Thursday, December 12, 2013

လက်နက်ကိုင် တိုင်းရင်းသားများ ၏ ဒုတိယအကြိမ် ညီလာခံကို ဇန္နာဝါရီ လလည်သို့ ရွှေ့ဆိုင်း

ရွှေဟင်္သာ


အချိန် လုံလောက်မှု နှင့် ဆက်သွယ် ဆောင်ရွက်မှု များ အခက်အခဲ ရှိသည့်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ ထဲ၌ ကျင်းပရန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံကို လာမည့် ၂၀၁၄ ခုနှစ် ဇန္နာဝါရီလ ဒုတိယ အပါတ်နှင့် တတိယ အပါတ် ကြားသို့ ရွှေ့ဆိုင်း လိုက်ပြီး ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက် ရေး ကော်မီတီဝင် ပဒိုမန်းမန်းက ဆိုပါသည်။

“ ပြီးခဲ့တဲ့ ရက် သတ်မှတ်ချက်က သိပ်ကပ်လွန်းလို့ပါ။ အချိန်နဲ့ ဆက်သွယ် ဆောင်ရွက်မှု ပြသနာပေါ့။ အခုထိ ဖိတ်စာ တောင် မကမ်းနိုင် သေးဘူးလေ။ ပြီးတော့ ဖိတ်မဲ့ အဖွဲ့တွေကိုလည်း တိုးထား သေးတယ်လေ။ ဆိုတော့ ဘယ်လိုမှ မမှီ နိုင်ဘူး လေ။ အဲဒါ ကြောင့်ပါ။” ဟု ဆိုပါသည်။

ယခင် သတ်မှတ် ရက်သည် ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၀)ရက်နေ့ ဖြစ်သည့် အတွက် အချိန် တပတ်အတွင်း လုပ် ငန်းများ အပြီးဆောင်ရွက် နိုင်ချေ မရှိသော ကြောင့် ဟု ဆိုပါသည်။ ညီလာခံ ဖြစ် မြောက်ရေး အဖွဲ့သည် လိုင်ဇာ ၏ ပထမအကြိမ် ညီလာခံသို့ တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် (၁၈) ဖွဲ့နှင့် ထပ်မံ ဖိတ်ကြား သင့် သော အဖွဲ့များကို ဖိတ်ကြား ရန် ရှိသည်ဟု ဆိုပါသည်။

အထူး သဖြင့် ညီလာခံ သို့ တက် ရောက်နိုင်ရန် ပြင်ဆင် ချိန်လိုအပ် နေသော အဖွဲ့အစည်းများ အတွက် လည်း ရည် ရွယ်ခဲ့ ကြောင်း ဆိုပါသည်။ အထူး သဖြင့် သွားလာရေး အခက်အခဲ ဖြစ်နေသော ၀ပြည် သွေးစည်း ညီညွတ် ရေးပါတီ (UWSP) ကဲ့သို့ အဖွဲ့ အစည်း များအတွက် အချိန်ပေး လိုခြင်းလည်း ဖြစ်ဖွယ်ရှိပါသည်။

ထို့အပြင် ညီလာခံ မကျင်းပခင် စပ်ကြား၌ တိုင်းရင်းသား တို့၏ တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်း ရေး အ ဖွဲ့ (NCCT) အဖွဲ့နှင့် အစိုးရ MPC တို့ ကြား အလွတ် သဘော တွေ့ဆုံရန်လည်း ရှိ သေးကြောင်း NCCT အဖွဲ့ တာ ၀န်ခံ နိုင်ဟံသာက ဆိုပါသည်။

ယခင် သတ်မှတ် ထားသည့် ဒီဇင်ဘာ (၁၈) ရက်နေ့ ရက်ချိန်းသည် ညီလာခံ ကိုယ်စားလှယ် များ၏ ခရီး စဉ် ပြင် ဆင်ချိန် ပါ အခက် အခဲ ဖြစ်ခဲ့ကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ဒုတိယ အကြိမ် ညီလာခံ ကျင်းပမည့် ရက်သတ် မှတ်မှု ကို ရွှေ့ဆိုင်းခြင်း ဖြစ်ပါသည်။

ကိုယ်စား လှယ် ပေါင်း တရာကျော် ခန့်မှန်း ထားပြီး၊ လူမှုအဖွဲ့အစည်း (CBO) များ မပါဝင် ဟု ဆိုပါသည်။ ယခု ကျင်း ပ မည့် တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံကို ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇)နယ်မြေ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နယ်စပ် လေးဝါးခေါ် လောခီးလာစခန်း၌ ကျင်းပ မည်ဖြစ် ပါ သည်။

ပထမ အကြိမ် ကိုမူ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့ မှ နိုဝင်ဘာ ၂ရက် နေ့အထိ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် ဖြစ်သော လိုင်ဇာမြို့တွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင်များ နှင့် အစိုးရ ကြား တစ်နိုင် ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ဆွေးနွေး ခဲ့ကြပါသည်။

No comments: