Friday, September 27, 2013

အောက်ဆီဂျင် အကူယူခဲ့ရတဲ့ ဇာဂနာ၏ ကျန်းမာရေး ပြန်လည်သက်သာ

ပန်းမြတ်ဇော် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃

ဇာဂနာသည် စက်တင်ဘာ ၂၅ ရက် ညအချိန်တွင် မိမိအိမ်၌နေထိုင်စဉ်တွင် အသက်ရှူ မ၀ဖြစ်ပေါ်လာသည့် အတွက် အောက်ဆီဂျင်အကူအညီဖြင့် အသက်ရှူခဲ့ရသော်လည်း အခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ယခုအခါတွင်ပြန်လည်သက်သာလာပြီဖြစ်ကြောင်း အရိုင်းက မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

အရိုင်းက ““မနေ့ညကဖြစ်တာ၊ သူဖြစ်နေတာကို ဘယ်သူမှမသိဘူး။ ရုံးမှာ ရှိတဲ့ဝန်ထမ်းတွေက ဇာဂနာကို တွေ့မှ သူအသက်ရှူကျပ်နေတာကို သိရတာ။ ၀န်ထမ်းတွေ ပြောပြမှ ကျွန်တော်လည်း သိရတာ။ ဆရာဝန်ကတော့ အဆုတ်ရောင်တာလို့ပြောတယ်။ အသက်ရှူမ၀လို့ မနေ့ကတုန်းကတော့ အောက်ဆီဂျင်နဲ့ အသက်ရှူရတယ်။ မနက်ကအထိတော့ အသက်ရှူနည်းနည်းကျပ်သေးတယ်။ အခုတော့ နည်းနည်းသက်သာ လာပါပြီ။ ဆရာဝန်ကတော့ သူ့ကို စကား မပြောခိုင်းသေးဘူး”ဟု ပြောပြသည်။

လက်ရှိတွင် ဇာဂနာသည် ၎င်း၏ နေအိမ်၌ပင် အနားယူလျက်ရှိပြီး ဇာဂနာ ဦးစီးကျင်းပမည့် မြန်မာ့ငြိမ်းချမ်းရေး ပွဲတော် Sky Net တံခွန်စိုက် အငြိမ့်ပြိုင်ပွဲ၏ မန္တလေး၊ မော်လမြိုင်ပြိုင်ပွဲများကို ကျန်းမာရေးအခြေအနေပေါ် မူတည်ကာ ရက်အနည်းငယ်ရွှေ့ဆိုင်းမှုများ လုပ်ဆောင်မည်ဖြစ်သည်။

No comments: