ယုဝေ
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလ ဒုတိယပတ်အထိ သယ်ယူပေး ခဲ့သော ရုပ်အလောင်း ၁၂,၀၀၀ ကျော်ရှိပြီဟု ယင်းအသင်းမှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က ဒီဇင် ဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဒေါ်ဧရာမောင်မောင်က “သယ်ယူပေးခဲ့ရတဲ့ သြိပ (ရုပ်အလောင်း) က တစ်နှစ်နဲ့ တစ်နှစ်ကို သိပ်မကွာပါဘူး။ တစ်နေ့ကို သြိပ (ရုပ်အလောင်း) ပေါင်း ၃၀ ကနေ ၅၀ ကြား သယ်ရပါတယ်”ဟု ပြောသည်။
ရာသီဥတု ပူပြင်းသည့်ရာသီတွင် ရုပ်အလောင်းသယ်ရသည့် အရေအတွက်မှာ ပိုမိုများပြားပြီး အသက် ၅၀ နှင့်အထက် အသက်အရွယ်များ ပိုများသည်ဟု ယင်းအသင်းမှ သိရသည်။
တစ်နှစ်အတွင်း သယ်ယူခဲ့သည့် ရုပ်အလောင်းအရေအတွက် တစ်သောင်းပြည့်ချိန်ဖြစ်သည့် အောက်တို ဘာ ၇ ရက်က တစ်သောင်းပြည့်မြောက်သည့် ကွယ်လွန်သူများအတွက် ရည်စူး၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သေးသည်။
နာရေးကူညီမှုအသင်းမှ ၂၀၁၂ ခုနှစ်တွင် သယ်ယူခဲ့သော ရုပ်အလောင်း စုစုပေါင်း ၁၃,၅၀၇ အထိ ရှိခဲ့ သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။
No comments:
Post a Comment