ဝင်းကိုကိုလတ်၊ ခင်မြတ်မြတ်ဝေ
ပေါင်းတည်ထောင်အတွင်း အမှုရင်ဆိုင်နေရသော အချုပ်သားသုံးဦးသည် ဒီဇင်ဘာ ၁၃ ရက်တွင် အစာ ငတ်ခံဆန္ဒပြမှုများ စတင်မည်ဟု ထိုသူတို့၏ မိသားစုဝင်များက မဇ်္ဈိမသို့ တယ်လီဖုန်းမှတဆင့် ဒီဇင်ဘာ လ ၁၂ ရက်က အတည်ပြု ပြောကြားသည်။
အစာငတ်ခံဆန္ဒပြမည့် ဒေါ်မြင့်မြင့်အေး၏တူမဖြစ်သူ မဟုန်ဆုရင်က “အန်တီမြင့် (ဒေါ်မြင့်မြင့်အေး)အပါ အ၀င် သုံးဦးစလုံး အစာငတ်ခံ ဆန္ဒပြမှုတွေ စတင်ပါမယ်”ဟု အတည်ပြုသည်။
မိတ်္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ်္တိလူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင်တို့ သည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၆နှင့် နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးသန့်ဇင်ထက်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်။
ထိုသူတို့သည် တရားရုံးတွင် တရားစွဲဆိုထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်လည်း အမိန့်ချမှတ်မှု ကြန့်ကြာနေသဖြင့် အစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မခင်ဆုဟန်က ပြောသည်။
မြို့နယ်တရားရုံးမှ စွဲချက်တင်သင့်သည်ဟု ချပေးထားသည့်အမိန့်ကို တိုင်းတရားရုံးက ပြင်ဆင်ချက်ဖြင့် အမိန့်မချဘဲ ထားသည့်အတွက် အမှုရင်ဆိုင်နေရသူများ နစ်နာနေရသည်ဟု အမှုကို လိုက်ပါကူညီပေး နေသူ ရှေ့နေမခင်ဆုဟန်က ပြောသည်။
အစာငတ်ခံဆန္ဒပြမည့်သူ သုံးဦးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားသည့် လယ်ယာမြေဧက ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် တောင်သူများကို အား ပေးကူညီခဲ့သဖြင့် ဇွန်လ ၁၁ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment