Saturday, September 28, 2013

အင်းခါးဂါး လူထုအခြေအနေ

JINGHPAW KASA

အင်ခါးဂါးကျေးရွာမှ တပ်မတော်မှ ဖမ်းစီး ရမိ ထားသည့်လူ (၁၀) ဦးကိုကာ ပြန်လွတ်ပေးပြီး ဖြစ်သော်လည်း နှိပ်စက်မှု တော်တော် များများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုပြန်လွတ်ပေးခဲ့သည် သူများအား မချမ်းဘောမြို့သို့ပြန်လာခိုင်းခြင်း မရှိပဲ။ အင်ခါးကျေးရွာတွင်သာ နေထိုင်ခိုင်းလျှက် ရှိသည်။

- ကလေး (၃)ယောက် ဖခင် ဦးခေါဒွပ့်နှင့် အသက် (၂၀) ခန့်ရှိ လူငယ် တစ်ဦး ဖြစ်သူကို ယွန်ခါခင်ကိုမူ တပ်မတော် အစိုးရမှနှိပ်စက် သတ်ဖြတ် ထားပြီး လမ်းဘေးတွေ အပေါ်ယံ မြှပ်နှံထားပေးကြောင်း သိရသည်။

- သက်ကြီးရွယ်အိုပိုင်းနှင့် ကလေးများကိုမူ အင်းခါးဂါးကျေးရွာ စာသင်ကျောင်းတွင် စုစည်း ထားကြောင်းလည်း သိရသည်။

-လူလတ်ပိုင်းများသည် အခု အချိန် အထိတောများတွင် ပုန်းရှောင်နေသေးကြောင်း သိရသည်။

- အင်းခါးဂါးကျေးရွာဒေသခံများအား အကယ်၍သာ မချမ်းဘော၊ ပူတာအိုသို့ပြန်မည် ဆိုရင် အင်ခါးကျေးရွာအား တပ်မတော်သားများမှ မီးရှို့ပေးလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ကြာင်း သိရသည်။

- PCG မှ တဆင့် ဗိုလ်ချုပ် မြင့်စိုးအား ဒေသခံ များ၏ အခြေအနေ တင်ပြ ထားသောကြောင့် မချမ်းဘော၊ ပူတာအို ဌာနဆိုင်ရာမှ အင်းခါးဂါးကျေးရွာသို့အခြေအနေ သွားရောက်ကြည့်ရှု့ရန် စီစဉ် ထားသော်လည်း အခုထိ မသွားနိုင်သေးကြောင်း သိရသည်။

-အုပ်ချုပ်ရေး အပိုင်း တာဝန် ရှိသူများ၊ မချန်းဘော့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဖုန်ဆန့်ကိုယ်တိုင် မချန်းဘော့သို့ရောက်ရှိပြီး အင်ခါးဂါးကျေးရွာ ဒေသ ခံများအားမြို့သို့ခေါ်ဆောင်ရန် ကြိုးစားနေသော်လည်း အခုထိ ဘာတစ်ခုမှ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။

-ထိုကျေးရွာဒေသခံ များသည် စားဝတ်ရေး၊ ဆေးဝါကအစ အခက်အခဲ များစွာ ရှိနေသည်။

-တောင်ယာစပါး ရိတ်သိမ်းချိန် ဖြစ်သော်လည်း တချို့မှာ မရိတ်သိမ်းနိုင်ကြပေ။

-တောင်ယာစပါးများ ရှိသော်လည်း ဆန်မရှိသည့် အတွက် စားစရာ အခက်အခဲဖြစ်နိုင်ကြောင်းသိရသည်။

- စက်လှေဖြင့်လည်း တပ်မှ လွဲပြီး ဘယ်သူမှ စီးနှင်းခွင့် မရှိကြောင်း သိရသည်။

-တပ်မတော် စစ်တပ်မှ စက်လှေ လမ်းကြောင်း ပိတ်ဆို့ထားသည့် အတွက် ဒေသခံများ အခက်အခဲ ရှိနေသည်။

-ဒေသခံများ၏ စက်လှေများကိုလည်း စစ်တပ်မှ ချောဆွဲခြင်း ပြုလုပ်သည့် အတွက် ဒေသခံ စက်လှေ သမားများ ပုန်းရှောင် နေရသည်။

-အခု အချိန်တွင် ပိုပိုပြီး ဒေသခံ များ၏ အခြေအနေ စိုးရိမ် စရာ ဖြစ်လာကြောင်း မချမ်းဘော၊ ပူတာအိုဒေသခံ များမှ ဆိုသည်။

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုကို မြ၀တီဝါဒဖြန့်ပုံမှာ ၄င်းတို့ တပ်ဖွဲ့ဝင် များကို KIA မှ လူမဆန်စွာ သတ်ခဲ့ ကြောင်း Facebook စာမျက်နှာတွင် ၀ါဒဖြန့်ပါသည်။ အခြေအမြစ်မရှိသည့် ပုံ၊ အတည်ပြုခြင်း မပြနိုင်သည့်ပုံကို တင်ထားပြီး အပြင်းအထန် ၀ါဒဖြန့်ခဲ့ပါသည်။

ဝါဒဖြန့်ချိန်တွင်လည်း စစ်အာဏာရှင်များက ဒေါ်လာ ၁၁ဘီလီယံ ဘဏ်အကောက် ထားရှိမှုကို ကမ္ဘာ့ဘဏ် မှ ဖေါ်ပြနေချိန်နှင့်လည်း တိုက်ဆိုင် နေပါသည်။ အယှက် လုံဖြေဆေး အဖြစ် လမ်းကြောင်းလွှဲသည့် အနေဖြင့် ၀ါဒဖြန့်နေတာလည်း ဖြစ်နိုင်ပါသည်။

No comments: