Wednesday, December 4, 2013

ဆီးဂိမ်းအတွက် လုံခြုံရေး စိုးရိမ်နေကြ

ABC

မန်မာနိုင်ငံ ​အရှင်အဖြစ် ​မကြာခင်မှာ ​ကျင်းပြလုပ်တော့ ​အရှေ့တောင်အာရှ ​ဆီးဂိမ်း ​အားကစား ​ပြိုင်ပွဲအတွက် ​လုံခြုံရေးနဲ့ ​ပတ်သက်တဲ့ ​စိုးရိမ်မှုတွေဖြစ်နေသလို ​အားကစား ​ပြိုင်ပွဲတွေကို ​လာရောက် ​ကြည့်ရှု့မယ့် ​ပရိသတ်တွေ ​နည်းမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။

လာမယ့် ​ဒီဇင်ဘာလ ​၁၁ရက်နေ့ကျရင် ​နေပြည်တော်က ​ဆီးဂိမ်းအတွက် ​ပြင်ဆင်ထားတဲ့ ​အားကစား ​ကွင်းထဲမှာ ​ဆီးဂိမ်းဖွင့်ပွဲ ​အခမ်းအနားကို ​ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဆီးဂိမ်းအားကစား ​ပြိုင်ပွဲဝင်မယ့် ​အားကစားသမားတွေနဲ့ ​တာဝန်ရှိပုဂ္ဂိုလ်တွေက ​ဖွင့်ပွဲအခမ်းအနားကို ​တက်ရောက်ဖို့ရှိသလို ​သတင်းထောက်တွေကလည်း ​သတင်းရယူဖို့အတွက် ​တက်ရောက်ဖို့ရှိနေပါတယ်။

ဒါပေမယ့် ​အခမ်းအနားဖွင့်ပွဲမှာ ​ပရိသတ်တက်ရောက် ​ကြည့်ရှု့ ​အားပေးမှုတွေ ​နည်းမှာ ​ထိုင်ခုံတွေ ​မပြည့်မှာကိုတော့ ​တာဝန်ရှိသူတွေက ​စိုးရိမ်နေကြသလို ​လက်နက်ကိုင် ​အဖွဲ့တွေရဲ့ ​ခြိမ်းခြောက်မှု ​တွေရှိမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။

အဲ့ဒါအပြင် ​အားကစားသမားတွေ၊ ​ပရိသတ်တွေနဲ့ ​သတင်းမီဒီယာသမားတွေအတွက် ​ဟော်တယ်ခန်း ​အလုံအလောက်မရှိမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။ ​ခန့်မှန်းခြေအနေနဲ့ ​ပြိုင်ပွဲဝင်မယ့် ​အားကစားသမား ​အယောက် ​၆၀၀၀ ​လောက်ရှိမှာဖြစ်ပြီးတော့ ​ပြိုင်ပွဲကို ​သတင်းသွားရောက် ​ရယူမယ့် ​မီဒီယာသမား ​အယောက်ပေါင်း ​၃၀၀၀ ​လောက် ​ရှိတယ်လို့ ​သိရပါတယ်။

No comments: