ရွှေဟင်္သာ
ရန်ကုန်တိုင်း ဒေသကြီး တွင်းရှိ မွန်လူဦးရေ စာရင်း အမှန် ရရှိရေး အတွက် သန်းခေါင် စာရင်းများ ကောက်ခံ ရာ၌ လုပ်ငန်းခွင် အခက် အခဲကြောင့် မပါဝင် နိုင်သေးသော မွန်ပြည်သူများ ရှိနေကြောင်း ရန်ကုန်တိုင်း သန်းခေါင် စာရင်း ကောက်ယူ ရေးအဖွဲ့မှ ဦးဆောင် ကော်မီတီ အဖွဲ့ဝင် မိခင်လေးမြင့်က ဆိုပါသည်။
“ကျမတို့ကတော့အမျိုးမျိုး ဆော်သြ နေတာပါပဲ၊ သတင်းစာ တွေထဲ ထည့်ကြော်ငြာတယ်၊ တီဗွီ ထဲမှာလည်း ကြော်ငြာတယ်။ တော်ဝင် နှင်းဆီ မှာလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင် ဖြန့်ဝေတယ်၊ ဒါပေ မဲ့တချို့ လူတွေကတော့ သတင်းစာလည်း မဖတ်ဘူး။ အလုပ် ထဲမှာပဲ နစ်နေ ကြတယ်၊ ဒီတော့ အဲဒီလို လူတွေရဲ့ စာရင်းတွေ မရသေးဘူး ဖြစ်နေတယ်” ဟု ဆိုပါသည်။
ရန်ကုန်တိုင်း ဒေသကြီး မွန်လူဦးရေ စာရင်း အမှန် ရရှိရေး ကော်မီတီမှ အကြမ်းဖျင်း စုဆောင်း ထားသည့် အချက် အလက် များအရ ရန်ကုန်တိုင်း ဒေသကြီး၌ မွန်လူဦးရေ တစ်သိန်း ခွဲခန့် ရှိပြီး ၄င်းထဲမှ ထက်ဝက် ခန့်တို့သည် နိုင်ငံသား စိစစ်ရေး ကဒ်များနှင့် သန်းခေါင် စာရင်း များ၌ လွဲမှားစွာ ဖော်ပြခြင်း ခံထား ရသည်ဟု ဆိုပါသည်။
ရန်ကုန်တိုင်း ဒေသကြီး မွန်လူဦးရေ စာရင်း အမှန် ရရှိရေး ကော်မီတီသည်၊ ပြီးခဲ့သည့် စက်တင်ဘာ လလယ်ကပင် ရန်ကုန်တိုင်း ဒေသကြီး၌ မွန်လူဦးရေစာရင်း အမှန် ရရှိရေး အတွက် သန်းခေါင် စာရင်းများ စတင် ကောက်ယူ ခဲ့ပါသည်။ ကော်မီတီသည် ရန်ကုန်တိုင်း ဒေသကြီး၌ ရှိသည့် (၄၅) မြို့နယ် စလုံးတွင် စာရင်း ကောက်ခံ နေပြီး လာမည့် ဒီဇင်ဘာ လဆန်း၌ ပြီးပြတ် နိုင်မည်ဟု ခန့်မှန်း ထားပါသည်။
ဤကဲ့သို့ သတ်မှတ် ရက်တွင် ပြီးစီးစေရန် ကော်မီတီသည် ယင်းလူဦးရေ စာရင်း ကောက်ယူရေး လုပ်ငန်း စီမံချက်ကို ခန့်ထားသည့် ဝန်ထမ်း (၄၇) ဦးနှင့် အတူ ပုဂ္ဂလိက လုပ်အားပေးများ ပူးပေါင်းပြီး စုစုပေါင်း အင်အား (၁၀၀) ကျော် တို့ဖြင့် အကောင်အထည် ဖော်နေ ခဲ့ပါသည်။
ဤအစီ အစဉ်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင် နေခြင်း ဖြစ်ပြီး လူဦးရေ စားရင်း လွှဲမှားဖော်ပြ ထားမှု မှန်သမျှကို ပြင်ဆင်ခွင့် ပေးထား ခဲ့ပါသည်။ ပြင်ဆင် ရာတွင်လည်း မိမိ ကိုယ်တိုင် သက်ဆိုင်ရာ လဝက ရုံးများ၌ သွားရောက် ပြင်ဆင် နိုင်ကြောင်း ခွင့်ပြုချက် ရရှိ ထားပြီး ဖြစ်သည်ဟု မိခင်လေးမြင့်က ဆိုပါသည်။
သို့မဟုတ်ပါက ကော်မီတီသို့ တိုင်ကြားပြီး ကော်မီတီမှ လိုအပ်သည် များကို ဆောင်ရွက် ပေးပါသည်။ ဤကဲ့သို့ အဆင့် ဆင့်ကောက်ခံပြီး ကော်မီတီသည် ၄င်းတို့ ကောက်ယူ ရရှိ ထားသည့် စာရင်းများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ရုံးများသို့ ပေးပို့၍ ရန်ကုန်တိုင်းရှိ မွန်လူမျိုး များ၏ သန်းခေါင် စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ၌ လူမျိုး အမည်မှန် ဖြစ်ရေးကို ပြန်လည် ပြင်ဆင် ပေးပါသည်။
ဤစီမံကိန်း အောင်မြင်ရေး အတွက် ကိုယ်ထူ ကိုယ်ထ အစီ အစဉ်ဖြင့် ရံပုံငွေ ကောက်ခံ ခဲ့ကြရာ ကျပ်ငွေသိန်း (၁၈၀) ခန့် ရရှိ ထားပါသည်။ သို့သော် စီမံကိန်းသည် ကျပ်သိန်း (၃၀၀) ခန့် ကုန်ကျ မည်ဟု တွက်ချက် ထားပါသည်။
ရန်ကုန်တိုင်းရှိ မွန်လူမျိုး ဦးရေသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ စာရင်း အရ လူဦးရေ (၃၀၅၀၀) ဦးသာ ရှိသည်ဟု ဖေါ်ပြ ထားပါသည်။ ဤသို့ကြောင့် ရန်ကုန်တိုင်းအတွင်း ရသင့် ရထိုက်သည့် တိုင်းရင်းသား ရေးရာ ဝန်ကြီး အခွင့် အရေးလည်း ဆုံးရှူံး ခဲ့ရ ပါသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အရ တိုင်းရင်းသား ရေးရာ ဝန်ကြီးသည် တနိုင်ငံလုံး လူဦးရေ၏ 0.01 ရာခိုင်နှုန်း ( ၆ သောင်းခန့်) ရရှိရန် လိုအပ်သည့် အတွက် ကော်မီတီသည် ဤအရေ အတွက် ရရှိနိုင်ရန် လာမည့်(၂၀၁၅) ရွေးကောက် ပွဲမတိုင်မှီ အရ ကောက်ခံ ကြမည် ဖြစ်သည်။
ဤသည် ရန်ကုန်တိုင်း ဒေသကြီး တွင်းရှိ မွန်လူဦးရေ အမှန် ရရှိရေး ကောက်ခံမှု စီမံကိန်းပင် ဖြစ်ပါသည်။ အလားတူပင် ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၌လည်း ဆက်လက် အကောင်အထည်ဖော်သွားရန် ရှိကြောင်း လူမျိုး အမှန် စာရင်း ကောက်ယူရေး အဖွဲ့ ညွှန်ကြားရေးမှူး မင်းစိုးအောင်မှ ဆိုပါသည်။
မွန်လူမျိုး များသည် မြန်မာ တစ်နိုင်ငံလုံး၌ လူဦးရေ (၈) သန်းခန့် ရှိသည်ဟုအွန်လိုင်း စွယ်စုံကျမ်း (Wikipedia) စာ မျက်နှာ၌ ဖော်ပြ ထားပါသည်။ မွန်လူမျိုး များသည်အထူးသဖြင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူး၊ တနင်္သာရီ၊ ရန် ကုန်၊ ဧရာဝတီတိုင်း တို့၌လည်းနေထိုင် ကြပါသည်။
လူဦးရေ အမှန် ရရှိရေးသည် နိုင်ငံ တနိုင်ငံ အတွက် အရေးကြီးသည် ဆိုသော်လည်း ခေတ်အဆက်ဆက်မှ မြန်မာ အစိုးရ များသည် ၄င်းတို့ ၏ နိုင်ငံရေး အရ သဘောထား များကြောင့် စာရင်းမှန် ရရှိရေးကို မဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ လစ်ဟင်း လာခဲ့သဖြင့် ယခုကဲ့သို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲ ချိန်တွင် အရေးတကြီး လိုအပ် လာပါသည်။
ဤသို့ကြောင့် အစိုးရသည် နိုင်ငံတကာ၏ အကူ အညီကို ရယူပြီး တနိုင်ငံလုံး စာရင်းအမှန် ရရှိရေးကို ဆောင်ရွက် လာခဲ့ရ ပေသည်။ ၄င်းတို့သည် ၂၀၁၄ ခုနှစ် မတ်လတွင် စတင်ပြီး ရက် (၂၀) အတွင်း တနိုင်ငံလုံး စာရင်း ကောက်ယူရန် ပြင်ဆင် နေကြပါသည်။

No comments:
Post a Comment