Saturday, September 28, 2013

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် လိင်ပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမူများ ရှိနေဟုဆို

ဖိုးစိုးသူ

ထားဝယ် ရေနက်စီမံကိန်း စတင်တည် ဆောက်နေချိန်မှ ယနေ့အချိန်ထိ ဒေသခံ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေကြောင်း ထားဝယ် အမျိုးသမီးသမဂ္ဂက ပြောကြားလိုက်သည်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀ိုင်အမ်စီအေတွင် ပြုလုပ်သည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် ဒေသခံများ၏ ဆန္ဒမှတ်တမ်း ဗွီဒီယိုဖြန့်ချိပွဲတွင် မဇ္ဈိမကိုပြော ကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဒေသခံအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အခွင့်ရေး ချိုးဖောက်မှုများ ခံကြရသည့်အပြင် လုပ်ငန်းခွင်များတွင် အမျိုးသမီးများမလုပ်နိုင်ဟု ဆိုကာ ခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြီး လူ့အခွင့်ရေး ချိုး ဖောက်မှုများ ခံနေကြရခြင်းဖြစ်သည်။

“အလုပ်သွားလျှောက်ရင် မိန်းကလေးတွေဆို များသောအားဖြင့် မခန့်ချင်ကြဘူး။ အကြောင်းပြချက်က မလုပ်နိုင် ဘူးဆိုပြီး အလုပ်မခန့်ကြဘူး”ဟု မယ်စုစုဆွေက ဆက်လက်ပြောကြားသည် ။

ထားဝယ် ရေနက်စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားကြသော ဒေသခံတို့၏ လယ်ယာမြေများ၊ သီဟိုဠ်စိုက်ခင်း၊ ကွမ်းစိုက်ခင်း၊ ရော်ဘာခြံ၊ ဆီအုန်းခြံ ၊ မင်းကွတ်ခြံများကို လျော်ကြေးငွေ ပေးအပ်ခြင်းများ မရှိသေးဘဲ လျော်ကြေးငွေ ရရှိသူများမှာလည်း မြေတစ်ဧကချင်း အလိုက်လျော်ကြေးငွေရရှိမှုများ မတူညီသော အခွင့်ရေး ချိုးဖောက်မှု များလည်း ရှိနေကြကြောင်း ထားဝယ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဝင် ဦးရဲမင်းကဆိုသည်။

No comments: