အောင်မင်းဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၃
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် အနိ္ဒယနိုင်ငံမှ တာတာ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက လုပ်ငန်းခွင်ဆိုင်ရာ လေ့လာမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ယင်းစီမံချက်အား ၂၀၁၉-၂၀၂၀ တွင် ခွင့်ပြုလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။ အဆိုပါစီမံချက်မှာ တာတာ အုပ်စု ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ပထမဆုံးသော စီမံချက်လည်းဖြစ်သည်။
“တာတာပါဝါအနေနဲ့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် အစိုးရနဲ့ နားလည်မှုစာ ချွန်လွှာ (MoU) ထိုးပြီးပါပြီ” ဟု ကုမ္ပဏီအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
တာတာပါဝါမှာ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လောလောဆယ် တာတာပါဝါ အနေဖြင့် ဘူတန်၊ ဂျော်ဂျီယာနှင့် ဇမ်ဘီယာနိုင်ငံများ တွင် ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်လျက်ရှိသည်။ ထို့အတူ တောင်အာဖရိကနိုင်ငံတွင်လည်းလေအားလျှပ်စစ်စက်ရုံနှစ်ခု တည်ဆောက်လျက်ရှိသည်။
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ကောင်းဒေသတွင် တည်ဆောက်ရန် ရွေးချယ်ထားသည်။
No comments:
Post a Comment