီး ​အမေရိကန်နိုင်ငံက ​စီးပွားရေးလုပ်ငန်းတွေနဲ့ ​ရင်းနှီးမြုပ်နှံသူတွေကို ​မြန်မာနိုင်ငံထဲကို ​လာရောက် ​ရင်းနှီးမြုပ်နှံလုပ်ကိုင်ကြဖို့ ​ဖိတ်ခေါ်လိုတဲ့အကြောင်း ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်က ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ​သဘာဝ ​သယံဇာတတွေ ​ပေါကြွယ်သလို ​အလုပ်လုပ်နိုင်တဲ့ ​အလုပ်သမားတွေလည်း ​အများအပြားရှိတဲ့အတွက် ​ပုဂ္ဂလိကနယ်ပယ်တွေအနေနဲ့ ​မြန်မာနိုင်ငံထဲကို ​ရင်းနှီးမြုပ်နှံဖို့ ​အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ​ဦးဝဏ္ဍမောင်လွင်က ​သတင်းထောက်တွေကို ​ပြောသွားခဲ့ပါတယ်။

အခုလို ​စီးပွားရေးလုပ်ငန်းတွေနဲ့ ​ရင်းနှီးမြုပ်နှံမှုတွေကို ​ပိုမိုတိုးချဲ့လုပ်ကိုင်မယ်ဆိုရင် ​ရင်းနှီးမြုပ်နှံသူတွေအတွက်ရော ​မြန်မာပြည်တွေအတွက်ပါ ​နှစ်ဖက်စလုံး ​အကျိုးမြတ်ဖြစ်စေမှာဖြစ်တဲ့အကြောင်းလည်း ​ဦးဝဏ္ဍမောင်လွင်က ​ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ​ပြုပြင်ပြောင်းလဲမှုတွေ ​ပြုလုပ်လာတဲ့အပေါ် ​အသိအမှတ်ပြု ​တုန့်ပြန်တဲ့အနေနဲ့ ​အမေရိကန်နိုင်ငံက ​အရင်မြန်မာစစ်အစိုးရလက်ထက်က ​ချမှတ်ထားတဲ့ ​စီးပွားရေး ​ဒဏ်ခတ် ​ပိတ်ဆို့မှုတွေကိုပယ်ဖျက်ခဲ့ပါတယ်။

No comments: