Wednesday, October 9, 2013

မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေသူကို ရဲကအရေးယူ

တိုးကြီး(မုံရွာ) | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျွန်းတော် အနောက်ကျေးရွာ၌ အောက်တိုဘာလ ၇ ရက်က၊ မိမိကိုယ် ကိုယ်ကိုယ်ကြိုးဆွဲချ သတ်သေရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့သည်။ ယင်းသို့ ကြိုးပမ်းမှု ကိုမြင်တွေ့ သည့် ကြိုးဆွဲချရန် ကြိုးပမ်းသူ၏ ဇနီးကကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားခဲ့သည့်အတွက် အချိန်မီ တားဆီးခဲ့နိုင်ခဲ့သည်။

ယင်းသို့ ကြိုးဆွဲချရန် ကြံစည်သူမှာနေအိမ် ကြက်ခိုးစင်ရှိ အ၀တ်လှန်းဝါးလုံးတန်းကို အရှည်ငါးတောင်ရှိ ကြိုးဖြင့် ချည်နှောင်ကာ မိမိကိုယ်ကိုသတ်သေရန် ကြိုးစားနေကြောင်းကို မင်းကင်းမြို့မရဲစခန်းမှ ရဲအုပ်နှင့် တကွတာဝန်ရှိ သူများက တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သို့အတွက်ကြောင့် မိမိကိုယ်ကိုသေကြောင်း ကြံစည်သူအား ရဲအုပ်သိန်းနိုင်မှ တရားလိုလုပ်ကာ ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့သည့်အတွက် မင်းကင်းမြို့မရဲစခန်းက (ပ) ၈၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။

No comments: