Sunday, September 29, 2013

၂၀၁၄တွင် Mazda ကားကုမ္ပဏီ မြန်မာပြည် တိုက်ရိုက်အရောင်းစင်တာ ဖွင့်မည်

ထင်လင်းအောင်

ဂျပန်နိုင်ငံအခြေစိုက် Mazda ကားကုမ္ပဏီက မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည့် CCAM ကုမ္ပဏီနှင့် တွဲဖက်ကာ ၂၀၁၄ခုနှစ်တွင် ပြည်တွင်း၌ Mazda အရောင်းစင်တာအား တိုက်ရိုက်ဖွင့်လှစ် ရောင်းချ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ အီနိုယူဟီရိုရှီးက ပြောသည်။

Automobile Alliance (AA) ကုမ္ပဏီသည် ယင်းတို့၏ Cycle & Carriage Automobile Myanmar (CCAM) ကုမ္ပဏီကို မြန်မာပြည် တစ်ဦးတည်းရောင်းချခွင့် ကိုယ်စားလှယ်အဖြစ် ပေးလိုက်ခြင်းဖြစ်ရာ ထိုသို့ တိုက်ရိုက် အရောင်းစင်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မစ်္စတာ အီနိုယူဟီရိုရှီး(Inoue Hiroshi) က““ ကျွန်တော်တို့ ကုမ်္ပဏီရဲ့ Mazda ကားတွေကို မြန်မာပြည်ရဲ့ CCAM နဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် စာချုပ်ချုပ်ဆိုနိုင်တာဟာ ၀မ်းသာစရာပဲ ဖြစ်ပါတယ်။ မြန်မာပြည်က customerတွေ အတွက်လွယ်ကူစွာ ၀ယ်ယူနိုင်ဖို့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ showroom ဖွင့်လှစ်ပြီး ရောင်းချသွားမှာလည်းဖြစ်ပါတယ်”ဟုပြောသည်။

Mazda ကားများအား မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ပေးခြင်းနှင့် စပ်လျဉ်းသည့် AA နှင့် CCAM တို့အကြား သဘောတူ စာချုပ်ချုပ်ဆိုခြင်းကို စက်တင်ဘာ ၂၅ ရက်က ဆောင် ရွက်ခဲ့သည်။

ထိုသို့ တိုက်ရိုက်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချရာတွင် အာမခံသက်တမ်းအတွင်း ပျက်စီးပါက ပြင်ဆင်နိုင်သည့် ၀န်ဆောင်မှုစင်တာများကိုပါ ပူးတွဲပါဝင်မည်ဟု ဃဃဗြ ကုမ်္ပဏီ ဥက်္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောသည်။

ယင်းက““Mazda ဆိုတာက အရင်က တည်းက ပြည်တွင်းမှာ ၀ယ်ယူသုံးစွဲမှုများတဲ့ ကားတွေထဲက တစ်မျိုးပဲလေ။ အခုလို showroom ဖွင့်ပြီး ရောင်းချနိုင်တဲ့အခါမှာ ပျက်စီး ပြင်ဆင်မှုအတွက်က လွယ်ကူသွားမှာပဲလေ။ အဲဒါကြောင့် ဖြေိကေုမ်္ပဏီရဲ့ တိုက်ရိုက် ပြင်ဆင်ဝန်ဆောင်မှုစင်တာကိုပါ ပူးတွဲဖွင့်လှစ်သွားမှာပါ”ဟု ပြောသည်။

အဆိုပါ showroom အား ကမ္ဘာအေး ဘုရားလမ်းပေါ်၌ ဖွင့်လှစ်မည်သွားမည် ဖြစ်ကာ ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ကိုင်နိုင်မည့် Mazda ကားဝပ်ရှော့ကိုမူ အင်းစိန်မြို့နယ်၊ ရွာမကျောင်းလမ်းပေါ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ဦးအောင်မိုးကျော်က“၂၀၁၄ ခုနှစ်မှာ စတင်ပြီး showroom ဖွင့်မယ်ဆိုပေမယ့် ဒီနှစ်ကုန်ပိုင်းလောက် မှာပဲ ယာယီ showroom ကိုဖွင့်သွားမှာပါ” ဟုဆိုသည်။

CCAM ကုမ္ပဏီသည် Mazda ကားအပြင် မာစီးဒီးနှင့် Mitsubushi ကားများကိုလည်း မြန်မာပြည် တစ်ဦးတည်း အရောင်းကိုယ်စားလှယ်အဖြစ် ရရှိထားသည်။

No comments: