Monday, September 30, 2013

မလေးရှား တပ်မတော်အသင်း မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခြေစမ်းပွဲ လာရောက်ကစားမည်

ရဲရင့်ဌေး

မလေးရှား နိုင်ငံကိုယ်စားပြု တပ်မတော်ဘောလုံးအသင်းသည် လာမည့်အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာ့တပ်မတော်ဘောလုံးအသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲလာရောက် ကစားမည်ဖြစ်သည်။

မလေးရှားတပ်မတော်အသင်းနှင့်ခြေစမ်းပွဲ ကစားရန် မြန်မာကိုယ်စားပြု အသင်းအဖြစ် MNL-2 ကလပ် မြ၀တီ အသင်းကို ရွေးချယ်ထားကြောင်းလည်း မြ၀တီအသင်း စီအီးအို ဦးမြတ်စိုးက မဇ်္ဈိမသို့ပြောသည်။

“လာမယ့်အောက်တိုဘာလမှာ မလေးရှားတပ်မတော် အသင်း မြန်မာနိုင်ငံလာပြီး ခြေစမ်းပွဲကစားဖို့ ရှိပါတယ်။လောလောဆယ်မှာတော့ ကျွန်တော်တို့ မြ၀တီအသင်းနဲ့ ကစားဖို့စီစဉ်ထားပါတယ်။ ခြေစမ်းပွဲကို နေပြည်တော်ဇေယျာသီရိ ကွင်းမှာပဲ ကစားမှာပါ”ဟုဦးမြတ်စိုးကဆိုသည်။

မြ၀တီဘောလုံးအသင်းမှာ မြန်မာ့တပ်မတော်ကိုအခြေခံဖွဲ့စည်းထားသော အသင်းဖြစ်ပြီး၂၀၁၃ ခုနှစ်တွင်အသင်း စတင်ဖွဲ့စည်းကာ MNL-2 တွင်ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြ၀တီအသင်း အနေဖြင့်ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း နေပြည်တော်တွင် လေးနိုင်ငံ ချစ်ကြည်ရေးဘော်လုံးပြိုင်ပွဲ၌ စင်ကာပူ၊ ထိုင်း၊ တရုတ် တပ်မတော်အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ပြီးဒုတိယရခဲ့သည်။

No comments: