Saturday, December 21, 2013

အမြန်ရထားပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကျေးရွာ၏မြောက်ဘက် မန်္တလေး - မြစ်ကြီးနား မီးရထားလမ်း မိုင်တိုင် အမှတ် ၅၀၈/၂၃ နှင့် ၅၀၈/၂၄ မိုင် အကြားတွင် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက မန္တလေး-မြစ်ကြီးနားအမြန် ရထားပေါ်မှ အမည်မသိ လူတစ်ဦးပြုတ် ကျသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့မ ရဲ စခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက်(၃၀)နှစ် ၀န်း ကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၀တ်ဆင်ထားသော အင်္ကျီအိတ် အတွင်းရှိ မီးရထားလက်မှတ်သည် မဲဇာ - ထန်းတပင်ဘူတာသို့ အမှတ် (၄၈) အစုန် မီးရထားစီးနင်းခွင့် လက်မှတ်ဖြစ်ကြောင်း သွားရောက် စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းလူသေဆုံးမှုကို ကန့်ဘလူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၃)အရ အမှုဖွင့်ထားပြီး ၎င်း၏ အမည်၊ နေရပ်ကို မသိရှိရသေးပေ။

No comments: