Saturday, September 28, 2013

ကျောက်ဖြူ ဆန္ဒပြခေါင်းဆောင် ၁၀ဦးကို အမိန့် ချပြီ ထိုသူတို့ ကို လွှတ်ပေးရေး ဒေသခံ ၅၀၀ခန့် တောင်းဆိုဆန္ဒပြကြ

မင်းမင်း

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ CNPC ကုမ္ပဏီကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေးရန် ဆန္ဒပြသည့် ကျောက်ဖြူ မဒေးကျွန်းဒေသခံ ခေါင်းဆောင် ၁၀ ဦးကို စက်တင်ဘာ ၂၆ ရက်တွင်ကျောက်ဖြူတရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ပြီဟု ထို ၁၀ ဦးဘက်မှ အမှုလိုက် ပေးခဲ့သည့်ရှေ့နေ ဦးထိန်လင်းက မဇ်္ဈိမသို့ အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “ဒီနေ့ ( စက်တင်ဘာ ၂၆) နေ့လည် ၁၂ နာရီလောက်ကပဲ အမိန့်ချလိုက်တာပါ။ ပြီးပြီးချင်းသူတို့ အကုန်လုံး ကို ကျောက်ဖြူထောင်ကို ခေါ်သွားပါပြီ” ဟု ပြောသည်။

၎င်းတို့ ဆန္ဒပြတောင်းဆိုခြင်းမှာ ပြီးခဲ့သည့် ဧပြီလက ဖြစ်ပြီး CNPC ကုမ္ပဏီကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးရေး တောင်းဆိုဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် ရခိုင်ပြည်နယ်၊ မဒေးကျွန်းဒေသခံ ၁၀ ဦးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကျောက်ဖြူမှ ကူမင်းသို့ သဘာဝဓာတ်ငွေ့သွယ်တန်းအကောင်အထည် ဖော်လျက်ရှိသည့် တရုတ်ရေနံ ကုမ္ပဏီ CNPC ထံ ဒေသတွင်းလျှပ်စစ်မီးရရှိရေး၊ သိမ်းဆည်းခံရသော လယ်ယာများကို လျော်ကြေးများပေးရေးနှင့် ဆက်သွယ်ရေး လမ်းများ ပြင်ဆင်ပေးရေးတို့ အပါအ၀င် အလုပ်သမားများကို ထိုက်သင့်သော လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်လမ်းများ ဆောင်ရွက်ပေးရေးစသည့်  တောင်းဆိုချက်များဖြင့် ဒေသခံ ၈၀၀ က ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြတောင်းဆိုမှုကြောင့် ဦးဆောင်သူ ၁၀ ဦးကို ဧပြီလ ၁၉ ရက်မှစ၍ မဒေးကျွန်းရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင် ရာ ဥပဒေပုဒ်မ(၁၈)အရ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ၁၀ဦးမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ ကိုမောင်မောင်မြင့်၊ ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုဆန်းအေး၊ ကိုမောင်မောင်စိုး၊ ရွာမရွာမှ ဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နုနှင့် ပန်းထိမ်ဆည်ရွာမှ ကိုတင်ဦးကျော်တို့ ဖြစ်ကြသည်။

ထိုဆယ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဒေသခံ ၅၀၀ ခန့်ကလည်း ကျောက်ဖြူတရားရုံးရှေ့တွင် ဆန္ဒပြနေကြပြီး ဆန္ဒပြတောင်းဆိုနေသူတစ်ဦးဖြစ်သည့် မဒေးကျွန်း ဒေသခံ ဦးမောင်အေးက “လုံးဝ မတရားဘူး။ ဒီလိုထောင်ချလိုက်တဲ့အတွက် ဥပဒေသည် လုံးဝပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆတယ်ဗျာ။ အဲ့ဒါကြောင့်တောင်းဆိုနေ ကြတာပါဟု ၎င်းင်းက မဇ်္ဈိသို့ ပြောသည်။ တောင်းဆိုနေကြသည့်ဒေသခံများက ကိုထွန်းကြည် အပါအ၀င် ၁၀ ဦးကို ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ၎င်းတို့ကိုပါ ဖမ်းရန် တောင်းဆိုနေကြသည်။

ကျောက်ဖြူလူမှုကွန်ရက်မှ ကိုထွန်းထွန်းနိုင်၏ ပြောဆိုချက်အရ ဆန္ဒပြတောင်းဆိုနေကြသည့် ကျောက်ဖြူတရားရုံး ပတ်လည်တွင် ရဲအင်အား ၁၁၀ဦး၊ စစ်တပ်မှ ၄၀ ဦး၊ မီးသတ်ကားတစ်စီးနှင့် မီးသတ်ဝန်ထမ်း ရှစ်ဦးတို့ လုံခြုံရေးချ ထားသည်ဟု ဆိုသည်။

အစိုးရက ထိုကဲ့သို့ ပုဒ်မ ၁၈ဖြင့် ဆက်လက် ဖမ်းဆီးအရေးယူထောင်ချနေခြင်းကြောင့် သမ္မတဦးသိန်းစိန် ပြောဆို ထားသကဲ့သို့ အကျဉ်းထောင်များထဲတွင်ရှိနေသည့် နိုင်/ကျဉ်းအားလုံးကို ယခုနှစ်ကုန်တွင် လွှတ်ပေးမည်မှာ မဖြစ်နိုင်ကြောင်း နိုင်/ကျဉ်းစိစစ်ရေးကော်မတီဝင်ဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ကလည်း စက်တင်ဘာ တတိယပတ်အတွင်းက မဇ္ဈိမကို ပြောဆိုထားသည်။

၎င်းက “အခုစိစစ်နေတုန်းမှာပဲ ဒေါ်နော်အုန်းလှတို့၊ အခု ကိုဝင်းချိုတို့ ထပ်ပြီး အဖမ်းခံရတယ်။ တချို့ကျတော့ လည်း အမှုဆိုင်ဆဲ၊ တချို့လည်း အာမခံနဲ့ဆိုတော့ ကျွန်တော်တို့ ကော်မတီမှာ စာရင်းပိတ်လို့မရဘူး”ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ဒေသခံများဆန္ဒပြသည့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းကို ပြီးခဲ့သည့်ဇူလိုင် ၂၈ ရက် ကတရားဝင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်လျက်ရှိသည်။ အဆိုပါ ပိုက်လိုင်းမှ မြန်မာပြည်အတွက် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေသန်းတစ်ရာ ရရှိမည်ဖြစ်ပြီး ကျောက်ဖြူအတွက် သန်းနှစ်ဆယ် ခွဲတမ်းချ ပေးမည်ဟု အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ ခုနှစ်က မြန်မာအစိုးရနှင့် ဃဏြဃတို့ စာချုပ်ချုပ်ဆို ခဲ့ကြသည်။ ကျောက်ဖြုမြို့နယ်မှ တရုတ်နယ် စပ်အထိ ဖြတ်သန်းဖောက်လုပ်မည့် ပိုက်လိုင်းအရှည်မှာ ၂ယ ၈၀၀ ကီလိုမီတာ ရှည်လျားသည်။

No comments: