Saturday, December 7, 2013

မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဝင်လူငယ်များနှင့် တွေ့ဆုံ

ဖြိုး

ပါတီမှပေးအပ်သည့်တာဝန်ကို အကျိုးရှိစွာ အသုံးချရန် တိုက်တွန်း

ပါတီဝင်လူငယ်များ ပေးအပ်သည့်တာဝန်ကို ပြည်သူလူထုအတွက် အကျိုးရှိရှိ အသုံးချဖို့ လိုအပ်သည်ဟု ဒီဇင်ဘာ ၅ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့ နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်တို့မှ ပါတီဝင် လူငယ်တွေ့ဆုံပွဲ အခမ်းအနားတွင် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်က ပြောသည်။

“လူငယ်တွေမှာ စွမ်းအားအပြည့်ရှိတယ်၊ လူငယ်တွေပါဝင်တဲ့အစုအဖွဲ့အတွက်၊ အဲဒီအစုအဖွဲ့ပါဝင်တဲ့ နိုင်ငံ အတွက် အကျိုးရှိမယ့် အခြေအနေမျိုးဖြစ်လာနိုင်ဖွယ် ရှိပါတယ်၊ ဒီတွေ့ဆုံပွဲကနေ ပေးအပ်လိုက်တဲ့ တာဝန် တွေကို ပြည်သူလူထုအတွက် အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါတယ်”ဟု ဦးရဲမြင့်က ပြောသည်။

ပါတီအတွင်းရှိ လူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်သွားရန် လိုအပ်ပြီး ယခုတွေ့ဆုံပွဲတွင် ပေးအပ်ခဲ့သည့်တာဝန်များကိုလည်း မိမိပါတီအတွက်၊ နိုင်ငံအတွက် လှုပ်ရှားဆောင်ရွက် ကြရန် မှာကြားသည်။

“ဒီအခန်းထဲမှာတင် ပြီးမြောက်သွားမှာ မဟုတ်ပါဘူး၊ ဒီနေ့လူငယ်တွေဟာ အနာဂတ်ကို ပိုင်ပါတယ်၊ လူငယ် တွေရဲ့လှုပ်ရှားမှုတွေ ယုံကြည်ချက်၊ ခံယူချက်တွေကို အားပေးချီးမြှောက်ရမှာပါ”ဟု ဆိုသည်။

တွေ့ဆုံပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးများ၊ သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ တက်ရောက်ကြသည်။

No comments: